Chapter(86)

368 43 0
                                    

မီးတောက်ဝါကျောက်တုံး!

လွန်ခဲ့သည့်ရက်အနည်းငယ်က ဝေ့လင်းရွှမ်သည် လီတျန်းမင်သည် သူမ၏မွေးချင်းတစ်ယောက်ဟူသည်အား အံ့အားသင့်ခြင်းများနှင့်အတူ လက်ခံပေးခဲ့ရပြီးဖြစ်သည်။ သို့သော် ယခုအချိန်၌ သူမ၏စိတ်ဆိုးဒေါသထွက်နေသည့်မျတ်နှာမှာ ထိုအချိန်ကထက်ပိုနေပေသည်။ 

ထိုစဥ်လီတျန်းမင်ကပြုံးလိုက်ကာ "နင့်ကိုယ်နင်လည်းပြန်ကြည့်အုံး။ အရင်နေ့က နင်သရုပ်ဆောင်တာနဲ့ယှဥ်လိုက်ရင် အခုက တစ်ကယ်အံ့သြနေပုံပဲ။"

ထိုအခါ ဝေ့လင်းရွှမ်က ဒေါသကြောင့် စကားပြောမထွက်တော့ချေ။ သူမအားဒေါသပိုထွက်စေသည်မှာ သူမ၏ပတ်ဝန်းကျင်၌ ထူးဆန်းသည့်ရနံ့တစ်ခုရှိနေကာ ထိုအနံ့သည် သူမအဝတ်အစား၏စိုရွှဲနေသောနေရာထံမှလာသည့်ပုံပင်။

"လီတျန်းမင်...မင်းသေရမယ်။ မင်းသေကိုသေရမယ်ကွ။ ငါပြောတာ ကြားလား" ဝေ့ချင်းရီက ပို၍ပင်ဒေါသထွက်သွား၏။ သူ၏ဝမ်းဗိုက်ထဲမှ ပူလောင်နာကျင်ခြင်းနှင့် မအောင့်နိုင်တော့ပဲသေးထွက်ကျကာ ရှုံးနိမ့်ခဲ့ရသည်အား ပြန်တွေးမိလိုက်သည်။ ဤတိုက်ပွဲသည် သူ့အား နောင်နှစ်ပေါင်းများစွာအထိအမှတ်ရနေစေမည်ဖြစ်လေရာ သူ့အားသက်လိုက်သည်ကပင် ပို၍ကောင်းချေမည်။ သူ့အား ဤကဲ့သို့အရှက်ကွဲစေသူမှာလည်း လီတျန်းမင်ဖြစ်နေခဲ့သည်။ 

“လင်မင်းသမီးရဲ့အကူအညီနဲ့တောင်မှ သူငါ့ကို အနိုင်ယူဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။  ဒါက အစစ်အမှန် မဖြစ်နိုင်ဘူး။  ငါ့ရဲ့အသက်သားရဲကိုတောင် ငါမထုတ်ရသေးဘူး။ ပွဲမပြီးသေးဘူး" ဝေ့ချင်းရီသည် ကောင်းကင်သားရဲတွင်း၌ သူ၏ရှုံးနိမ့်မှုသတင်းပျံ့နှံ့သွားပါက မည်ကဲ့သို့ဖြစ်လာမည်အား တွေးတော့ရင်း ကိုယ့်ကိုကိုယ်နှစ်သိမ့်လိုက်လေ၏။

ထို့နောက် ဝေ့ချင်းရီသည် လီတျန်းမင်အား ကျိန်ဆဲလိုက်ရင်း သူ၏အသက်သားရဲအားခေါ်ထုတ်လိုက်လေ၏။ ထို့နောက်ကြီးမားသည့် ရွှေရောင်ငှက်တစ်ကောင်သည် လေထဲသို့ပျံတက်သွားကာ ၎င်း၏ ခန္ဓာကိုယ်အား တောက်ပနေသော ရွှေရောင်သားမွေးများဖြင့်ဖုံးအုပ်ထားသည်။  ၎င်း၏ အမွေးများသည် ဓားမြှောင်များနှင့်တူနေသော်လည်း ၎င်းတွင်ရှိသော အတောင်ခြောက်ခုနှင့်ယှဥ်လျှင် အံ့သြစရာမဟုတ်တော့ချေ။ ၎င်းတို့တစ်ခုစီသည် နေအောက်၌ တောက်ပနေသော ရွှေရောင်ဓားသွားများနှင့်တူနေ၏။

သားရဲခေတ်၏အရှင်သခင် Vol.1حيث تعيش القصص. اكتشف الآن