Chapter(67)

389 47 0
                                    

မူချင်းချင်း၏ စိတ်ထဲတွင် မည်သည့်အရာများဖြစ်နေကြောင်း နှင့် လီတျန်းမင်အားမည်မျှအထိသက်ချင်နေကြောင်း မည်သူကမှသိနိုင်မည်မဟုတ်ချေ။ သူမထံသို့ ပျံသန်းလာသည့် လင်းရှောင်းရှောင်း၏ ပုဆိန်ကြီးမှာ တိုက်ဆိုင်မှုမဟုတ်ပဲ လီတျန်းမင်၏စစ်ကြေငြာချက်ဖြစ်လေ၏။

"ညီမသိသွားပြီ။ အစ်မကြီးချင်းချင်း...ဒီနေ့ ညီမသူ့ကိုအနိုင်မယူနိုင်ပေမယ့် တစ်နေ့ကျရင် ညီမကသူ့ထက်သန်မာလာလိမ့်မယ်။ အဲ့ဒီအခါကျ သူညီမကိုစိန်ခေါ်နိုင်တော့မှာမဟုတ်ဘူး။ " လင်းရှောင်းရှောင်းသည် နောက်ဆုံး၌ ယုံကြည်မှုများပြန်လည်ရရှိလာခဲ့သည်။

"အဲဒီနေ့ကို ငါမျှော်နေမယ်။"

လင်းရှောင်းရှောင်းသည် မူချင်းချင်းနှင့် စကားပြောနေစဉ်တွင် စိတ်အနှောက်အယှက်ဖြစ်စေသော ထိုလူသည် သူတို့ဆီသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။ သူသည် အဓိကတပည့်ဖြစ်နေပြီမဟုတ်လော။ ဘာပြောစရာရှိနေသေးသနည်း။

လင်းရှောင်းရှောင်းသည် လီတျန်းမင်လာရှာသည့်သူမှာ သူမ မဟုတ်ကြောင်း စိတ်ရှုပ်ထွေးနေသည့် မူချင်းချင်း၏မျတ်နှာအားကြည့်ကာသိလိုက်သည်။

သူမ မူချင်းချင်းနှင့်ရင်းနှီးခဲ့သည်မှာ သုံးနှစ်ရှိလေပြီ။ ထိုအချိန်အတောအတွင်း သူမသည် ပို၍ရင့်ကျတ်လာကာ ချစ်စရာကောင်းလာခဲ့၏။ 

"တင်ဒီမှာဘာလုပ်တာလဲ။  နင့်ထက်ငါးနှစ်ငယ်တဲ့ကလေးတစ်ယောက်ကို ရိုက်နှက်ခဲ့တာအတွက် လာပြီးကြွားလုံးထုတ်စရာမလိုဘူးမလား” ဟု မူချင်းချင်းကပြောလိုက်၏။

"ဘယ်ဟုတ်ပါ့မလဲ။ ပွဲမစခင်က  မင်းလုပ်ခဲ့တဲ့ပုံစံအတိုင်း ငါ့ကို ချီးကျူးနေသေးလားဆိုတာသိရဖို့ငါလာတာပါ" ဟု လီတျန်းမင်က ပြန်ဖြေလိုက်၏။

မူချင်းချင်းကသာ သူပြောခဲ့သည့်စကား၏ နောက်ကွယ်မှ လျှို့ဝှက်ထားသော အဓိပ္ပါယ်များကို နားလည်နိုင်မည်ဖြစ်သည်။

"နင်မရှက်ဘူးလား။ အစ်မကြီးချင်းချင်းက နင်လုပ်ခဲ့တာတွေအတွက်ခွင့်လွတ်ပေးတဲ့အထိ ကြင်နာခဲ့ပေမယ့် နင်ကတော့ယင်ကောင်တစ်ကောင်လိုလိုက်ပြီးစိတ်အနှောင့်အယှက်ပေးနေတုန်းပဲ။ ငါ့ရဲ့အစ်ကိုကြီးသာ တံခါးပိတ်ကျင့်ကြံနေရာကနေပြန်ထွက်လာခဲ့ရင် နင်သေလိမ့်မယ်" လင်းရှောင်းရှောင်းမှာပေါက်ကွဲသွားခဲ့၏။ သူမသည် အမှန်တရားအား မသိသောကြောင့် သူတို့၏အတွေးများအား နားမလည်နိုင်ပေ။

သားရဲခေတ်၏အရှင်သခင် Vol.1Nơi câu chuyện tồn tại. Hãy khám phá bây giờ