Chapter(87) B

322 46 0
                                    

"ချင်းရီ....ပြိုင်ငြင်းမနေနဲ့တော့။ တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုးပဲ။ အရှုံးသမားတွေက တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းချင်နေတယ်ဆိုရင် သူတို့ကို ငါတို့က ဘာလို့တားဆီးနေရမှာလဲ" ေဝ့လင်းရွှမ်ကဝင်ပြောလိုက်၏။

"ဟုတ်​ကဲ့ အစ်မရွှမ်" ဝေ့ချင်းရီက ဒေါသတကြီးအံကြိတ်ကာပြောလိုက်၏။

ဝေ့လင်းရွှမ်ကမူ သူမ၏မျတ်ခုံးများအားပင့်လိုက်၏။ သူမသည် လီတျန်းမင်အား ဤသို့ အလွယ်တကူလွှတ်မပေးလိုက်ချင်ချေ။  သို့သော် မီးတောက်ဝါစေတီသည် သူမလုပ်ချင်တိုင် လုပ်လို့ရသည်နေရာမဟုတ်ချေ။ ထို့ကြောင့် အသံအားနှိမ့်ကာ လီတျန်းမင်အား ကြိမ်းမောင်းလိုက်၏။

"နင့်အမေနဲ့တွေ့ဖို့ ဝေ့အိမ်တော်ကို ပြန်လာဖို့ မစဉ်းစားနဲ့။  ဒီလိုမှမဟုတ်ရင်တော့ နင့်ရဲ့ကိုယ်လက်အင်္ဂါတွေကမစုံလင်တော့ပဲ ပြန်သွားရလိမ့်မယ်"

“မှန်တယ်၊ မင်းရဲ့အရှက်မဲ့တဲ့ မျက်နှာကို ငါတို့ မမြင်ရတာကပိုကောင်းလိမ့်မယ် လီတျန်းမင်။ မိန်းမထမိနားခိုးစားနေတဲ့ကောင်...ထွီ" ဝေ့ချင်းရီက ဆက်ပြောသည်။  သူတို့နှစ်ယောက်သည် လီတျန်းမင်အားအသက်ရှူကြပ်စေရန် ခြိမ်းခြောက်လိုက်လေ၏။

“တောခွေးတစ်ကောင်လို ဘယ်ကောင်က လူရှေ့သူရှေ့ မှာ သေးပေါက်ချထားတာလဲမသိဘူးကွာ။ အိုက်ယား...သေးနံ့ သင်းသင်းလေးတောင်လေထဲမှာရနေသလိုပဲ" လီတျန်းမင်က ပုခုံးတွန့်ကာပြောလိုက်၏။ သူ၏မျတ်နှာ၌မူ အပြုံးတစ်ခုကရှိနေလေ၏။

ထိုအခါ ဝေ့ချင်းရီ၏ခန္ဓာကိုယ်မှာ သိသိသာသာတုန်ခါသွားလေ၏။ သူ၏ဘောင်းဘီအား လဲဝတ်ထားကာ သေးနံ့များပျောက်အောင်လုပ်ထားသော်လည်း လီတျန်းမင်ကသူ့အားလှောင်ပြောင်နေသောကြောင့် လီတျန်းမင်၏မျတ်နှာအားဆွဲဖြုတ်ချင်လောက်အောင်ပင်ဒေါသထွက်သွားလေ၏။

“စိတ်ကိုထိန်း” ဝေ့လင်းရွှမ်သည် ဝေ့ချင်းရီအားကျောပေး၍ လီတျန်းမင်ဘက်သို့လှည့်ကာ "လီတျန်းမင်....နင်ကလေ သေချာပေါက်ကို နင့်အမေနဲ့တူတယ်သိလား။ သူမက အဖိုးရဲ့စကားကိုနားမထောင်ပဲ ဒေါသထွက်အောင်လုပ်ပြီး အိမ်တော်ကိုစွန့်ပစ်သွားခဲ့တယ်။ ပြီးတော့ အနှစ်နှစ်ဆယ်ကြာအောင် အိမ်တော်ကိုအဆက်အသွယ်မလုပ်ခဲ့ဘူး။ နင့်အမေက အသက်ဓာတ်ကုန်ဆုံးတာကို တစ်ကယ်ကို ခံစားရသင့်တယ်။  နင်လည်း သူမကို မိုးရေစံအိမ်ဆီသွားတွေ့နိုင်ဖို့မစဥ်းစားနဲ့။ နင် ဝေ့အိမ်တော်နားကပ်ရင်တောင် နင့်ရဲ့ခြေထောက်တွေကိုချိုးပစ်မယ်။"

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora