Chapter(136)

270 28 0
                                    

လျှပ်စီးစွမ်းအင်!

ရှေးဦးပရမ်းပတာမိုးကြိုးမိစ္ဆာပေါက်ဖွားလာခြင်းသည် အခြားအရာများထက်ပို၍ဆန်းကြယ်သောမြင်ကွင်းတစ်ခုဖြစ်လေ၏။ မိုးကြိုးများသည် ရေကန်၏ ထောင့်တိုင်းသို့ ကောင်းကင်အပြစ်ဒဏ်ကဲ့သို့ရိုက်ခက်သွားကာ ရှေးဟောင်းစစ်မြေပြင်၌အဆုံးမရှိတိမ်မည်းပင်လယ်ကြီးအားဆင့်ခေါ်ခဲ့သည်။

ထိုတိမ်ပင်လယ်၏ဗဟို၌ မူချင်းချင်းသည် မသေပဲကျန်နေခဲ့၏။ လီတျန်းမင်ကသာ သူမအား လွယ်လွယ်နှင့်သေစေချင်လျှင် မူချင်းချင်းသည် ပြာပုံအဖြစ်လွင့်မျှောသွားသည်မှာ ကြာပြီဖြစ်လေ၏။

ဤသည်မှာ ရင်ဟောင်၏စကားအတိုင်းဖြစ်ပေါ်လာသည့် ဖြစ်စဥ်တစ်ခုပင်။ ထို ရှေးဦးပရမ်းပတာမိုးကြိုးမိစ္ဆာသည် ၄င်း၏ဥပေါ်၌ အက်ရာများစွာရှိနေသော်လည်း အကောင်မပေါက်လာသေးခြင်းမှာ ပျင်းရိနေ၍မဟုတ်ပဲ အခြားသော ရှေးဦးပျက်စီးခြင်းသားရဲများမွေးဖွားလာရန် သီးခြားအခြေအနေများ လိုအပ်သောကြောင့်ဖြစ်လေ၏။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း၌ လီတျန်းမင်သည် သူတို့၏ဒုတိယညီလေးရှိသောအသက်နယ်မြေအတွင်း၌ ဆူညံသံများပိုဖြစ်လာတက်သဖြင့် ထိုအကြောင်းအားကြက်ကလေးနှင့်ဆွေးနွေးခဲ့ပြီးဖြစ်လေ၏။

"ရှေးဦးပျက်စီးခြင်းသားရဲဆယ်ကောင်က မင်းရဲ့အသက်သားရဲတွေအဖြစ်နဲ့ ဘာလိုအသက်နယ်မြေထဲပေါ်လာရသလဲဆိုတာတော့ငါမသိဘူး။ ဒါပေမယ့် ငါတို့အားလုံးကမင်းနဲ့ချိတ်ဆက်ပြီးကျင့်ကြံကြရမှာပဲ။ ငါကပထမဆုံးအကောင်ပေါက်လာပေမယ့် အဲ့ဒီအချိန်မှာ မင်းကလည်းအစကနေပြန်ကျင့်ကြံခဲ့တာမလား။ အဲ့ဒါကြောင့် ငါတို့နှစ်ယောက်အတွက်ကျင့်ကြံတာကတော်တော်လွယ်ခဲ့တယ်။ ဒါပေမယ့် အခုကစပြီး မလွယ်တော့ဘူး။ ငါတို့က ချိတ်ဆက်ကျင့်ကြံတာမှာ ဝိဉာဥ်အရင်းအမြစ်အဆင့်ငါးကိုတောင်ရောက်နေပြီလေ။" ဟု ကြက်ကလေးက ရှင်းပြသည်။

“ဒါဆို နံပါတ်နှစ်ညီလေးမွေးတဲ့အခါ ငါကဘာဖြစ်သွားမလဲ။ ငါက တခြားအမြွာသားရဲသခင်တွေနဲ့ ဘယ်လိုကွာခြားသွားမလဲ။ ငါသိထားတဲ့အတိုင်းဆိုရင်တော့ သူတို့ရဲ့သားရဲတွေက အမြဲတမ်းလိုလို တစ်ချိန်တည်းမှာပဲ အကောင်ပေါက်လာတတ်တယ်လေ"

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now