သားရဲခေတ်၏အရှင်သခင် Chapter(3)

718 79 3
                                    

လူရွေးမှားရင်ဘဝပျက်လိမ့်မယ်!


လီတျန်းမင်၏ဖခင်လီရန်ဖန်းသည် မီးကောင်းကင်မြို့၏မြို့စားဖြစ်ပြီးမိခင်ဝေ့ကျင်းသည်မြို့စားမဖြစ်သည်။သူတို့သားအမိနှစ်ယောက်လုံးသည် မိုးရေစံအိမ်၌နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြသည်။ထို့ကြောင့်မြို့စားစံအိမ်၌ဝေ့ကျင်း၏အဆင့်အတန်းသည်အလွန်ပင်ခမ်းနားခဲ့၏။

တစ်ဆင့်စကားများမှတစ်ဆင့် ဝေ့ကျင်းသည် ငယ်ရွယ်စဥ်၌ ပါရမီနှင့်အလှတရားနှစ်ခုစလုံးဖြင့်ပြည့်စုံကာ တိုင်းပြည်တစ်ခုလုံး၏အလှမယ်ပင်ဖြစ်ခဲ့ဖူးကြောင်းလီတျန်းမင်ကြားဖူးသည်။ထိုအချိန်က သူမသည် အလွန်အထင်ကြီးစရာဖြစ်ခဲ့ကာ နောက်ဆုံးတွင် သူ၏အဖေနှင့်လက်ထပ်ခဲ့သည်။

သို့သော်လည်း ဝေကျင်းသည်လီတျန်းမင်အားမွေးဖွားပြီးနောက်တွင် သူမသည် ထူးဆန်းသောရောဂါတစ်ခုအား ခံစားခဲ့ရသည်။၎င်းသည် သူမနှင့် သူမ၏အသက်သားရဲတို့အား အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာစေခဲ့၏။ယနေ့၌ သူမသည် အသက်လေးဆယ်သာရှိသေးသော်လည်း သူမ၏ဦးခေါင်း၌ဆံပင်ဖြူများဖြင့်ပြည့်နှက်နေကာ သေမင်း၏တံခါးဝ၌ရောက်ရှိနေသကဲ့သို့ထင်ရသည်။သို့သော် သူမ၏မျတ်နှာ၌ယခင်အချိန်ကတင့်တယ်လှပမှုများသည်ရှိနေဆဲပင်။

သူမ၏သားကဲ့သို့ သူမ၏အသက်သားရဲသည် အတောင်ပံလေးခုရွှေရောင်လင်းယုန်ဖြစ်လေ၏။ထိုရွှေရောင်လင်းယုန်ကြီးသည်လည်းအမွှေးများကျွတ်လာကာလှုပ်ရှားမှုများလည်းနှေးကွေးသွားခဲ့လေ၏။တစ်ခါတစ်ရံ၌လှုပ်ရှားမှုပင်မလုပ်နိုင်ချေ။အသက်သားရဲတစ်ကောင်သည်သခင်နှင့်အတူနေမကောင်းဖြစ်ကြသည်မှာရှားပါးလေ၏။ဝေ့ကျင်းသည် ဝေးလံလှသောဒေသများအထိခရီးထွက်ကာသူမ၏ရောဂါအားကုသနိုင်သည့်နည်းလမ်းများအားရှာဖွေခဲ့သော်လည်းမတွေ့ခဲ့ချေ။ဤအတိုင်းသာဆိုလျှင် ဝေ့ကျင်းသည်တစ်နှစ်ခွဲအတွင်းအသက်ကြီးလာကာသေဆုံးသွားမည်ဖြစ်လေ၏။ 

ဝေ့ကျင်းနှင့်လီတျန်းမင်တို့သည် မိုရေစံအိမ်မှအပြင်ထွက်သည်မှာရှားပါးသည်။ထို့ကြောင့် လီတျန်းမင်သည်သူ၏အမေမွေးနေ့၌တစ်ယောက်ယောက်ကအိမ်ထဲသို့ဝင်လာလိမ့်မည်ဟုမထင်ထားခဲ့ချေ။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora