သားရဲခေတ်၏အရှင်သခင် Chapter(29) A

475 58 0
                                    

မရပ်တန့်နိုင်သော!

" ဟေ့...ပျံလွှားလေး...မင်းကအထီးလားအမလား"ကြက်ကလေးက တပ်မက်စိတ်အပြည့်ဖြင့်ခုန်ထွက်သွားသည်။ ထို့နောက် သူ၏ဧရာမအားကြီးဖြင့် ပျံလွှားအားဖမ်းချုပ်ကာ အမွှေးများကျွတ်သွားသည့်အထိ ထိုးဆိတ်လိုက်သည်။
  
" အား....မစ်ရှင်းကျဆုံးသွားပြန်ပြီကွာ။ချီးပဲ...နောက်ထပ်အထီးတစ်ကောင်ဟ " ကြက်ကလေးဒေါသထွက်သွားသည်။ သားရဲသွေးကြောအဆင့်ခုနှစ် မုန်တိုင်းပျံလွှားကမူ အထိုးအဆိတ်ခံနေရင်း ကပြကာအသုံးတော်ခံနေသည်။ အခြားအသက်သားရဲများက ဝင်မကူနိုင်ခင်မှာပဲ ၎င်း၏ ခန္တာကိုယ်တစ်ခုလုံးသည် ဒဏ်ရာအပေါက်များဖြင့်ပြည့်နေပြီဖြစ်သည်။ ထို့နောက် ၎င်းသည်သနားစဖွယ်အော်ဟစ်ကာ ပျံ၍ပြေးလေ၏။
    
၎င်း၏သခင်သည် ချောမောသောမျက်နှာနှင့်လူငယ်ဖြစ်သည်။ သူသည် လေများ၏ ကောင်းချီးပေးခံသားတော်အလား ပတ်ဝန်းကျင်ရှိ လေပြင်းများအား ထိန်းချုပ်နေသည်။
     
" သေစမ်း။လီတျန်းမင် " ထိုလူငယ်လေးသည် ဓားရှည်အားကိုင်ထားကာ ပြိုင်ဘက်ကင်းလောက်အောင် ကြည့်ကောင်းနေသည်။ သူ၏ ဓားချက်များသည် မိုးသက်မုန်တိုင်းများပမာပြင်းထန်သည်။ သို့သော်လည်း ၎င်းတို့က မည်မျှပြင်းထန်စေကာမူ လီတျန်းမင်ကမမှုချေ။ သူ့အတွက် သားရဲသွေးကြောနှစ်ဆင့်မြင့်သော ပြိုင်ဘက်အား တိုက်ခိုက်ရခြင်းသည် ပြဿနာမဟုတ်ပေ။
    
လီတျန်းမင်မှာ ဓားကွက်ထဲသို့အတင်းဝင်သွားကာ ဓားရှည်အား သူ၏ဘယ်လက်ဖြင့်ဖမ်းချုပ်လိုက်သည်။
     
" မဖြစ်နိုင်ဘူး "လူငယ်လေး၏ မျက်နှာတွင် ဓားရှည်ကလှုပ်မရအောင် ချုပ်ခံလိုက်ရခြင်းကြောင့် မယုံကြည်နိုင်ဟန်အမူအရာ များပေါ်လာသည်။
    
" ဖူး... " နောက်အခိုက်အတန့်တွင် လူငယ်လေး၏ မျက်နှာမှာရိုက်နှက်ခြင်းခံလိုက်ရကာ ရွှင်ပျော်ပျော်တည်းခိုဆောင်၏ သုံးထပ်ဆောင်အရှေ့ရှိလမ်းပေါ်သို့ပြုတ်ကျသွားသည်။ သို့သော်လည်းပြုတ်မကျခင်မှာပင် သူ၏မိဘများက ဆီး၍ဖမ်းလိုက်သဖြင့် ဆိုးရွားသောကံကြမ္မာမှ လွတ်သွားခဲ့သည်။ လျှပ်စီးအိမ်တော်မှ ကျွမ်းကျင်သူနှစ်ယောက်၏ မျက်နှာများမှာတင်းမာသွားသော်လည်း သူတို့ ဘာမျှမတက်နိုင်ပေ။ အဘယ့်ကြောင့် လီရန်ဖန်း၏ သားက ဤမျှထိသန်မာနေရသနည်။
     
လီတျန်းမင်တွင် သားရဲသွေးကြောအဆင့်ခုနှစ်၏အင်အားသာ ရှိသည်ဟု လီဇီဖန်းမပြောခဲ့သလော။ သူတို့သည်လီဇီဖန်းအား ဒေါသတကြီးလှမ်းကြည့်လိုက်ကြသည်။ ထိုအကောင်သည် သူတို့အားရှုပ်နေသည်လော။ ထို့နောက်သူတို့ပြန်လှည့်ကြည့်လိုက်သောအခါ လီတျန်းမင်မှာ ၎င်း၏ တစ်ဖက်သတ်အနိုင်ကျင့်သည့်တိုက်ပွဲအား ဆက်တိုက်နေလေ၏။
     
" ဒီတော့ မင်းတို့လျှပ်စီးအိမ်တော်က ပါရမီရှင်တွေက ဒီလောက်ပဲသန်မာတယ်ဟုတလား " လီတျန်းမင်၏ လှောင်ပြောင်သံမှာ ဧရိယာတစ်ခုလုံးသို့ ဖုံးလွှမ်းသွားသည်။
    
ကျန်ရှိသည့်ငါးယောက်မှာ ဆက်မတိုက်ရဲတော့ချေ။ သူတို့သည် လီတျန်းမင်မှာ လွယ်လွယ်အနိုင်ကျင့်၍မရဟု သိလိုက်သည့်အခါတွင်မူ နောက်ကျသွားပြီဖြစ်သည်။ အဆင့်ကိုး လျူချင်းယန်မှလွဲ၍ ကျန်သူများမှာ အဆင့်ရှစ်သုံးယောက်နှင့် အဆင့်ခုနှစ်နှစ်ယောက်ဖြစ်သည်။
   
ကောင်မလေးသည် ကျန်းဇီရွှမ်း၏ ဒဏ်ရာအားတစ်ချက်ကြည့်ပြီးနောက်ပြောလိုက် သည်။

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now