သားရဲခေတ်၏အရှင်သခင် Chapter(38)

437 49 0
                                    

မီးတောက်ဝါလေ့ကျင့်ကွင်း

မီးတောက်ဝါမျိုးဆက်ကျောင်းတော်သည် သားရဲသခင်များအတွက် ဟသ်သာပြဒါးနိုင်ငံတစ်ခုလုံး၌ နာမည်အကြီးဆုံးကျောင်းဖြစ်ကာ နိုင်ငံတော်ထက်ပင်ပို၍သမိုင်းကြောင်းရှည်လျှားသည်။  သင်ယူခြင်းနှင့်ကျင့်ကြံခြင်များအတွက်ကောင်းမွန်သော နေရာတစ်ခုသာမက ခွန်အားနှင့်ပါရမဖိများ၏သင်္ကေတတစ်ခုလည်းဖြစ်သည်။ လီတျန်းမင်သိထားသည်မှာ လျှပ်စီးအိမ်တော်၊ ရှင်းနှင့်ချန်းကုန်သည်အစည်းအရုံးနှင့် ဟသ်သာငှက်ကလန်ကဲ့သို့သော စွမ်းအားကြီးမားသည့်အဖွဲ့အစည်းများပင် ကျောင်းတော်အားဦးညွှတ်ရလေ၏။

နိုင်ငံ၏သမိုင်းတစ်လျှောက်တွင် မရေမတွက်နိုင်သော မင်းသားများနှင့် မင်းသမီးများသည် ၎င်းတို့၏ ငယ်ရွယ်မှုအား ကျောင်းတော်၌ ကုန်ဆုံးခဲ့ကြသည်။  လမ်းများပေါ်ရှိ ကောလဟာလများအရ ကျောင်းတော်၏နောက်ခံမှာ လူတစ်ယောက်၏စိတ်ကူးစိတ်သန်းထက်ပင်ကျော်လွန်နေသောကြောင့်အလွန်ပင်သြဇာလွှမ်းမိုးမှုရှိလေ၏။ ထို့အပြင် ကျောင်းတော်၏စစ်မှန်သောအုပ်ချုပ်သူမှာ ကောင်းကင်သားရဲတွင်းဖြစ်မည်ဟုပင်သတင်းများထွက်နေလေ၏။

ပြောစရာမလိုအောင်ပင် ကျောင်းတော်သည် ဟင်္သါပြဒါးနိုင်ငံ၌ အဆုံးမရှိသော သားရဲသခင်မျိုးဆက်များအားမွေးထုတ်ပေးခဲ့သည်။ ၎င်းသည် မြို့တော် မြောက်ပိုင်းခရိုင်၏ တစ်ဝက်နီးပါးအား သိမ်းပိုက်ထားကာ ၎င်း၏အတိုင်းအတာသည် တော်ဝင်နန်းတော်ထက်ပင် ကြီးမားသည်။

ယနေ့သည် လေးနှစ်တစ်ကြိမ် ဝင်ခွင့်စာမေးပွဲဖြေသည့်နေ့ဖြစ်ကာ လီတျန်းမင်သည် ထိုနေရာသို့ မိုးသောက်ချိန်၌ရောက်လာခဲ့သည်။

“ဒါက အဆင့်သက်မှတ်တာမဟုတ်ပဲ ဝင်ခွင့်စာမေးပွဲ သက်သက်ဖြစ်တာတောင် လူကတော်တော်များနေပြီ။ လွန်ခဲ့တဲ့ လေးနှစ်တုန်းကတောင် ဒီလောက်လူမစည်ဘူး"

ဤနေရာတွင်စောင့်ဆိုင်းနေသည်မှာ မီးတောက်ဝါအမိန့်ပိုင်ရှင်များသာမက ထိုသူတို့၏မိဘများနှင့်ကျေးကျွန်များစွာလည်းပါဝင်ကြသည်။  လက်ရှိ ကျင့်ကြံသူ အရေအတွက် များပြားနေခြင်းသည် လောင်မီးမြို့၏ သန်မာမှုနှင့်ကြွယ်ဝမှုတို့အယးမီးမောင်းထိုးပြနေလေ၏။

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now