သားရဲခေတ်၏အရှင်သခင် Chapter(56)

395 49 0
                                    

"လီတျန်းမင်..ရမှတ် ၄၈၀၊အဆင့် ၅၇၅။"  လီတျန်းမင်သည်ပဏာမအဆင့်သတ်မှတ်ချက်ကိုလျင်မြန်စွာထုတ်ပြန်လိုက်သော မီးတောက်ဝါအဆင့်ဇယားအားကြည့်ကာရယ်မလိုငိုရမလိုဖြစ်သွား၏။ သူသည် လျူချင်းယန်အား တစ်ချက်တည်းဖြင့်ပွဲသိမ်းလိုက်သောကြောင့် သူ၏ခွန်အားကိုထုတ်ပြရန်အခွင့်အရေးများစွာမရှိခဲ့ချေ။

နည်းပြချုပ်များသည် သူ၏ခွန်အားအကန့်အသက်အားမသိလိုက်ရသောကြောင့် အဆင့်အားရေရေရာရာမသက်မှတ်ပေးနိုင်နေပေ။

"ဘာဖြစ်ဖြစ်ပါ။ နင့်အတွက် ပြိုင်ဘက်ကောင်းတစ်ယောက်ကိုရအောင်စီစဥ်ပေးမယ်။ နင်ကအရမ်းကိုနာမည်ကြီးနေတာဆိုတော့ နင့်ကိုအနိုင်ယူချင်နေတဲ့သူတွေကများတယ်လေ။" ဟု မုဝမ်ကပြောလိုက်၏။

လျူချင်းယန်သည် ပရိတ်သက်၏အာရုံအား လီတျန်းမင်ထံသို့ရောက်ရှိစေခဲ့သည်။  ထိုအရာသည် အပျက်သဘောဆောင်ကာ မဖြစ်သင့်သော်လည်း အကောင်းဘက်မှတွေးကြည့်လျှင် လီတျန်းမင်အားနင်းချေရန်စောင့်ဆိုင်းနေသည့်လူတန်းရှည်ကြီးရှိနေလေသည်။ 

"ဒါကပြဿနာမရှိပါဘူး။ ကျွန်တော့ရဲ့နည်းပြချုပ်ဂုဏ်တက်ဖို့ ဒီကောင်တွေကိုကျွန်တော်ကရိုက်ပေးလိုက်မှာပေါ့" 

“ သေချာလုပ်။ လူတော်တော်များများက နင့်ကို နှိမ့်ချနေကြပြီ။”

စင်မြင့်၏တစ်ဖက်တစ်ချက်တွင် မျတ်နှာမှာဖူးယောင်နေသည့် လျူချင်းယန်က "အစ်မ..ဘာကြောင့်လဲ"

သူ၏မျက်နှာမှာ နာကျင်နေဆဲပင်။

"တပ်ဖွဲ့ခေါင်းဆောင်က လီတျန်းမင်ခက်ခဲအောင်မလုပ်မိစေနဲ့ဆိုပြီးပြောလိုက်တယ်" ဟု လျူချင်းကအသံတိုးတိုးဖြင့်ပြောလိုက်သည်။

တပ်ဖွဲခေါင်းဆောင်မှာ လင်းတျန်ကျန်းပင်ဖြစ်ပေ၏။

ထိုအခါ လျူချင်းယန်ကစိတ်ရှုပ်သွားခဲ့သည်။  "တပ်ဖွဲ့ခေါင်းဆောင်က ဘယ်လိုဖြစ်လို့ ဘာမဟုတ်တဲ့ကောင်ကိုအရေးစိုက်နေရတာပါလိမ့်"

“ မူချင်းချင်က သူ့ရဲ့ဘေးမှာရှိနေတယ်။ တပ်ဖွဲ့ခေါင်းဆောင်က လွန်ခဲ့တဲ့သုံးနှစ်ကအဖြစ်အပျက်တွေအတွက် လီတျန်းမင်ကိုဘယ်လိုလုပ်ချင်လဲဆိုပြီးမူချင်းချင်းကိုမေးလိုက်တာ သူဘာပြန်ဖြေလိုက်လဲ နင်မှန်းကြည့်" လျူချင်း၏အမူအရာမှာအေးစက်နေ၏။ သူမ၏မောင်မှာ စင်ပေါ်၌ တစ်ဖက်သက်အရိုက်ခံလာရသည်ဖြစ်ရာ သူမမည်ကဲ့သို့ပျော်နေနိုင်မည်နည်း။ 

သားရဲခေတ်၏အရှင်သခင် Vol.1Tahanan ng mga kuwento. Tumuklas ngayon