Chapter(108)

306 39 1
                                    

မီးသွေးကြက်ကင်!

“ ရှေးဟောင်းစစ်မြေပြင်ဆိုတာအမှောင်ထုနဲ့သတ်ဖြတ်ခြင်းများနဲ့သာ ပြည့်နှက်နေတဲ့ ငါတို့မီးတောက်တိုက်ကြီးရဲ့ရောင်ပြန်ဟပ်နေတဲ့နေရာလို့ပြောလို့ရတယ်။ ပြီးတော့ အဲ့ဒီကိုဝင်နိုင်တဲ့ဝင်ပေါက်တွေက တိုက်ကြီးတစ်ခုလုံးမှာ မရေမတွက်နိုင်အောင် ရှိနေမယ်လို့ငါထင်တယ်။ သူတော်စင်သားရဲစစ်ဝိဉာဥ်ကိုမင်းရခဲ့တာဟာ အဲ့ဒီနေရာမှာလျှို့ဝှက်ချက်တွေဘယ်လောက်ထိ ဖုံးကွယ်ထားလဲဆိုတာ သက်သေပြနေတယ်။ အဲ့ဒီမှာ စည်းမျဉ်းတွေ ဥပဒေတွေမရှိဘူး။ အဆုံးမဲ့သတ်ဖြတ်မှုနှင့်အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပဲရှိတယ်။ နတ်သုဒ္ဓါတွေ၊ဝိဉာဥ်ကျောက်တုံးတွေ၊ ဝိဉာဥ်ဆေးပင်တွေစသည်ဖြင့်ပေါ့ကွာ။ နောက်ဆုံးတော့၊ ငါတို့တိုက်ကြီးမှာရှိတဲ့ ရတနာတွေက အဲ့ဒီမှာပိုလွယ်လွယ်ကူကူနဲ့ တူးဖော်တွေ့ရှိနိုင်တယ်။”

သို့သော် ထိုနေရာ၌ ရှေးဟောင်းတိုက်ပွဲကျင်းပမည်အား လီတျန်းမင်သိလိုက်ရသောအခါ လီတျန်းမင်၏ မျှော်လင့်ချက်များကတိုးလာသည်ကို မုယန်မသိခဲ့ပေ။

“ကောင်းပြီ၊ မင်းအမေဆီ သွားလိုက်အုံး။ သတိရပါ၊ သူမကိုစိတ်မပူပါစေနဲ့"  မုယန် က ပြောသည်။

"ဟုတ်ကဲ့ ဦးလေးယန်"

"မင်းတစ်ခုခုမေးစရာရှိရင် မုအိမ်တော်မှာ ငါ့ကိုလာရှာ။ နောက်ရက်အနည်းငယ်အတွင်း မင်းအတွက် တစ်ချို့အရာတွေကို ငါကြိုးစားပြင်ဆင်ပေးမယ်"

"ကျေးဇူးအများကြီးတင်ပါတယ်။"

"မလိုပါဘူး။ ရှင်သန်ခြင်းဟာ မင်းငါ့ကို အကောင်းဆုံးကျေးဇူးပြန်ဆပ်တာပဲ"

“တကယ်ဆိုရင် ကျွန်တော်က ဦးလေးယန်ရဲ့သားဖြစ်လိုက်ရမှာ။ လီယန်ဖန်းနဲ့ ဦးလေးက ကမ္ဘာတွေခြားတဲ့အထိကိုကွဲပြားတယ်လေ" လီတျန်းမင်က ကူရာမဲ့စွာဖြင့် ရယ်မောလိုက်သည်။

ယုတ္တိရှိရှိပြောရလျှင် မုယန်က သူ့အား ဂရုစိုက်ရန်မလိုချေ။ သို့သော်လည်း သူသည် လီတျန်းမင်အား ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး ကောင်းကင်သားရဲတွင်း၌ ခြွင်းချက်မရှိပံ့ပိုးအပေးဆုံးသူဟုပြော၍ရသည်။ လီတျန်းမင်သည် မုယန်အား ကျေးဇူးမဆပ်နိုင်စရာ အကြောင်းမရှိပါချေ။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora