Chapter(126)

281 32 0
                                    

ရှေးဟောင်းတိုက်ပွဲ၌ ဆယ်ခုနှစ်ရက်မြောက်နေ့!

ဆယ့်ငါးရက်ကြာသွားသော်လည်း လီတျန်းမင်သည် ကျန်းချင်လွမ်အားမတွေ့ရချေ။

အခြားရက်များတွင်လည်းအတူတူပင်။

"ဘယ်ကိုရောက်နေကြတာလဲကွာ" လီတျန်းမင်မှာခေါင်းကိုက်နေချေပြီ။  အမှန်အတိုင်းပြောရလျှင် ဤသည်မှာလည သူမျှော်လင့်ထားသည့်အတိုင်း ကြီးမားသောအသူရာနယ်မြေ၌ လူနှစ်ဆယ်မျှသာရှိသောကြောင့် ကောင်းကင်ပုံစံအစီအရင်က ကျုံ့သွားသော်လည်း တစ်ယောက်နှင့်တစ်ယောက်တွေ့နိုင်သည့်အခွင့်အရေးမှာနည်းနေသေးသည်။

အရေးအကြီးဆုံးကမူ လီတျန်းမင်နှင့် ကျန်းဖေးလင်တို့နှစ်ယောက်စလုံးသည် ကျန်းချင်လွမ်အား ရှာမတွေခြင်းပင်။ ထိုအပြာရောင်ငှက်မွှေးမှလွဲ၍ မည်သည့်အရာကိုမှထပ်၍မတွေ့ရသေးချေ။

“အစ်ကိုတို့ သူ့ကိုတွေ့မှာပါ"

"လင်အာတို့က ချင်အာဘေးကင်ပါစေလို့ပဲဆုတောင်းပေးနိုင်မယ်နဲ့တူတယ်" ဟု ကျန်းဖေးလင်က တိုးတိုးလေးပြောလိုက်သည်။

“အဆင်ပြေသွားမှာပါ။  သူမ ကံကောင်းတက်တာပဲလေ။ ပြီးတော့ နောက်နှစ်ရက်လောက်ဆို သူမနဲ့အစ်ကိုတို့တွေ့ရတော့မှာပါ။"  

ထို့နောက် လီတျန်းမင်ကခရီးဆက်လိုက်၏။

"ဒီနေရာကို ဘာလို့ဒီလောက် ရင်းနှီးနေရတာလဲ"  ထိုနေ့မွန်းလွဲပိုင်းတွင် လီတျန်းမင် သည် အနက်ရောင်တောင်ထွတ်တစ်ခုအား ဖြတ်ကာ ကျယ်ပြန့်သော တောင်တန်းကြီးတစ်ခုအားတွေ့လိုက်ရ၏။

"လင်အာ မသိဘူး"

"ငါလည်းမသိဘူး။"

“ဟုတ်ပါတယ် မင်းတို့သိမှာမဟုတ်ဘူး။  ဒီနေရာက သူတော်စင်သားရဲစစ်ဝိဉာဥ်ကိုတွေ့ ခဲ့တဲ့နေရာလေ။" ထိုအချိန်တုန်းက လီတျန်းမင်၏ဘေးတွင် ရင်ဟောင်မရှိသေးသလို ကျန်းဖေးလင်ကိုလည်းမတွေ့ဖူးသေးချေ။

"ဒီနေရာက သိပ်ထူးခြားပုံမပေါ်ပါဘူး။"  ကြက်ကလေးသည် လီတျန်းမင်၏ပခုံးပေါ်၌ရပ်ကာနေရာအား စစ်ဆေးလိုက်၏။သို့သော်လည်း ဤနေရာသည် သူတော်စင်သားရဲစစ်ဝိဉာဥ်အားပေါ်ပေါက်လာစေကာ လီတျန်းမင်၏ကံကြမ္မာအားပြောင်းလဲစေခဲ့သောနေရာဖြစ်သည်။

သားရဲခေတ်၏အရှင်သခင် Vol.1Tahanan ng mga kuwento. Tumuklas ngayon