Chapter(73)

353 45 1
                                    

ဝေ့ဂေါင်ဟောင်

ယခုကဲ့သို့လှောင်ရယ်သံများကြောင့် မည်သူကမှလီတျန်းမင်အား တပည့်တစ်ယောက်အဖြစ်လက်ခံလိုခြင်းမရှိသည်မှာထင်ရှားနေသည်။ တစ်စုံတစ်ယောက်သည် လီတျန်းမင်အားအခွင့်အရေးပေးရန်ဆန္ဒရှိခဲ့လျှင်ပင် ယခုကဲ့သို့အခြေအနေမျိုး၌ သူ၏အတွေးအားစွန့်လွှတ်လိုက်ပေမည်။

ထိုစဥ် မျိုးဆက်အစောင့်အရှောက်သည် သူ၏ပက်ဝန်းကျင်အားလှည့်ကြည့်လိုက်ပြီးနောက် လီတျန်းမင်အားခေါင်းခါပြကာ
"ဒါက....လီတျန်းမင်ရေ..မင်းရဲ့အရည်အချင်းတစ်ချို့ကို ငါတို့ကိုအရင်ပြလိုက်ပါလား။ မင်းရဲ့အသက်ကလည်း ကျင့်ကြံဖို့အကောင်းအဆုံအသက်အရွယ်ကိုကျော်လွန်နေပြီဆိုတော့ကွာ...ကောင်းကင်ဆရာတွေက မင်းကိုရွေးချယ်ဖို့နည်းနည်းတော့ခက်လိမ့်မယ်" 

လီတျန်းမင်သည် ထိုသို့သောအပြုအမူများအားမျှော်လင့်ထားပြီးသားပင်။ အရာအားသည် သူထင်ထားသည့်အတိုင်းသာဖြစ်လာခဲ့သောကြောင့် ငြိမ်သက်စွာပင်မတ်တပ်ရပ်နေခဲ့သည်။

အစပိုင်း၌ သူသည်မျှော်လင့်ချက်တချို့အားဆုပ်ကိုင်ထားခဲ့သော်လည်း ယခုအချိန်၌မူ သူ့ဘက်ကမည်ကဲ့သို့ပင်စွမ်းဆောင်ပြနိုင်ပါစေ သူအားအခွင့်အရေးပေးတော့မည်မဟုတ်ကြောင်း နားလည်လိုက်ချေပြီ။

အဓိကတပည့်ဖြစ်ရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း အလွန်စိတ်ပျက်ဖွယ်ကောင်းစွာဖြင့် မြင့်မြတ်သောကောင်းကင်ဆရာတစ်ဦးတစ်ယောက်ကိုမျှ အထင်ကြီးစေနိုင်ခဲ့ခြင်းမရှိချေ။

"ဒီသောက်ရူးတွေကတော့ကွာ။ ချီးပဲ" လီတျန်းမင်၏နားထဲ၌ ကြက်ကလေး၏ကျိန်ဆဲသံကထွက်ပေါ်လာခဲ့သည်။

“ဒါဟာ ကြီးကြီးမားမားကိစ္စ မဟုတ်ပါဘူးကွာ။ ဒီလိုလုပ်ဖို့ သူတို့မှာ အခွင့်အာဏာရှိတယ်လေ” ဟု လီတျန်းမင်ကခံစားချက်မဲ့စွာပြောလိုက်လေ၏။

မျိုးရိုးဗီဇစောင့်ရှောက်သူသည် ယခုအချိန်တွင် သူ၏စွမ်းရည်များအား ပြသစေလိုသော်လည်း သူသည် အဆင့်တိုက်ပွဲများ၌ ထိုသို့လုပ်ဆောင်ခဲ့ပြီးသားပင်။ ယခုအချိန်၌ ပြိုင်ဘက်မရှိသောကြောင့် လီတျန်းမင်သည် မည်သည့်အရာအားပြသရမည်နည်း။ 

သားရဲခေတ်၏အရှင်သခင် Vol.1Hikayelerin yaşadığı yer. Şimdi keşfedin