Chapter(96)

341 37 0
                                    

မင်းသမီး၏အတွင်းခံ!

အစောင့်အရှောက်လေးဦးသည် သားရဲတွင်းသခင်နှင့်တန်းတူညီလုနီးပါးဖြစ်ပေသည်။ ဇောင်ယွမ်ဂျီသည် ဝေ့ဇီခွန်းနှင့်အသက်တူသော်လည်း ဝေ့ဇီခွန်းမှာကျောင်းတော်၌ ကြီးကြပ်ရေးမှူးတစ်ဦးမျှသာဖြစ်သည်။ ရှင်းနေသည်မှာ ဝေ့တျန်းကန်၏မျိုးဆက်များမှာ အသုံးမကျကြချေ။

ယခုအချိန်၌ သားရဲတွင်းအားချုပ်ကိုင်ထားကြသူများမှာ ဝေ့တျန်းကန်၏ညီအစ်ကိုများမဟုတ်လျှင် သူ၏တပည့်များသာဖြစ်လေ၏။

“ပညာသင်ဖက်အစ်ကို၊ သူက ပြီးပြည့်စုံတဲ့ချိတ်ဆက်ခြင်းကိုလုပ်ထားနိုင်တဲ့လီတျန်းမင်ပဲဖြစ်ရမယ်။ ကျွန်တော်လည်းအခုလေးတင်သတင်းကြားထားတာ" ဇောင်ယွမ်ဂျီသည် လီတျန်းမင်အားကြည့်ကာပြောလိုက်၏။

“ဟုတ်တယ်ကွ။ သူ့ကို အဆင့်မြင့်အရင်းအမြစ်အဆင့်တိုက်ပွဲကျင့်စဥ်သုံးခုကိုပေးလိုက်အုံး" ဟု မုယန်က တောင်းဆိုလိုက်သည်။ ဤသည်မှာလီတျန်းမင်၏တောင်းဆိုချက်ဖြစ်၍ ထိုတိုက်ပွဲဝင်ကျင့်စဥ်​သုံးခုသည် အချိန်အတော်ကြာအောင် သူ့အတွက်လုံလောက်သောကြောင့်ပင်။

"ကဲ မိုလင်းရေ...မင်းရဲ့ ဂျူနီယာပညာသင်ဘက်လေးကို ခေါ်သွားပြီး ကျင့်စဥ်သုံးခုရွေးခိုင်းလိုက်ကွာ" ဟု ဇောင်ယွမ်ဂျီက ညွှန်ကြားလိုက်သည်။

ထိုအခါ ဆယ်ကျော်သက်တစ်ဦးသည် ခန်းမထဲမှ ထွက်လာကာ အနက်ရောင် ၀တ်စုံအား၀တ်ဆင်ထား၍ သူ၏အသွင်အပြင်မှာပိန်ပါး၍ ဆံပင်ရှည်များက ခါးအထိ ရောက်နေသည်။ သူ၏ချောမောသော အသွင်အပြင်က သူ့အားအကြည့်နှင့် နူးညံ့သိမ်မွေ့သော အမူအရာတို့ကို ပေးစွမ်းသည်။

သူသည် လီတျန်းမင်ဘက်သို့ မလှည့်မီ မုယန်ဘက်သို့အရင်ဦးညွတ်လိုက်၏။ "ပညာသင်ဖက်ညီလေးလီ ကျေးဇူးပြုပြီး အစ်ကိုနဲ့လိုက်ခဲ့ပါ။"

လီတျန်းမင်သည် ခန်းမတွင်းရှိ အခန်းမျိုးစုံအား ဖြတ်လျှောက်လာရင်း လူငယ်၏အနောက်သို့ လိုက်သွားခဲ့သည်။  သူ့အား လမ်းပြပေးနေသော လူငယ်သည် အတိုက်အခိုက်အစောင့်အရှောက်၏တပည့် မိုလင်းဖြစ်ရပေမည်။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora