ခြင်္သေ့ချန်း၊ ဂုဏ်ကျက်သရေရှိ၍ ဖြောင့်မတ်သောသူငယ်ချင်း
ပညာရှိချန်း၏လုပ်ရပ်များသည် တုန်လှုပ်ချောက်ချားစရာဖြစ်နေ၏။ ပြောရလျှင် ဟင်္သါပြဒါးဘုရင်ပင်လျှင် ဝေ့မျိုးနွယ်အား ပေါ်ပေါ်ထင်ထင်မကူညီဝံ့ပါချေ။ သို့သော် ပညာရှိချန်းသည် ရိုးရိုးရှင်းရှင်းပင် အရှေ့သို့ထွက်လာကာဝေ့ကျင်းအားဤသို့ကမ်းလှမ်းခဲ့လေ၏။
စစ်ဆေးရေးမှူးများ၏ မျတ်နှာသာပေးခြင်းအားခံထားရသော လျှပ်စီးအိမ်တော်နှင့် ရွယ်လင်မျိုးနွယ်ပင်လျှင် ကြီးမားသော လက်ထပ်ထိမ်းမြားမှုအား ကြိုတင်ပြုလုပ်ထားရသည်။
ဤသို့ရဲရင့်မှုသည် အလွန်ဂုဏ်ယူထိုက်ပြီး ဖြောင့်မတ်မှုတစ်ခုပင်ဖြစ်လေ၏။
ပညာရှိချန်း၏စကားများသည် လီယန်ဖန်း၏စကားများနှင့်နှိုင်းယှဉ်ကြည့်လျှင် ပို၍ပင်ထိတ်လန့်စရာ ကောင်းပေ၏။
ထုံးစံအတိုင်း ထိုစကားများကြောင့် အထိတ်အလန့်ရဆုံးမှာ ရွှယ်လန်ဖြစ်လေ၏။ သူမသည် ပါးစပ်ကအဟောင်းသားဖြစ်နေကာ သူမ၏ယောက်ျားသည် သူမအမုန်းဆုံးသူဖြစ်သော ဝေ့ကျင်း၏အနား၌ သူရဲကောင်းဆန်ဆန် ရပ်တည်နေခြင်းအားကြည့်၍ သူမ၏မျတ်လုံးများမှာနီရဲလာကာ သူမ၏ခန္ဓာကိုယ်မှာလည်းတုန်ယင်နေလေ၏။ သူမသည် အလုပ်များနေစဥ်၌ တစ်ချက်သတိလွတ်သွားခဲ့သည်။ သူမ၏ယောက်ျားကလည်း ထိုသတိလွတ်သွားသည်အား အခွင့်ကောင်းယူကာပျောက်သွားလေ၏။ ထို့အပြင် သူမ၏ဖြစ်တည်မှုကိုပင်မငဲ့ညာသည့် စကားလုံးများကိုပင် အားပါးတရပြောနေလိုက်သေး၏။
ဝေ့ကျင်းသည် အဘယ့်ကြောင့်အသက်နှစ်ဆယ်အရွယ်သို့ပြန်ရောက်သွားရသနည်း။ ယခုအအခါ သူမသည် ဝေ့ကျင်းနှင့်နှိုင်းယှဥ်ရန်ပင်သတ္တိမရှိတော့ချေ။
အရေးအကြီးဆုံးကမူ သူမ၏ပတ်ဝန်းကျင်မှ လူများသည် သူမအား ထူးဆန်းသောအကြည့်များဖြင့်ကြည့်နေကြခြင်းပင်။ ပညာရှိချန်းနှင့် ဝေ့ကျင့်တို့သာလက်ထပ်လိုက်လျှင် ရွှယ်လန်ကဘာဖြစ်သွားမည်နည်း။
"အားးးးး!" ရွှယ်လန်မှာ ဒေါသများငယ်ထိပ်အထိဆောင့်တက်လာ၍ ဝမ်းနည်းစွာဖြင့်အော်ဟစ်လိုက်ကာ သတိမေ့၍ လဲကျသွားလေတော့သည်။
ВЫ ЧИТАЕТЕ
သားရဲခေတ်၏အရှင်သခင် Vol.1
Фэнтезиလီတျန်းမင်ဟာမီးတောက်ဝါမျိုးဆက်ကျောင်းတော်ကြီးရဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ဘဝရဲ့အချိုးကွေ့အပြောင်းအလဲတွေကြောင့် ချစ်သူရဲ့အကောက်ကြံခြင်းကိုခံခဲ့ရပြီးနောက် ဒုက္ခိတဖြစ်သွားပြီးတော့ ကျောင်းကနေနှင်ထုတ်ခံရပြီး နာမည်ပျက်လည်းပျက်ခဲ့ရပါတယ်။ လီတျန်းမင်ရဲ့ကံဆ...