သားရဲခေတ်၏အရှင်သခင် Chapter(42) B

427 48 0
                                    

လီတျန်းမင်သည် သုံးရောင်ခြယ်အမှောင်မိုးကြိုးငှက်အား ဦးစွာကြည့်လိုက်သည်။  ၎င်းသည် ကြီးမားသည်သားရဲမဟုတ်သော်လည်း ၎င်း၏အချိုးကျပြေပြစ်သော အသွင်အပြင်များကြောင့် ၎င်းသည် လျင်မြန်ကာအသက်အန္တရာယ်ပေးနိုင်သည့်သားရဲတစ်ကောင်ဟု သူသိထားသည်။ ၎င်း၏ အမွေးများအား အပြာ၊ အစိမ်းနှင့် အနီဟူ၍ အရောင်သုံးမျိုးခွဲထားသည်။  လေထဲ၌ ပျံသန်းနေစဥ် ထိုသုံးရောင်ခြယ်အမွှေးအတောင်များက သုံးရောင်ခြာ်လျှပ်စီးများကိုပင်ဖန်တီးပေးနိုင်သည်။ ထိုငှက်မြေပြင်ပေါ်သို့ဆင်သက်လာစဥ် လျှပ်စီးများလက်သွားကာ စူးစူးဝါးဝါးအော်သံကြောင့် လူအများ၏ဦးခေါင်းများမှာထုံကျင်သွားခဲ့ရလေ၏။

သုံးရောင်ခြယ်အမှောင်မိုးကြိုးငှက်သည် စွဲမက်ဖွယ်ကောင်းသော လျှပ်စီးငှက်အမျိုးအစားငှက်သားရဲတစ်ကောင်ဖြစ်သည်မှာ သေချာသော်လည်း လင်းရှောင်းရှောင်း၍နောက်ထပ်အသက်သားရဲတစ်ကောင်ကရှိနေသေး၏။ သုံးရောင်ခြယ်အမှောင်မိုးကြိုးငှက်က ကောင်းကင်၌ပျံဝဲနေစဥ်၌ ဗာဂျရာမျောက်ဝံက လင်းရှောင်းရှောင်း၏အနား၌ ကိုယ်ရံတော်တစ်ဥိးကဲ့သို့စောင့်ကြပ်နေလေ၏။ 

ဧရာမမျောက်ဝံကြီးသည် အမြင့်သုံးမီတာခန့်ရှိကာ ၎င်း၏အရေပြားတစ်လက်မတိုင်းစီ၌ ရွှေရောင်သားမွေးများဖြင့် ဖုံးအုပ်ထားသည်။  အမွေးများ၏အောက်တွင် ဖုံးကွယ်ထားသည့် ထွားကျိုင်းသော ကိုယ်လုံးကိုယ်ပေါက်သည် ရန်သူမှန်သမျှအား ချေမှုန်းပစ်နိုင်စွမ်းရှိလေ၏။

အလွန်လှပသည့် သုံးရောင်ခြယ်အမှောင်မိုးကြိုငှက်နှင့်နှိုင်းယှဥ်ပါက ဗာဂျရာမျောက်ဝံသည်ပို၍ရက်စက်ကြမ်းကြုတ်ပုံရသည်။ ထိုမျောက်ဝံ၏အကြည့်များသည် သတ်ဖြက်လိုသည့် စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။ သို့သော် လင်းရှောင်းရှောင်းဆီသို့လှမ်းကြည့်လိုက်လျှင် သူ၏အမူအရာများကနူးညံသွားလေ၏။ 

"ဗာဂျရာမျောက်ဝံတွေက စွမ်းအားနှစ်မျိုးရှိတဲ့အသက်သားရဲမလား" လီတျန်းမင်သည် စာအုပ်တစ်အုပ်၌ဖက်ခဲ့ဖူးသည်အားသတိရသွား၏။ အသက်သားရဲများအား ၄င်းတို့၏မျိုးစိတ်နှင့် အမျိုးအစားအလိုက် အမျိုးအစားများအားခွဲခြားထားကာ စွမ်းအားအမျိုးအစားနှစ်မျိုးရှိသည့် အသက်သားရဲများသည် ၎င်းတို့၏အမည်နှင့်လိုက်ဖက်စွာ စွမ်းအင်အမျိုးအစားနှစ်မျိုးရှိသည့် အထူးသားရဲများဖြစ်ကြသည်။ သီအိုရီအရ အသက်သားရဲတစ်ကောင်သည် မတူညီသောစွမ်းအားနှစ်မျိုးအား ထိန်းချုပ်နိုင်လျှင် ၎င်းတို့အား ပိုမိုအားကောင်းလာစေသည်ဟု ဆိုလိုသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Wo Geschichten leben. Entdecke jetzt