Chapter(124)

272 31 0
                                    

အရှုံးပေးမလား သေမလား!

ဟင်္သါပြဒါးနိုင်ငံ၏ နာမည်ကျော် ရေကန်တစ်ထောင်နယ်မြေသည် လောင်မီးမြောက်၏မြောက်ဘက်၌ တည်ရှိလေ၏။ လှပသောရှုခင်းများ၊ ကြည်လင်သောရေကန်များရှိကာ လူသိများသော လည်ပတ်စရာနေရာတစ်ခုဖြစ်သည်။

ရေကန်များကစုပေါင်းနေသည် ထိုနေရာမှာ အလွန်ပင်ကျော်ကြားလေ၏။ ပင်လယ်ကြီးကဲ့သို့ ကျယ်ဝန်းကာ ၎င်း၏ကျော်ကြားမှု၏အဓိကအကြောင်းအရင်းမှာ ကျွန်မျှောများရှိခြင်းပင်။ ကျွန်းတိုင်းတွင်  ငှက်သံများ၊မွှေးပျံ့သောပန်းပင်များနှင့်အဆုံးမရှိသော လယ်ကွင်းများက ဂုဏ်ယူဝင့်ကြွားစွာရှိနေကြ၏။

သို့သော် ရှေးဟောင်းစစ်မြေပြင်သို့ဝင်ရောက်ဖူးသူများကသာ ရေကန်တစ်ထောင်နယ်မြေသည် သေမင်းနယ်မြေတစ်ခုဖြစ်ကြောင်းသိကြပေသည်။ ၎င်းသည် ပင်လယ်ကဲ့သို့ ကျယ်ဝန်းသော ရေကန်တစ်ခုဖြစ်ကာ၎င်း၏ရေသည် အနက်ရောင် အနက်ရောင်ဖြစ်နေ၏။  ထူထဲသော အနက်ရောင် မြူခိုးများက ရေကန်အထက်၌ လွင့်ပျံနေကာ သားရဲသခင်များပင်ထွင်းဖောက်၍မမြင်နိုင်ချေ။

ဤကန်ထဲ၌ ထူးဆန်းသော ရေနေသားရဲများက ခိုအောင်းနေကြသည်။ ၎င်းတို့သည်၏အရေအတွက်မှာ များပြားလှ၍ အများစုမှာ ဆောင်းခိုနေကြ၏။

ယုတ္တိရှိရှိပြောရလျှင် ရှေးဟောင်းစစ်မြေပြင်၏ ရေကန်တစ်ထောင်နယ်မြေအား သားရဲသခင်များကဝေးဝေးရှောင်ကြပေသည်။ သို့သော်လည်း ဖြူစင်၍ အပြစ်အနာအဆာကင်းမဲ့သောရုပ်ရည်နှင့် အမျိုးသမီးငယ်တစ်ဦးသည် လက်ရှိတွင် ရေကန်၏ မျက်နှာပြင်အား ဖြတ်၍ လွင့်မျောနေလေ၏။  သူမ၏ တည်ငြိမ်အေးဆေးသော အမူအရာသည် သူမ၏ အေးစက်သောအသွင်အပြင်နှင့် ပေါင်းစပ်ကာ ကြာပန်းတစ်ပွင့်ကဲ့သို့ ဖြစ်နေသည်။

ကြာပန်းသည် ရွှံ့ရေ သို့မဟုတ် ရွှံ့နွံများတွင်သာ ပေါက်ဖွားကာ ရှေးဟောင်းစစ်မြေပြင်၏ ရေကန်တစ်ထောင်နယ်မြေသည် ထိုကဲ့သို့နေရာမျိုးပင်။ ကြာပန်းကဲ့သို့ဖြူစင်သောမိန်းကလေးသည် မိမိပတ်ဝန်းကျင်ရှိ အညစ်အကြေးအားလုံး၏ ညစ်ညမ်းမှုများကြောင့် ဖြူစင်သည်ဟု ခံယူထားသော်လည်း ဖြူစင်ခြင်း၏ခံစားချက်အား စွန့်လွှတ်ထားပေ၏။

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now