Chapter(140)

276 34 3
                                    

နှစ်သိမ့်ဆုရရှိသူလီတျန်းမင်!

“စစ်ဆေးရေးမှူးများခင်ဗျာ...ကျွန်တော်က ရွယ်လင်ဂျီကိုအနိုင်ယူပြီး ရေနဂါးကျောက်တိုင်ကို ရခဲ့တာပါ။ အဲ့တော့ကျွန်တော်ကရှေးဟောင်းတိုက်ပွဲရဲ့ပထမနေရာကိုရခဲ့တာမဟုတ်ဘူးလားခင်ဗျ။" လီတျန်းမင်က မေးလိုက်သည်။

“ရေနရးဂါးကျောက်တိုင်ကိုရတာနဲ့ပထမနေရာကိုရမယ်လို့ဘယ်သူကပြောလဲ။ ရေနဂါးကျောက်တိုင်ပေါ်လာကတည်းက ရှေးဟောင်းတိုက်ပွဲပြီးနေပြီ။ ဘယ်သူက မင်းခိုးယူခွင့် ပေးလို့လဲ။ ဟမ့်”  ဆောင်ရီရွယ်ကအော်ဍ်လိုက်သောအခါ ​မမြင်ရသော ဖိအားတစ်ခုက လီတျန်းမင်၏အပေါ်သို့ကျရောက်လာခဲ့သည်။

"ရှေးဟောင်းတိုက်ပွဲရဲ့အနိုင်ရယူကို ဘယ်သူကများများပိုသက်နိုင်သလဲဆိုတဲ့အပေါ်မူတည်ပြီးပဲဆုံးဖြက်တယ်။ ရွယ်လင်ဂျီဟာ လူရှစ်ယောက်ကိုသက်နိုင်ခဲ့တာမို့လို့ သူမကပထမရတယ်။ ပြီးတော့ ေရနဂါးကျောက်တိုင်ကိုရတယ်။ မဟုတ်ရင် ငါတို့ကဘာကြောင့် ရေအမျိုးအစားနတ်သုဓ္ဒာကိုပေးမတုန်း။ မင်းကအဲ့ဒါကိုသုံးတောင်သုံးနိုင်လို့လား" ကျင်းရီရွှမ်က ပြောလိုက်သည်။

ထိုအခါလီတျန်းမင်တစ်ယောက်တည်းတင်မဟုတ်ချေ။ ရွယ်လင်ဂျီမှလွဲ၍ ကျန်လူများအားလုံး အံ့သြသွားကြသည်။  အစပိုင်းတွင် လူတိုင်းသည် များများသက်နိုင်သူကသာ အောင်နိုင်မည်ဟု ယုံကြည်ခဲ့ကြသော်လည်း နတ်သုဓ္ဒာအားရသူကမှအောင်နိုင်သူဟုပြောင်းလဲသွားခဲ့သည်။

ယခု ရှေးဟောင်းတိုက်ပွဲပြီးသွားသောအခါ လူအများဆုံးသက်နိုင်သူကသာအောင်နိုင်သူဟာပြောနေကြပြန်သည်။

ထို့နောက် ရွယ်လင်ဂျီ၏အပြုံးအားမြင်လိုက်ရသောအခါ လီတျန်းမင်သည် သဘောပေါက်သွားလေ၏။ အရာရာအား အစကတည်းကပင် ဆုံးဖြတ်ထားပြီးသားဖြစ်ရပေမည်။  စည်းမျဉ်းများအား မကြေငြာသည်မှာ လိုအပ်ပါက ပြောင်းလဲနိုင်ရန်ဖြစ်လေ၏။

အကယ်၍ ရွယ်လင်ဂျီသည် ရေနဂါးကျောက်တိုင်အားရရှိခဲ့သူဖြစ်ပါက သူမသည် ရေနဂါးကျောက်တိုင်အားရရှိခဲ့သောကြောင်​့ ပထမနေရာအားရမည်ဖြစ်သည်။  သို့သော် ရေနဂါးကျောက်တိုင်အားမရှိခဲ့ပါက သူမသက်ထားသည့်အရေအတွက်အားကြည့်၍ဆုံးဖြက်ကြပေမည်။ အကယ်၍ သူမသာ လူအများဆုံးမသက်နိုင်လျှင် အခြားနောက်တစ်ခုဖြင့် သူမအားပထမနေရာအားရစေမည်ဖြစ်လေ၏။

သားရဲခေတ်၏အရှင်သခင် Vol.1Tahanan ng mga kuwento. Tumuklas ngayon