Chapter(156)

274 42 5
                                    

ဝေ့မျိုးနွယ်တော့သွားပြီ!

လျှပ်စီးအိမ်တော်နှင့် ရွယ်လင်မျိုးနွယ်တို့သည် မင်္ဂလာဆောင်ဖိတ်စာများအား ဝေရာ၌ သေချာစဥ်းစားခဲ့ကြသည်။

ဝေ့မျိုးနွယ်သို့ ဖိတ်စာတစ်စောင်ပို့သည့်အပြင် ဝေ့ကျင်း၊ လီတျန်းမင်နှင့် မုယန်တို့ကိုပါ သီးသန့်ဖိတ်စာတစ်စောင်စီပို့ခဲ့လေ၏။ သီးသန့်ဖိတ်သည့်အထဲ၌ ဝေ့ကျင်းပင်ပါနေသောကြောင့် ဟင်္သါပြဒါးနိုင်ငံ၌နာမည်ကောင်းရှိသူတိုင်းအား ဖိတ်ကြားထားကြောင်း ပြသနေသည်။  ကောင်းကင်သုခဘုံ၏ တပည့်နှစ်ယောက်၏ မင်္ဂလာပွဲဖြစ်သောကြောင့်၊ ၎င်းသည် ဟင်္သါပြဒါးနိုင်ငံအားစတင်တည်ထောင်ချိန်မှစ၍အထင်ရှားဆုံးမင်္ဂလာပွဲဖြစ်လေ၏။ ဘုရင်ကိုယ်တိုင် ထိမ်းမြားလက်ထပ်ခြင်းပင်လျှင် ကောင်းကင်သုခဘုံ၏ စစ်ဆေးရေးမှူးများ ပါဝင်မည်မဟုတ်ချေ။

၄င်းတို့သည်ဒုစစ်ဆေးရေးမှူးများသာ ဖြစ်သော်လည်း သြဇာကြီးမားသော လောင်မီးမြို့၏ မျိုးနွယ်စုများအတွက်မူ ကြောက်စရာကောင်းသည့်သူများဖြစ်နေကြဆဲပင်။

မင်္ဂလာပွဲအတွက် ရက်မှာအလွန်နီးကပ်နေ၏။

ထို့​ကြောင့် လောင်မီးမြို့၌ ချက်ချင်းပင်ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ တစ်ယောက်သည် ကောင်းကင်သုခဘုံမှရွေးချယ်ထားသော ပါရမီရှင် လင်းရှောင်တင်းဖြစ်၍ ကျန်တစ်ဦးမှာနိုင်ငံသုံးနိုင်ငံကြား ကျင်းပသည့် ရှေးဟောင်းတိုက်ပွဲ၌  အနိုင်ရထားသူဖြစ်သည်။  နှစ်ယောက်စလုံးသည် တစ်လအတွင်းမှာပင် လက်ထပ်ခဲ့ကြလေ၏။

ဤသည်မှာ ကောင်းကင်ဘုံ၌ ပြုလုပ်သောမင်္ဂလာအခမ်းအနားကဲ့သို့ပင်။

မူချင်းချင်းအတွက်မူ အခွင့်အာဏာ၊ ပါရမီများနှင့် အလားအလာများကြားတွင် သူမအား မည်သူကအာရုံစိုက်မည်နည်း။

“မူချင်းချင်းရဲ့စံနှုန်းက နည်းနည်းနိမ့်တယ်။  သူမရဲ့လက်ရှိအောင်မြင်မှုတွေက လင်းရှောင်တင်းရဲ့ ကျေးဇူးကြောင့်ပဲလေ။ မဟုတ်ရင် သူမက မီးတောက်ဝါမျိုးဆက်ကျောင်းတော်ရဲ့ သာမာန်တပည်မသာသာပဲရှိနေအုံးမှာ"

သားရဲခေတ်၏အရှင်သခင် Vol.1Nơi câu chuyện tồn tại. Hãy khám phá bây giờ