Chapter(98)

337 38 2
                                    

ငါ့ဆီသာလာခဲ့ကြ!

ကောင်းကင်သားရဲတွင်း၌ နာမည်ခုနှစ်ခုသာပါဝင်သည့် ဦးဆောင်စာရင်းတစ်ခုရှိကာ ထိုခုနှစ်ယောက်အား ကောင်းကင်ကလေးငယ်များဟုခေါ်သည်။ ဤခုနစ်ယောက်တို့သည် ကောင်းကင်သားရဲတွင်းတစ်ခုလုံး၏ အညွှန့်အဖူးလေးများဖြစ်ကြကာ ဟင်္သါပြဒါးနိုင်ငံ၏အနာဂတ်ထောက်တိုင်များအဖြစ်သက်မှတ်ခံထားရသည်။

ယခု ဦးဆောင်စာရင်းအရ

လျှပ်စီးအိမ်တော်မှ လင်းရှောင်တင်း

လျှို့ဝှတ်စာကြည့်တိုက်မှ မိုလင်း။

ဟင်္သါငှက်မျိုးနွယ်စုမှ ကျန်းချင်လွမ်။

ရှင်းနှင့်ချန်းကုန်သည်အစည်းအရုံးမှ ရှင်းချွယ်။

ဝေ့အိမ်တော်မှ ဝေ့ဂေါင်ဟောင်။

ရှင်းနှင့်ချန်းကုန်သည်အစည်းအရုံးမှ ချန်းဟောင်။

လျှပ်စီးအိမ်တော်မှ မူချင်းချင်း။

ရှေးဟောင်းတိုက်ပွဲအတွက် လင်းရှောင်တင်းမှနေရာတစ်ခုယူထားပြီးသားဖြစ်သဖြင့် ကျန်ခြောက်နေရာအား ကောင်းကင်ကလေးငယ်များမှယူထားကြသည်။

ခုနစ်ယောက်အနက်မှ မူချင်းချင်းသည် မကြာသေးခင်ကမှ ခုနှစ်ယောက်မြောက်နေရာအား ရယူထားခဲ့ပြီး သူမသည် ရှေးဟောင်းတိုက်ပွဲဆီသို့သွားရန် အခွင့်အရေးအတွက် အနားယူခြင်းမရှိဘဲကျင့်ကြံခဲ့သည်။ လီတျန်းမင်ကဲ့သို့ သူမ၌လည်း တူညီသော အရည်အချင်းများရှိခဲ့ဖူးကာ လင်းရှောင်တင်းသည် သူမ၏သားရဲအား ကြယ်ခုနစ်ပွင့်အထိ ပြောင်းလဲပေးခဲ့သည်။ မူချင်းချင်းသည် သူမ၏ ရည်မှန်းချက်များအား မည်သူ့ကြောင့်နှင့်မျှ ရပ်တန့်စေမည့် အမျိုးသမီး မဟုတ်ချေ။

……

လီတျန်းမင်သည် ကြယ်စုံစံအိမ်မှထွက်ခွာလာသောအခါ ကျန်းဖေးလင်အား သူနှင့်အတူခေါ်ဆောင်လာခဲ့သည်။ ကျန်းချင်လွမ်သည် အပေါက်ဆိုးသော်လည်း သူမသည် စိတ်နှလုံးပျော့ပျောင်းကာ ကျန်းဖေးလင်မှအနည်းအငယ်တောင်းပန်ရုံဖြင့် နောက်ဆုံး၌ သဘောတူသွားလေသည်။ 

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora