Chapter(93)

342 44 1
                                    

ကောင်းကင်သုခဘုံ

တပည့်အများအပြားသည် လီတျန်းမင်နှင့် ဝေ့လင်းရွှမ်တို့၏ပြသနာအသေးစိတ်အား လျူရွှယ်ရောင်ထံသို့ပြောပြလိုက်ကြသည်။

"သူကဘယ်လိုတောင်သတ္တိတွေကောင်းနေတာလဲ။ ဝေ့လင်းရွှမ်က သူ့ကိုသတ်မှာကို မကြောက်ဘူးလား"  လျှူရွှယ်ရောင်ကသူမ၏မျက်လုံးကို မှိတ်ထားလိုက်သည်။  သူသည် အဆင့်ငါးချိတ်ဆက်ခြင်းအား အောင်မြင်မည်အား ကြိုသိနေခြင်းပေလော။

“သူက အဲ့ဒီထဲမယ် နှစ်မိနစ်တောင်ကြာပြီဆိုတော့ ရှောင်တင်းထက်တောင်ပိုကြနေပြီ။ ချင်းချင်း နင်ရောဘယ်လိုထင်လဲ" လျူရွှယ်ရောင်က မေးသည်။

“ဆရာ....ကျွန်မကတော့ ကိစ္စဟောင်းတွေကို ပြန်မတွေးချင်တော့ပါဘူ။ သူကပြန်ပေးဆပ်ပြီးသွားပြီပဲလေ။ အခုသူက ပြန်ပြီးကျင့်ကြံနိုင်နေပြီ။ ပြီးတော့ ကျွန်မတို့က တစ်ချိန်ကသူငယ်ချင်းဖြစ်ခဲ့ဖူးတာပါ။"  

ဤသည်မှာ မီးတောက်ဝါကျောင်းတော်မှ လီတျန်းမင်ထွက်သွားချိန်၌ သူမကသွေးပန်းပွင့်ခန်းမအားငှားယမ်းကာသက်ဖြက်ခိုင်းခဲ့သည်ဟူသောသံသအားပြေပျောက်စေမည့်တစ်ခုတည်းသောနည်းလမ်းပင်။ 

“သူ့ကို အမုန်းတရားတွေက ဖုံးလွှမ်းသွားမှာကို ငါစိုးရိမ်မိတယ်။ သူကကလဲ့စားချေဖို့ အခွင့်ကောင်းတစ်ခုရှိနေပြီဆိုပြီးတွေးရင်တွေးနေမှာ။ သတိထားပါ” ဟု လျူရွှယ်ရောင်ကပြောလိုက်လေ၏။

“ဟုတ်ကဲ့ ဆရာ"

“ဒါပေမယ့် အရမ်းကြီးစိတ်ပူစရာ မလိုပါဘူး။ အရင်ဆုံး သူ့ဘက်ကတစ်ရာရီကြာအောင်နေနိုင် မနေနိုင်ကကြည့်ရအုံးမယ်။ နေနိုင်ရင်တော့ အံ့သြစရာပေါ့လေ။ ပြီးတော့ ငါ့ရဲ့ကျင့်ကြံမှုဟာ နောက်ကျကျန်ခဲ့လွန်းနေတယ်။ အခု သူ့ရဲ့ကျင့်ကြံအဆင့်ကအားနည်းနေတော့ အထွတ်အထိပ်ချိတ်ဆက်ချင်းကိုလုပ်နိုင်ရင်တောင်မှ နင်တို့ကိုအမှီလိုက်နိုင်မှာမဟုတ်ဘူး" လျူရွှယ်ရောင်မှာ ထိတ်လန့်တုန်လှုပ်နေသည်။  အခြားသူများကဲ့သို့ပင်၊ ဤအရာသည် မည်သို့ဖြစ်နိုင်သနည်းဟု တွေးနေမိလေ၏။

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now