Chapter(106)

313 40 4
                                    

ယိုင်နဲ့လာသောမျိုးနွယ်စု။ အမွေအနှစ်တစ်ခု၏အဆုံးသက်!

တစ်ခါတရံ၌ အထင်ကြီးခံရဖို့လုပ်သည်မဟုတ်သော်လည်း ရွေးချယ်စရာမရှိချေ။  ရှေးလူကြီးတွေပြောခဲ့သလိုပင် အခုလည်းဖြစ်နေလေပြီ။

“အစက သူကအတော့်ကိုနောက်ကျကျန်နေခဲ့တာလေ။ ပြီးပြည့်စုံတဲ့ချိတ်ဆက်ခြင်းနဲ့တောင် အမှီလိုက်နိုင်မယ်လို့မထင်ခဲ့ဘူး။ ဒါပေမယ့်လည်း မီးတောက်ဝါကျောက်တုံးက သူ့ကိုကောင်းချီးပေးလိုက်ပြန်တယ်"

"အခု သူက အသက်နှစ်ဆယ်ပဲရှိသေးတာဆိုတော့ ငါတို့ရဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်နိုင်ပြီ"

“ဝေ့မျိုးနွယ်ရဲ့သွေးမျိုးဆက်တွေက တကယ်ကိုတော်တယ်။  ဝေးလံခေါင်သီတဲ့မြို့လေးမှာ ကြီးပြင်းလာရတယ်ဆိုတာ အရေးမကြီးတော့ဘူး"

ကောင်းကင်ဆရာများအားလုံးသည် အသံတိုးတိုးဖြင့်ဆွေးနွေးနေကြကာ လီတျန်းမင်အားတပည့်အဖြစ်လက်မခံမိသည့်အတွက်နောင်တရနေကြလေ၏။

"ဒုသခင်က ကတိပေးထားတာဆိုတော့ သူသာ ဝိဉါဥ်အရင်းအမြစ်အဆင့်ရှစ်ကိုရောက်သွားရင် တပည့်အဖြစ်လက်ခံမယ်နဲ့တူတယ်" ဟု ချင်တာအိုက ပြောသည်။

“ဒါဆိုရင်သူက ဒုသခင်ရဲ့ စတုတ္ထတပည့် ဖြစ်လာလိမ့်မယ်။  အချိန်တန်ရင် သူက သားရဲတွင်းသခင်ဖြစ်လာနိုင်တယ်” ဟု ဖန်းဝုဂွမ်က ဆက်ပြောလိုက်သည်။

"ဒါက သူနဲ့လင်းရှောင်တင်းတို့ရဲ့ ပြိုင်ဆိုင်မှုအပေါ်မှာပဲ မူတည်လိမ့်မယ်။  သူတို့ အချင်းချင်း အတူယှဉ်တွဲပြီး နေထိုင်နိုင်မှာ မဟုတ်ဘူး” ဟု ချင်းတာအိုက ဆိုသည်။

“အဲဒါက သေချာပေါက်မှန်တယ်။  လင်းရှောင်တင်းကို ကောင်းကင်သုခဘုံကရွေးချယ်ထားပြီးပြီမို့ မကြာခင်မှာထွက်သွားရလိမ့်မယ်။ သားရဲတွင်းသခင်ဖြစ်မဖြစ်က သူ့အတွက်အရေးမပါတော့ဘူးလေ။"

"လီတျန်းမင်သာ အဲ့ဒါကိုသိသွားရင် စိတ်ပျက်သွားလိမ့်မယ်"

“အင်း၊ အဲဒါကတော့မတက်နိုင်ဘူးလေ။ ရိုးရိုးသားသားပြောရရင် သူ့ရဲ့စွမ်းဆောင်ရည်က အံ့မခန်းပဲ။ ဒါပေမယ့် မျက်ကန်းဖြစ်နေတယ်ဆိုတာကိုတော့ ဝန်ခံရမယ်။ လင်းရှောင်တင်းကလည်း ကောင်းကင်သားရဲတွင်းမှာပဲရပ်တန့်နေမယ့်သူမျိုးမဟုတ်ဘူးလေ။ ဒါကသာမန်လူတစ်ယောက်အနေနဲ့ လိုက်လျောညီထွေဖြစ်မယ့် အရာမဟုတ်ဘူး”

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now