Chapter(89)

340 52 0
                                    

အခုမှ နောင်တရနေသလား!

ဝေ့လင်းရွှမ်သည် သူမမြင်သမျှအား ဝန်ခံလိုစိတ်အနည်းဆုံးဖြစ်သည်။

ထို့ကြောင့် သူမ၏ဝမ်းကွဲမောင်အား အေးဆေးစွာဖြင့် “သူက အဆင့်လေးအပိုင်းကို ဘာလို့သွားနိုင်တယ်လို့ထင်ရတာတုန်း" ဟုမေးလိုက်၏။

"သူကျရှုံးမယ်ဆိုတာ သူသိပြီးကတည်းက လမ်းလွဲသွားတယ်ထင်တယ်"  ဝေ့ချင်းရီ၏မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုမှုများ ထွက်ပေါ်လာခဲ့သည်။ 

"ဒီလိုနည်းနဲ့ သူကျရှုံးသွားတဲ့အခါမှာ အဆင့်လေးကိုစိန်ခေါ်ပြီးကျရှုံးသွားတာမို့လို့ မျတ်နှာမပျက်တော့ဘူးလေ။"

"နင်တို့ရော ဘယ်လိုထင်လဲ"  ဝေ့လင်းရွှမ်သည် လူအုပ်ဆီသို့ လှမ်းကြည့်လိုက်သည်။

"ကျွန်တော်တို့လည်း အစ်ကိုချင်းရီစကားကိုသဘောတူတယ်။"

"ဒီကောင်က တခြားသူတွေရဲ့အရှက်ခွဲခံရတာကိုကြိုက်နေတာလားမသိဘူး"

ကောင်းကင်သားရဲတွင်း၏ ပါရမီရှင်များသည် တစ်ဦးစီတိုင်းတွင် ကိုယ်ပိုင်ဥာဏ်ရှိကြသော်လည်း ဝေ့ချင်းရီ၏စကားများကိုမူသဘောတူကြ၏။ လီတျန်းမင်သည် သူတို့၏အမြင်၌ ဟာသတစ်ခုဖြစ်လေ၏။

“အဆင့်လေးအပိုင်းရဲ့ ဝိညာဉ်စွမ်းအင်မုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိလားမရှိလားဆိုတာကိုသာစောင့်ကြည့်ကြရအောင်။  မိနစ်ပိုင်းအတွင်း သူသေလိမ့်မယ်” ဟု ဝေ့လင်းရွှမ်ကပြောလိုက်၏။

"သူသာသေသွားရင် ဘယ်သူက အပြစ်တင်ခံရမယ်လို့ထင်လဲ"  ဝေ့ချင်းရီကမေးခွန်းထုတ်လိုက်၏။

ထိုအခါ ဝေ့လင်းရွှမ်က မျက်လုံးပြူးသွားသည်။  "ကိုယ့်ကိုကိုယ်ကလွဲရင် ဘယ်သူကို အပြစ်တင်စရာရှိလို့လဲ။ ကောင်းကင်သားရဲတွင်းတပည့်တွေကို ကျောက်တုံးရဲ့ ချိတ်ဆက်အဆင့်နဲ့ ပက်သက်ပြီး တင်းတင်းကြပ်ကြပ်လိုက်နာဖို့နဲ့ ကန့်သက်ချက်ကိုကျော်ပြီးမလုပ်ဖို့သတိပေးထားပြီးသားလေ။ စည်းမျဥ်းတွေကို စိန်ခေါ်တာက သူ့အပြစ်ပဲ”

"သဘောတူတယ်၊ ဝေ့လင်းရွှမ်နဲ့ ဘာမှ မဆိုင်ဘူး။"

"ရွှမ်အာက ဝေ့မိသားစုရဲ့ ပါရမီရှင်လေ။ သူမရဲ့အနောက်မှာ ဝေ့မျိုးနွယ်တစ်ခုလုံးရှိနေတာ"

သားရဲခေတ်၏အရှင်သခင် Vol.1Kde žijí příběhy. Začni objevovat