မိုးသောက်နေ့အလင်းဓားသိုင်း!
မျှော်လင့်ထားသည့်အတိုင်းပင် ဝေ့လင်းရွှမ်သည် လီတျန်းမင်အားအချိန်အတော်ကြာအောင်စောင့်နေပုံရကာ ဝေ့အိမ်တော်သို့သွားရာလမ်းအား ပိတ်ဆို့ခဲ့သည်။ ဝေ့လင်းရွှမ်တစ်ယောက်တည်းတင်သာမက ဝေ့တျန်းရှုန်၏ တတိယသားဖြစ်သူ ဝေ့ဂေါင်ဟောင်အပါအဝင် ဝေ့အိမ်တော်၏မျိုးဆက်သစ်လူငယ်များလည်းပါဝင်နေကြလေ၏။ မီးတောက်ဝါမျိုးဆက်ကျောင်းတော်သခင်၏သားအကြီးနှစ်ယောက်မှလွဲ၍ ဝေ့ဇီခွန်း၏သား ဝေ့ချင်းရီနှင့် ဝေ့မျိုးနွယ်စုမှအခြားတပည့်များလည်းရောက်နေကြသည်။
ဝေ့အိမ်တော်သည် မီးတောက်ဝါစေတီနှင့်မတူပဲ မည်သူကမှလာရောက်လည်ပက်လေ့မရှိသည့် ကောင်းကင်သားရဲတွင်း၏ ဆိတ်ငြိမ်သောအရပ်၌တည်ရှိကာ ထိုနေရာသည် လီတျန်းမင်လုပ်ခဲ့သမျှအတွက်အပြစ်ပေး၍ရိုက်နှက်ရန်အကောင်းဆုံးနေရာလည်းဖြစ်ပေသည်။
အိမ်တော်သို့ ချဉ်းကပ်ရန် တစ်ခုတည်းသောလမ်းမှာ ကျောက်တုံးတံတားအား ဦးစွာဖြတ်ရမည်ဖြစ်သည်။ လီတျန်းမင်သည် တံတားသို့ရောက်သောအခါ ဝေ့မျိုးနွယ်ရှိလူငယ်များက သူ၏လမ်းအား ပိတ်ဆို့ထားပြီဖြစ်လေ၏။
ထို့နောက် ထိုအဖွဲ၏အရှေ့၌ ဝေ့လင်းရွှမ်ရှိနေ၏။ ယနေ့၌ သူမသည် သူမကိုယ်သူမကာကွယ်ရန် ချပ်ဝတ်တစ်ခုအား ၀တ်ဆင်ထားသည်။ ၎င်းသည် လေးလံပုံမပေါ်သော်လည်း ၎င်း၏မျက်နှာပြင်အနှံ့ ပြေးလွှားနေသော အပြာရောင်ကောင်းကင်ပုံစံများကြောင့် ၎င်းသည် အဆင့်ငါးသားရဲချပ်ဝတ်တစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ အမှန်မှာ၊ ချပ်ဝတ်တန်ဆာများသည် သာမာန်လက်နက်များနှင့် နှိုင်းယှဉ်လျှင် ပို၍ပင် ရှားပါး၍ စျေးပိုကြီးပေသည်။
ဤကဲ့သို့ ရတနာအားရလာရန် သူမတော်တော်ပေးဆပ်ထားရမည်မှာသေချာလေ၏။
"ဝှီး...ချမ်းသာရတာ တော်တော်ကောင်းတာပဲ" လီတျန်းမင်က ရေရွတ်လိုက်သည်။ သူသာ ဤနေရာ၌ကြီးပြင်းလာခဲ့လျှင် ကြီးပြင်းလာခဲ့ရင် ပိုက်ဆံအများကြီးရှိမည်မှာသေချာလေ၏။
ဝေ့လင်းရွှမ်ကမူ လီတျန်းမင်အားတွေ့လိုက်ရသောအခါ သူမက လီတျန်းမင်၏ဖိနပ်အားလျက်ခဲ့ရသည်အား ပြန်မြင်ယောင်မိသွားခဲ့သည်။ ဤသည်မှာ သူမ၏ဒေါသအားနိူးဆော်ရန်လုံလောက်နေချေပြီ။
YOU ARE READING
သားရဲခေတ်၏အရှင်သခင် Vol.1
Fantasyလီတျန်းမင်ဟာမီးတောက်ဝါမျိုးဆက်ကျောင်းတော်ကြီးရဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ဘဝရဲ့အချိုးကွေ့အပြောင်းအလဲတွေကြောင့် ချစ်သူရဲ့အကောက်ကြံခြင်းကိုခံခဲ့ရပြီးနောက် ဒုက္ခိတဖြစ်သွားပြီးတော့ ကျောင်းကနေနှင်ထုတ်ခံရပြီး နာမည်ပျက်လည်းပျက်ခဲ့ရပါတယ်။ လီတျန်းမင်ရဲ့ကံဆ...