Chapter(97)

349 40 0
                                    

မီးရှူးနဂါးနှင့်စိမ်းပြာရောင!

"နင်တို့နှစ်ယောက် ဘာလုပ်နေတာလဲ"  ကျန်းဖေးလင်သည် ရုန်းရင်းဆန်ခတ်​ဖြစ်နေရသည့်အကြောင်းအား သိချင်၍ ထွက်လာခဲ့သည်။

“ဘာမှမလုပ်ပါဘူး။ သူ့အချိုးကို ငါမကြိုက်လို့" ကျန်းချင်လွမ်သည် အံကြိတ်လိုက်သော်လည်း ထိုအကြောင်းအားအခြားသူများကိုမသိစေလိုသောကြောင့် လီတျန်းမင်အားလွှတ်လိုက်၏။ 

လီတျန်းမင်ကမူ စိတ်ထဲ၌ ကျေးဇူးတင်နေမိလေ၏။

"ရင်ဟောင်...နောက်တစ်ခါ မင်းပါးစပ်ကိုသတိထားစမ်း။ မဟုတ်လို့ကတော့ လျှာဖြက်ပစ်မယ် ချီးပဲ။"

"မင်းကလုပ်နိုင်မှာတဲ့လား"  ကြက်ကလေးသည် ရူးသွပ်စွာဖြင့် ရယ်မောကာ လီတျန်းမင်အား လှည့်ကြည့်လိုက်လေသည်။ လီတျန်းမင်သည်အား ထိုကဲ့သို့သောအသက်သားရဲအားပိုင်ဆိုင်စေသည့် ကံကြမ္မာကိုသာအပြစ်တင်နေရလေ၏။

"အစ်ကိုကြီး..သောက်ပါဦး။"

"ကျေးဇူးတင်ပါတယ် လင်အာလေးရယ်။ လင်အာကလေ တစ်ခြားလူတွေထက်အရမ်းကိုယဥ်ကျေးတာပဲသိလား" လီတျန်းမင်က ထိုင်ချလိုက်ကာ ကျန်းချင်လွမ်က သူ၏နံဘေး၌ ထိုင်လိုက်လေ၏။

"ဟား....နင်က အရမ်းတွေကိုယ်ကျင့်တရားကောင်းနေသလိုလုပ်မနေစမ်းပါနဲ့ဟယ်။" ကျန်းချင်လွမ်ကလှောင်ပြောင်လိုက်၏။

“မိန်းကလေးတစ်ယောက်က ဒီလောက် ရန်လိုမနေသင့်ဘူး။ ဘာပဲဖြစ်ဖြစ်ပါလေ။ ငါဒီနေ့ မင်းကို မေးခွန်းတစ်ခုမေးဖို့လာတာ” ဟု လီတျန်းမင်ကပြောလိုက်၏။

"အဲဒါမတိုင်ခင်မှာ နင့်ကိုမေးစရာတစ်ခုရှိသေးတယ်" ကျန်းချင်လွမ်ကအရင်ပြောလိုက်သည်။

"ဘာလဲ"

"နင် ခိုးထားတာလား"  ကျန်းချင်လွမ်က မေးလာလေသည်။ သူမမေးခွန်း၏ အဓိပ္ပါယ်မှာထင်ရှာပေသည်။ "နင် ကျန်းဖေးလင်ကို ခိုးဖို့ကြိုးစားနေတာလား"ဟူ၏။

“ဟုတ်တယ်။” လီတျန်းမင်က မကျေမနပ်ဖြင့်ဝန်ခံလိုက်၏။ သူကမဟုတ်ဘူးဟူငြင်းရမည်လော။ မငြင်းနိုင်ချေ။ သူသည် ကျန်းဖေးလင်အားစိတ်ဝင်စားနေပေ၏။

သားရဲခေတ်၏အရှင်သခင် Vol.1Où les histoires vivent. Découvrez maintenant