သားရဲခေတ်၏အရှင်သခင် Chapter(33)

472 59 0
                                    

လက်တွေ့ဘဝ!

ဝိဉာဥ်အရင်းအမြစ်အဆင့်သည် ဝင်ခွင့်စာမေးပွဲတွင် နံပါတ်တစ်ဖြစ်ရန်အခြေခံလိုအပ်ချက်ဖြစ်သည်။  လွန်ခဲ့သောလေးနှစ်က လင်းရှောင်တင်းသည် ဝိဉာဥ်အရင်းအမြစ်အဆင့်သုံးသို့ရောက်ရှိနေခဲ့ကာ လိုအပ်ချက်များနှင့်ကိုက်ညီနေပြီဖြစ်လေ၏။

ဆန့်ကျင်ဘက်အနေနှင့်၊ လီတျန်းမင်ကမူ သားရဲသွေးကြောအဆင့်ခုနှစ်ဖြင့် လွန်ခဲ့သောလေးနှစ်က ကျောင်းတော်သို့ ခက်ခက်ခဲခဲဝင်ရောက်ခဲ့သည်။ ထို့ကြောင့် လီတျန်းမင်ကောင်းကင်သားရဲတွင်းသို့ဝင်ရောက်မည်ဆိုသည်မှာ အိပ်မက်သက်သက်သာဖြစ်ပေသည်။ 

သို့သော် သူသည် မကြာသေးမီကပင် အောင်မြင်မှုများရရှိခဲ့သောကြောင့် ယခုတစ်ကြိမ် ဝင်ခွင့်စာမေးပွဲအား အောင်မြင်ရန်မျှော်လင့်ချက် ရှိသည်။ သားရဲတွင်းကိုပါဝင်နိုင်မည်ဆိုလျှင် သူ့အမေ၏ရောဂါအတွက်ပါမျှော်လင့်ချက်ရှိလာမည်ဖြစ်လေ၏။

သိပ်မကြာခင်မှာပင် မိုးသောက်နှင်းမျှော်စင်ဆီသို့ရောက်ရှိသွားကြသည်။ မျှော်စင်အတွင်းခန်းမထဲ၌ ရွှေရောင်အ၀တ်အစားလှလှလေးများ၀တ်ဆင်ထားသည့် မိန်းမလှလေးတစ်ယောက်က သူတို့အားစောင့်နေသည်။  သူမသည် အသက်လေးဆယ်ခန့်ရှိသော်ငြားလည်း သူမ၏မျတ်နှာ၌ အိုမင်းရင့်ရော်မှုတစ်ခုကိုမျှမတွေရချေ။ သူမ၏ အပြစ်အနာအဆာကင်းသော အသားအရေသည် ဆယ်ကျော်သက် မိန်းကလေးတစ်ဦး၏ အသွင်အပြင်အား ပိုင်ဆိုင်ထားလေသည်။

သူမ၏ အရပ်ရှည်ရှည်နှင့် သွယ်လျသောခန္ဓာကိုယ်သည် သိမ်မွေ့ကာ သန်မာသည်။  သူမသည် သူမ၏ခန္ဓာကိုယ်အား ကောင်းမွန်စွာထိန်းသိမ်းထား၍ သူမ၏အနားမှ မွန်မြတ်သောလေထုနှင့် ပေါင်းစပ်လိုက်သောအခါ သူမထံသို့ကြည့်မိသူတိုင်းအား ကြင်နာမှုတစ်မျိုးအားပေးစွမ်းနေလေ၏။ လမ်းမပေါ်၌ သူမလမ်းလျှောက်သွားလျှင်ပင် မည်သူကမျှသူမအားစော်ကားရဲမည်မဟုတ်ချေ။

"ကျင်းအာ...တကယ်ပဲနင်လား" ရွှယ်လန်သည် ဝေ့ကျင်းဆီသို့ အမြန်ပြေးလာကာ မျက်လုံးများလည်းနီရဲလာသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now