Chapter(100)

349 47 1
                                    

အိပ်မတ်ထဲမှာတောင်ထည့်မမက်ရဲပါဘူး!

လီတျန်းမင်သည် သူလွင့်ထွက်သွားသည့်အခါ သူနှင့်မီးတောက်ဝါကျောက်တုံးအကြားမှဆက်သွယ်မှုသည် အနည်းငယ်ဖျော့တော့လာကြောင်း ခံစားမိနေ၏။ ကျောက်တုံးသည် ထူးဆန်းစွာဖြင့် သူ့အားကောင်းချီးပေးခဲ့ကာ အဆင့်နှစ်ဆင့်အားတစ်ပြိုင်နက်တည်းကျော်ဖြက်နိုင်စေရန်ကူညီပေးခဲ့၏။ ယခုအခါ ကျောက်တုံးမှာ ပင်ပန်းသွားခဲ့ချေပြီ။

သို့သော် ကျောက်တုံးသည် သူ့အားနောက်တစ်ကြိမ်အခွင့်အရေးပေးဖို့ဆန္ဒရှိနေလျှင် လီတျန်းမင်သည် ကျောက်တုံးကသူ့အားဆင့်ခေါ်ခြင်းအားခံစားသိရှိနိုင်လိမ့်မည်ဟုယုံကြည်နေ၏။ သူ့အတွက် မီးတောက်ဝါကျောက်တုံးသည် ခင်မင်ရင်းနှီးသောသူငယ်ချင်းတစ်ယောက်ကဲ့သို့ပင်။ မီးတောက်ဝါကျောက်တုံး၏ အသိအမှတ်ပြုခြင်းအား ရရှိခဲ့သော တပည့်တစ်ဦး... ၎င်းသည် ဖော်ပြ၍မရသော ခံစားချက်တစ်ခုပင်ဖြစ်သည်။

လီတျန်းမင်ကမတ်တပ်ထရပ်လိုက်သောအခါ လူတိုင်း၏မျတ်လုံးများသည် သူ့အားစူးစိုက်ကြည့်နေကြပြီး ထိုလူများအထဲ၌ မုယန်နှင့်ပညာရှိချန်းတို့လည်းပါဝင်ပေသည်။

သူက အဘယ့်ကြောင်မသေသေးရသနည်း။ 

"အားလုံးပဲ မင်္ဂလာနေ့လည်ခင်းပါ "

လီတျန်းမင်သည် သူ၏အဝတ်အစားများအား သပ်ရပ်အောင်ပြန်ပြင်လိုက်၏။ တစ်ချိန်တည်းမှာပင် ကျန်းဖေးလင်သည်လည်း ပင်ပန်းနွမ်းနယ်နေသောအမူအရာဖြင့်လီတျန်းမင်၏အနား၌ပေါ်လာလေ၏။

ကြက်ကလေးကမူ လီတျန်းမင်၏ အခြား တစ်ဖက်၌ မီးများတောက်လောင်ကာ ရပ်နေသည်။

ထို့နောက် မုယန်က လက်ယပ်ခေါ်သည်။  "ဒီကိုလာအုံး။"

"မင်္ဂလာပါ ဒုသခင်နဲ့ပညာရှိချန်း" လီတျန်းမင်က သူ၏အရှေ့မှ နှစ်ယောက်အား ကြည့်လိုက်သည် ။  ထိုနှစ်ယောက်စလုံးသည် လောင်မီးမြို့၏ဒဏ္ဍာရီများ၊ ၎င်းတို့၏မျိုးဆက်၏ဂုဏ်ယူဖွယ်များနှင့် ဟင်္သါပြဒါးနိုင်ငံ၏ထောက်တိုင်များဖြစ်ကြသည်။။

သူတို့ နှစ်ယောက်စလုံးသည် ဝေ့ကျင်းနှင့်ပက်သက်သူများဖြစ်ကြကာ လီယန်ဖန်းထက်ပင် ပိုသန်မာ၍ ချောမောကြပေသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Tempat cerita menjadi hidup. Temukan sekarang