ရူးသွပ်နေသောမကောင်းဆိုးဝါး!
" လီတျန်းမင်...ငါ့ရဲ့မိုးကြိုးမီးတောက်ချိန်းကြိုးစာမိတာ ပထမဆုံးမို့လို့ ဂုဏ်ယူလိုက်စမ်းပါကွာ " လျူချင်းယန်သည် ချိန်းကြိုးအား သူ၏ လက်ထဲတွင်ဝှေ့ယမ်းနေရင်း လီတျန်းမင်အား စူးစိုက်၍ကြည့်ကာပြောလိုက်သည်။ ဤနေရာတွင် တစ်ဦးထဲသော သားရဲသွေးကြောအဆင့်ကိုးရှိသူဖြစ်သဖြင့် သူသည်သူ၏ပါရမီအပေါ် မာန်ကြီးနေသည်။
လျူချင်းယန်က ထိုမိုးကြိုးမိးတောက်ချိန်းကြိုးအား ကိုယ်တွင်ပတ်ထားကာ ၎င်းအား ကြာပွတ်အဖြစ်သုံးမည့်ပုံရသည်။ ၎င်း၏ ရန်သူအားချိတ်တွယ်တတ်သောစွမ်းရည်ကြောင့် ထိုချိန်းကြိုးမှာ သာမာန်ကြာပွတ်ထက်ပင် ပို၍ အန္တရာယ်များပေလိမ့်မည်။ အဆင့်သုံးသားရဲလက်နက်တစ်ခု ထွက်ပေါ်လာရာ ပရိတ်သတ်များထဲမှ အားကျသည့်အသံ မနာလိုသည့်အသံများကထွက်ပေါ်လာသည်။ အချို့ဆိုလျှင် ထိုလက်နက်သည် လီတျန်းမင်မှကျော်လွှားနိုင်မည်မဟုတ်သော အားသာချက်ကြီးတစ်ခုအဖြစ်ပင် ခန့်မှန်းကြသည်။
" ဒီတစ်ယောက်ကိုတော့ လီတျန်းမင်နိုင်မယ်လို့မတွေးနဲ့ . . . . "
" မေ့လိုက်စမ်းပါ။ ဒီနေ့ သူ့ရဲ့ စွမ်းဆောင်ရည်ကတောင် အတော်လေးမြင့်မားနေပြီးသားလေ"
"လောင်မီးမြို့က မကောင်းတဲ့လုပ်ရပ်ကြောင့်သာမဟုတ်ရင် လီတျန်းမင်ကလည်းကျောင်းသားကောင်းပါကွာ။ လူငယ်တွေကအချစ်ကြောင့်လမ်းမှားရောက်တာ ဝမ်းနည်းစရာပဲ "
" ဒါပေမယ့် ခြေတစ်လှမ်းမှားတာက ဘဝတစ်ခုလုံးပျက်စီးသွားတာပဲလေ။ သူ့ရဲ့ အခုလိုရုန်းကန်မှုက ဘာမှအသုံးမဝင်တော့ဘူး "
တကယ်တော့ လီတျန်းမင်သည်ထိုအသံများအား ကြားနေရသည်။ အသုံးမဝင်သော ရုန်းကန်မှုလော။ သူ၏ခွန်အားများကိုကမ္ဘာကြီးအား ပြသခြင်းသည် အသုံးမဝင်သော ရုန်းကန်မှုတစ်ခုမဟုတ်ပေ။လီတျန်းမင်သည် ပြာပုံထဲမှ နိုးထလာပြီဖြစ်သည်။ လှောင်ပြောင်ခံနေရသော လီတျန်းမင်၏ ဘဝသည် ပြီးဆုံးသွားပြီဖြစ်သည်။
လှမ်းကြည့်နေသော ထိုသွေးအေးသည့် အမျိုးသားသည် လီတျန်းမင်၏ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်နေသည်အား မည်သို့သိနိုင်မည်နည်း။ လီတျန်းမင်သည် သူ၏ဖခင်အား နောင်တရအောင်တော့ လုပ်နိုင်မည်မဟုတ်ပေ။ သို့သော်လည်း အနည်းဆုံးတော့ လျူချင်းယန်အား ရွေးလိုက်သည်က မှားယွင်းသည်ကိုတော့ သူပြသနိုင်သည်။ ထိုသို့ပြသနိုင်ရန်အတွက် သူသည်လျူချင်းယန်အား အရှက်တကွဲကွဲရှုံးနိမ့်စေရမည်ဖြစ်သည်။
" သေစမ်း "
ယခုအချိန်တွင်တော့ လီတျန်းမင်နှင့် ကြက်ကလေးတို့သည် လျူချင်းယန်နှင့် လျှပ်စီးကျားသစ်အား တိုက်ရိုက်ရင်ဆိုင်လိုက်ကြပြီဖြစ်သည်။
ထင်သည့်အတိုင်းပင် လျူချင်းယန်မှာ မိုးကြိုးဖော်ဆောင်ခြင်းကျာပွတ်ရိုက်ချက်ကိုသုံးသည်။ မိုးကြိုးမီးတောက်ချိန်းကြိုးမှာ လျှင်မြန်စွာဖြင့် အဟုန်ပြင်းထန်စွာရိုက်ချလာကာ လီတျန်းမင်အားပုန်းစရာနေရာမရှိစေသည့် ပုံပေါက်နေသည်။ ကြာပွတ်ရိုက်ချက်အနည်းငယ်ရိုက်ပြီးနောက် ရွှင်ပျော်ပျော်တည်းခိုခန်း၏ အမိုးများမှာ ပြိုကိလာပကာ အဆောက်အဦးတစ်ခုလုံး ကပျက်စီးသွားတော့မည်ပုံပေါက်လာသည်။ အထဲရှိလူအားလုံးမှ ပြေးထွက်ပြီးသည့်အခါတွင်တော့ မီးတောက်ကောင်းကင်မြို့၏ အမြင့်ဆုံးအဆောက်အဦးကြီးမှာ လျူချင်းယန်၏ ကြာပွတ်ရိုက်ချက်ကြောင့် ပြိုကျသွားပြီဖြစ်သည်။
မိုးကြိုးနှင့်မီးများတောက်လောင်နေသော ချိန်းကြိုးသည် အညှာအတာကင်းမဲ့စွာဖြင့် လီတျန်းမင်၏နောက်သို့ တောက်လျှောက်လိုက်နေသည်။ ပွဲကြည့်ပရိတ်သတ်အားလုံးသည် လီတျန်းမင်အား လျူချင်းယန်နှင့် မိုးကြိုးမီးတောက်ချိန်းကြိုးအား ရင်ဆိုင်နိုင်စွမ်းမရှိသည့် စက္ကူကျားတစ်ကောင်အဖြစ် စတင်တွေးလာကြပြီဖြစ်သည်။
" လီတျန်းမင်ဆိုတဲ့ငကြောက်ကောင်.... မင်းငါ့ကိုခုထိ ရင်မဆိုင်ရဲသေးဘူးမှတ်လား " လျူချင်းရန်မှာ တိုက်ပွဲအခြေအနေက သူ့ဘက်သို့အရေးသာနေသဖြင့် လီတျန်းမင်အား လှောင်ပြောင်နေလိုက်သည်။
" တိုက်ကွက်တစ်ခုဆို လုံလောက်တယ် " လီတျန်းမင်မှာ ဘေးသို့လျှင်မြန်စွာရွေ့လျှားလိုက်၍ လျှပ်စီးကျားသစ်၏ပုတ်ချက်နှင့် လျူချင်းယန်၏ ကြာပွတ်ရိုက်ချက်အားရှောင်လိုက်သည်။ ထို့နောက် ကြက်သွေးရောင်အရိပ်တစ်ခုသဖွယ် အပျက်အစီးများကြားတွင် လီတျန်းမင်ကဆက်လက်ရှောင်တိမ်းနေသည်။
ရင်ဟော်ကမူ အတော်လေးရဲသည်။ လျှပ်စီးကျားသစ်ပေါ်တက်၍ ကျောတွင်အပေါက်ဖောက်နေသည်။ ရင်ဟော်မှာသေးလည်းသေးငယ်လှသဖြင့် လျှပ်စီးကျားသစ်အတွက် ၎င်းအာဖမ်းဆီးရန်နှင့် တိုက်ခိုက်ရန်မှာ ခက်ခဲနေသည်။
" ရွှိီး "
လျှပ်စီးကျားသစ်သည် ခုခံတိုက်ခိုက်မှုအနေဖြင့် အမွှေးများမှ လျှပ်စီးများအားထုတ်လွှင့်ကာ ရင်ဟော်အား ခွာကျရန်လုပ်ဆောင်နေသည်။
" ခုခံနေတာကိာရပ်လိုက်။ ဒီနေ့မင်းပါပါး ကမင်းရဲ့သွေးနဲ့ အသားကိုပွဲတော်တည်မယ်ကွ " ရင်ဟော်သည် လျှပ်စီးများ၏ ရိုက်ခက်မှုဒဏ်အားခံနေရင်းလျှပ်စီးကျားသစ်၏ ကျောတွင်အပေါက်ဖောက်ကာ အထဲသို့ဝင်ရန်ကြိုးစားနေလေ၏။ ကျားသစ်မှာ မြေပေါ်၌လှိမ့်ချလိုက်သော်လည်း အချည်းအနှီးသာ ဖြစ်နေသည်။
ထိုအခိုက်အတန့်အတွင်းမှာပင် ကြက်ကလေးအား ဆက်၍တိုက်ခိုက်စေခြင်းက အကျိုးမရှိဘဲ လျှပ်စီးကျားသစ်နှင့်အတူပေါင်း၍ လီတျန်းမင်အား တိုက်ခိုက်ခြင်းသည် ပို၍ကောင်းသော လှုပ်ရှားမှုဖြစ်ကြောင်း လျူချင်းယန်သတိထားမိသွားသည်။ ထို့ကြောင့် သူ၏ကြာပွတ်အား လီတျန်းမင်ထံသို့ရိုက်ချလိုက်ကာ လျှပ်စီးကျားသစ်ကလည်း အမြှီးအား ကြာပွတ်သဖွယ်အသုံးပြုကာရိုက်ချလိုက်သည်။ လီတျန်းမင်တို့အနေဖြင့် သားရဲသခင်တိုက်ခိုက်ရေးပညာနှင့် သားရဲတိုက်ခိုက်ရေးပညာကို တစ်ဆက်ထဲရင်ဆိုင်လိုက်ကြရခြင်းဖြစ်သည်။
လီတျန်းမင်မှာ အောက်စည်းရောက်နေပုံရသော်လည်း သူပြောသကဲ့သို့ တိုက်ပွဲအအဆုံးသတ်ရန် တိုက်ကွက်တစ်ခုသာလိုသည်။ ယခုတော့ပြီးပြည့်စုံသောအခွှင့်အရေးအားတွေ့ရပြီဖြစ်သည်။
ကြက်သွေးရောင်အရိပ်သည် လှုပ်ရှားမှုအား ပြောင်းလဲလိုက်ပြီးနောက် လျူချင်းယန်ဆီသို့ပြေးဝင်လာကာ ချိန်းကြိုးရိုက်ချက်များစွာအား လက်မောင်းဖြင့်ခံလိုက်သည်။ ထိုရိုက်ချက်များသည် လက်မောင်းအား အကြိမ်ကြိမ်ကျိုးကြေစေနိုင်သော်လည်း လီတျန်းမင်ကမူ အကောင်းတိုင်းရှိနေဆဲဖြစ်သည်။
လျူချင်းယန်မှာ သူ၏ရိုက်ချက်များက မထိခိုက်စေသည်အားမြင်သည့်အခါ အံသြသွား၍ ထိုအံသြမှုကြောင့် ရိုက်ချက်များကနှေးကွေးသွားခဲ့သည်။ ထိုအချိန်မှာပင် လီတျန်းမင်က သူ၏ဘယ်လက်အားမြှောက်၍ လျူချင်းယန်နှင့် လျှပ်စီးကျားသစ်အား ဘယ်လက်ရှိတတိယမျက်လုံးနှင့်ကြည့်လိုက်သည်။
" စိတ်ရှုပ်ထွေပြားမျက်လုံး "
ထိုအခိုက်အတန့်တွင်ပင် လျူချင်းယန်နှင့် လျှပ်စီးကျားသစ်တို့၏ မျက်လုံးများမှာ မှုန်မှိုင်းသွား၍ နေရာတွင်ပင် ခန္တာကိုယ်များကတောင့်တင်းသွားသည်။
" အစ်မ. . . " လျူချင်းယန်၏ မျက်လုံးများမှာမြူခိုးများဝေနေ၍ ခြောက်ကပ်ကပ်လေသံဖြင့်ရေရွတ်သည်။
" အယုတ်တမာကောင် " လီတျန်းမင်မှာ သူ၏စိတ်ရှုပ်ထွေပြားမျက်လုံးသည် တပ်မက်စိတ်အရှိဆုံးလူအား မြင်စေခြင်းဖြစ်ကြောင်းသိသည်။ သို့သော်လည်း လျူချင်းယန်၏ တပ်မက်စိတ်အရှိဆုံးသူကမှာ သူ၏ အမဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။ ထိုနာမည်ကျော်မိသားစုသည် အတွင်းပိုင်းကပုပ်ဟောင်နေသည်လော။
စိတ်ရှုပ်ထွေပြားမျက်လုံးသည် လီတျန်းမင်အား တိုက်ပွဲ၌နိုင်စေမည့် အခွင့်အရေးပေးနေပြီဖြစ်သည်။ သူ့အနေဖြင့် စိတ်လှည့်စားမှုများထဲမှ လျူချင်းယန်ပြန်လွတ်မလာခင်အဆုံးသတ်ရမည်ဖြစ်သည်။ လီတျန်းမင်သည် ဆင်နဂါးလက်သီးဖြင့် လျူချင်းယန်၏မျက်နှာအား တည့်တည့်ထိုးလိုက်၏။
" ဘန်း "
အရိုးကျိုးသံတစ်ခုသည်တစ်မြို့လုံးသို့ပျံ့နှံသွားသည်။ လွန်ခဲ့သည့်လက လီတျန်းမင်မှာ လျူချင်းယန်၏ မျက်ခွက်အားထိုးမည်ဟု ကျိန်ဆိုခဲ့သည်။ ယခုမူ ထိုအခွင့်အရေးအား တွေ့နေရပြီဖြစ်ရာ မည်သို့မျှမညှာတာနိုင်ချေ။ ထိုလက်သီးချက်သည် ကျန်းဇီရွှမ်းခံရသည်ထက်ပိုပြင်းကာ နှာခေါင်းတစ်ခုလုံးသည် မျက်နှာထဲသို့ပြန်သွားရုံသာမက လည်ပင်းရိုးပါကျိုးကျလုနီးပါးဖြစ်သွားသည်။
" အစ်မရေ။ကယ်ပါဦး " လျူချင်းယန် ကငယ်သံပါအောင်အော်ဟစ်လိုက်သည်။ လီတျန်းမင်၏ လက်သီးချက်မှာ လျူချင်းယန်၏ ဦးနှောက်များအား ကင်ပစ်ကာ သတ္တိများအား ကုန်ဆုံးသွားစေသည်။ သူ၏မျက်နှာမှ သွေးများစီးကျနေရင်း လီတျန်းမင်သည် မည်ကဲ့သို့ သူ၏အစ်မလျူချင်း၏ ပုံရိပ်ယောင်အားဖန်တီးခဲ့သည်ကို နားမလည်ဖြစ်နေသည်။ စိတ်လှည့်စားခြင်းပညာရပ်များသည် သူ့အစ်မ၏ အထူးကျွမ်းကျင်ပညာရပ်များဖြစ်သည်။ ထိုအရာများအားလီတျန်းမင်သည်အဘယ်ကြောင့် တက်မြောက်နေရသနည်း။
ဝမ်းနည်းစရာမှာ လျူချင်းယန်သည် ထိုသံသယအား မတွးတောနိုင်တော့ချေ။ သူ၏မျက်နှာမှ သွေးများကအဆက်မပြတ်ကျနေကာ သူ့အားကယ်တင်ရန်သာ အော်ဟစ်အကူအညီတောင်းနေရသည်။
ESTÁS LEYENDO
သားရဲခေတ်၏အရှင်သခင် Vol.1
Fantasíaလီတျန်းမင်ဟာမီးတောက်ဝါမျိုးဆက်ကျောင်းတော်ကြီးရဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ဘဝရဲ့အချိုးကွေ့အပြောင်းအလဲတွေကြောင့် ချစ်သူရဲ့အကောက်ကြံခြင်းကိုခံခဲ့ရပြီးနောက် ဒုက္ခိတဖြစ်သွားပြီးတော့ ကျောင်းကနေနှင်ထုတ်ခံရပြီး နာမည်ပျက်လည်းပျက်ခဲ့ရပါတယ်။ လီတျန်းမင်ရဲ့ကံဆ...