Chapter(118)

279 27 2
                                    

ပထမဆုံးသေရမယ့်သူက မင်းပဲ!

ကျိချင်းယန်သည် လီတျန်းမင်၏နာမည်အားမေးလိုက်ချိန်၌ သူ၏လက်နက်အားထုတ်လိုက်ပြီးပြီဖြစ်၏။ ၎င်းသည် အရှည်နှစ်မီတာခန့်ရှိသော လှံရှည်ဖြစ်ကာ လှံ၏ကိုယ်ထည်အားနဂါးအကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။  တစ်ချက်ကြည့်လိုက်လျှင် ၎င်းသည် ထိပ်တန်းအဆင့်ငါးသားရဲလက်နက်တစ်ခုဖြစ်ကြောင်း မည်သူမဆိုသိလိမ့်မည်ဖြစ်၏။

ထိုလှံအား ကြက်သွေးရောင်နဂါးလှံဟုခေါ်၏။

ကျိချင်းယန်သည် ရှေးဟောင်းစစ်မြေပြင်၌   ထိုသို့သော ပြိုင်ဘက်အား တွေ့ဆုံရခြင်းကြောင့် အလွန်ပင် ဝမ်းမြောက်မိသည်။ အထူးသဖြင့် ထိုလူသည် အသက်သားရဲအား နတ်သုဓ္ဒာကို သန့်စင်စေသည့် မိုက်မဲသောလူတစ်ယောက်ပင်။

"ပြောစမ်းပါ။ မင်းနာမည်ဘယ်လိုခေါ်လဲ!" 

ကျန်းဖေးလင်က  လာမည့်တိုက်ပွဲအတွက် စိုးရိမ်နေချိန်တွင် လီတျန်းမင်က ရယ်မောလိုက်သည်။  "ငါက မင်းအဖေမီးရှူးနဂါးဘုရင်ကွာ။ သားလေး မင်းအဖေကိုမမှတ်မိဘူးလားကွ"

ထိုအခါကျိချင်းယန်ကရယ်မောလိုက်သည်  "ကောင်းပြီ၊ အဲ့ဒါက ငါမင်းကို အနိုင်ယူရမလား သတ်ရမလားဆိုတဲ့ မေးခွန်းကို ဖြေလိုက်တာပဲ"

ရှေးဟောင်းစစ်မြေပြင်၌  ၎င်းတို့အားလုံးသည် ပြိုင်ဘက်များသာဖြစ်သည်။  တစ်ခုတည်းသော ပြဿနာမှာ စည်းမျဉ်းစည်းကမ်းများအား မည်သူကမျှ မသိသေးပေ။

"တျန်းဇုထွက်လာတော့" ထို့နောက် ကျိချင်းယန်၏ဘေး၌ အသက်သားရဲကြီးတစ်ကောင် ခုန်ထွက်လာ၏။  ၎င်းသည် ကြီးမားသောမြွေကြီးတစ်ကောင်ဖြစ်ကာ ၎င်း၏ကိုယ်ခန္ဓာအား သွေးနီရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းထားသည်။  အနီးကပ်စစ်ဆေးကြည့်လျှင် ထိုမြွေ၌ ခြေထောက်များပါရှိသဖြင့် ၎င်းသည် ဆန်းကြယ်လှသောနဂါးများအနက်မှ တစ်ကောင်နှင့်ပိုတူသည်။  တစ်ခုတည်းသောအချက်မှာ ၎င်း၏ဦးခေါင်း၌ ဦးချိုမပါခြင်းဖြစ်လေ၏။

"တော်ဝင်မီးရှူးနဂါးမျိုးနွယ်က 'မီးရှူးနဂါး'တွေအကြောင်း ကြားဖူးလား။"  ကျိချင်းယန်က ရယ်မောလိုက်သည်။

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now