Chapter(75)

363 48 0
                                    

သူငယ်ချင်းဟောင်း၏သား!

“ရိုးရှင်းပါတယ်ကွာ။ ဝေ့ဂေါင်ဟောင်ကိုကြည့်...သူကမင်းနဲ့သက်တူရွယ်တူပဲ။ ငါတောင်သူ့ကိုတပည့်အဖြစ်လက်လုနီးပါးပဲကွ။ မင်းသာသူ့ကိုကျော်ဖြက်နိုင်ရင် ငါမင်းကိုလက်ခံမယ်" ဟု မုယန်က ပေါ့ပေါ့ပါးပါးပင်ပြောလိုက်၏။ လီတျန်းမင်၏ယနေ့စွမ်းစွမ်းမှုမှာ ဝေ့ဂေါင်ဟောင်၏ခြေဖျားကိုပင်မမှီချေ။

"ကျွန်တော်နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ်..ဒုသားရဲတွင်းသခင်" အံသြစရာကောင်းသည်မှာ လီတျန်းမင်က ထိုစိန်ခေါ်မှုအား ပြုံး၍လက်ခံလိုက်ခြင်းပင်။ 

ဝေ့ဂေါင်ဟောင်သည် အနည်းဆုံး ဝိဉာဥ်အရင်းအမြစ်အဆင့်ခုနှစ်၌ ရှိနေကာ သူသည် သူ၏မျိုးဆက်များကြားထဲ၌ ထိပ်တန်းတစ်ယောက်ဖြစ်သည်ကို သံသရာဖြစ်စရာမလိုချေ။ လီတျန်းမင်ကမူ အချိန်များစွာဆုံးရှုံးခဲ့ရသောကြောင့် ဝေ့ဂေါင်ဟောင်အားအမှီလိုက်ရန် ခဲယဥ်းပေမည်။ သို့သော် လီတျန်းမင်သည် သူ့ကိုယ်သူနှင့် သူ၏ရှေးဟောင်းဆိုးသွမ်းသားရဲများကိုယုံကြည်၏။ သူသည် ဝေ့ဂေါင်ဟောင်အား မကြာခင်ကျော်ဖြက်နိုင်မည်မှာသေချာလေ၏။

"စောက်ရူး!" ဝေ့ဇီခွန်းသည် လီတျန်းမင်၏မိုက်မဲမှုအား မခံစားနိုင်တော့ချေ။ မုယန်သည် လီတျန်းမင်အတွက်အစီအစဥ်များအား ပြုလုပ်ထားပြီးဖြစ်သောကြောင့် ထိုနေရာ၌ သူဆက်နေရန်အကြောင်းမရှိတော့ချေ။ ထို့ကြောင့် သူသည် မုယန်နှင့်အစောက့်အရှောက်တို့နှင့်စကားခဏပြောပြီးသောအခါ ခန်းမထဲမှထွက်သွားလေ၏။

"ဒုတိယဦးလေး၊ ကျွန်တော့်ကိုစောင့်ပါဦး"  ဝေ့ဂေါင်ဟောင်သည် ဝေ့ဇီခွန်း၏အနောက်သို့လိုက်သွားလေ၏။ သူသည် လီတျန်းမင်၏ဘေးမှဖြက်သွားစဥ် မနေနိုင်တော့ပဲပြုံးပြလိုက်သည်။ လီတျန်းမင်ကသူ့အား အနိုင်ယူရန် အိပ်မက်သာမက်နိုင်မည်ဖြစ်ကြောင်းပြောပြနေသလိုပင်။

“ဒီအိမ်သော့က အခုမင်းဟာပဲ။ ဒါနဲ့ ကောင်းကင်သားရဲတွင်းမှာ မင်းသူငယ်ချင်းတွေရှိလား" မုယန်သည် လီတျန်းမင်အပေါ်၌ အမြင်ကောင်းများရှိသောကြောင့် ကောင်းကင်သားရဲတွင်းရှိ သူ၏နေအိမ်နှင့်မြေပုံအားပေးလိုက်သည်။ 

သားရဲခေတ်၏အရှင်သခင် Vol.1Tahanan ng mga kuwento. Tumuklas ngayon