Chapter(157) B

253 31 0
                                    


မင်္ဂလာအချိန်

"ဒုသားရဲတွင်းသခင်မုယန်၊ မီးတောက်ဝါမျိုးဆက်ကျောင်းတော်သခင်နှင့် မိသားစုတို့ ရောက်ရှိလာပါပြီ!" မြင်းလှည်းပေါ်မှ ဆင်းလိုက်သည်နှင့် လျှပ်စီးအိမ်တော်အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြသည်။ အိမ်တော်၏ ထင်ရှားကျော်ကြားသော အလှမယ်များထဲမှ တစ်ဦးအနေဖြင့် လျှူချင်းသည် ဧည့်သည်များအား ကြိုဆိုသည့်နေရာ၌ရှိနေလေ၏။

"လျှူချင်း ဒီဂုဏ်ထူးဆောင်ဧည့်သည်တွေရဲ့ ထိုင်ခုံတွေဆီလိုက်ပို့လိုက်ပါ။" လျှပ်စီးအိမ်တော်သခင်၏ဒုတိယသား လင်းရှောင်ဖန်းက ပြောလိုက်၏။

"ဟုတ်ကဲ့။"  လျှူချင်းသည် အနီရောင် ဂါဝန်အား ၀တ်ဆင်ထားကာ သူမ၏ ဆွဲဆောင်မှုရှိသော ရုပ်ရည်အား ပိုမိုပေါ်လွင်စေသည်။ သို့သော် ဝေ့မျိုးနွယ်စု၏ မြင်းလှည်းအတွင်းမှထွက်လာသော မိန်းကလေးတစ်ယောက်သည် သူမ၏အာရုံအားချက်ချင်းပင်ဖမ်းစားသွားလေ၏။ မိန်းကလေးသည် ခံစားချက်အနည်းငယ်သာပြထားကာ မိတ်ကပ်အနည်းငယ်အား လိမ်းကျံထားသော်လည်း သူမ၏ သဘာဝအလှသည် လျှူချင်းကဲ့သို့ ဟန်ဆောင်ပြီး အတုအယောင်ဖြစ်မလာစေရန် လုံလောက်နေသည်။ ထို့အတူ ဆံပင်ဖြူ လီတျန်းမင်သည် လူစုလူဝေးကြားတွင်ထင်းနေလေ၏။

"ဒီကောင်မလေးက ဘယ်သူလဲ၊ ဘာလို့ သူ့ကို နည်းနည်း ရင်းနှီးနေတာလဲမသိဘူး"

“သူမကို အရင်က မတွေ့ဖူးဘူး။  လီတျန်းမင်က တခြားအလှလေးကို ဘယ်အချိန်ကတည်းက မိတ်ဖွဲ့လိုက်တာလဲ။”

လင်းရှောင်ဖန်းကမူ ဝေ့ကျင်း၏ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကပုံစံအား မှတ်မိနေသေးသောကြောင့် ဝေ့ကျင်းအား မှတ်မိနေသည်။

"မင်းရဲ့ငယ်ဘဝကို တစ်ဖန်ပြန်လည်ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်"  သူက ပြုံးလိုက်၏။

ဝေ့ကျင်းကမူ ပြန်မဖြေရန်သာရွေးချယ်လိုက်၏။ ယခုပင်မဆိုထားနှင့် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုကပင် သူတို့သည် ကောင်းမွန်သော အနေအထား၌မရှိခဲ့ပေ။ သို့သော် လင်းရှောင်ဖန်းသည် ထိုအရာအားမကျေမနပ်မဖြစ်ပဲ လျှူချင်းကအမေနှင့်သားတို့အားခေါ်သွားသည့်အခိုက် သူက မုယန်နှင့် ဝေ့တျန်းရှုန်တို့အားကြိုဆိုလိုက်လေ၏။

သားရဲခေတ်၏အရှင်သခင် Vol.1Hikayelerin yaşadığı yer. Şimdi keşfedin