Chapter(159)

253 34 0
                                    

လင်းတျန်းကျန်း၏ကလဲ့စားချေခြင်း

ဟင်္သါပြဒါးနိုင်ငံ၏အထက်တန်းစားများအတွက် ဤလုပ်ဆောင်ချက်များသည် မည်သည့်မျိုးနွယ်စုက ကျော်ကြားလာမည်ဖြစ်ပြီး မည်သူကအရှက်ရစေမည့် ရှုံးနိမ့်မှုအား ခံရမည်ကိုသိရန် လုံလောက်သည်။  ကျင်းရီရွှမ်ကမုယန်အားစကားတစ်ခွန်းမှ မပြောခဲ့သောကြောင့် ဝေ့မျိုးနွယ်မှာ ကျဆုံးသွားပြီဖြစ်ကြောင်း သက်သေပြနေပေပြီ။

ကျန်သည့်သူများအတွက်ကမု ပို၍အရေးကြီးသည်မှာ ဤတိုက်ပွဲ၏ဒဏ်အား မည်သို့ကာကွယ်ရမည်နည်း။ သို့သော် ထိုသို့လုပ်ရန် ပထမခြေလှမ်းမှာ မှန်ကန်သည့်ဘက်ခြမ်းအားရွေးချယ်ရန်ပင်။ ခဏတာအတွင်းမှာပင် လူများသည် အထီးကျန်နေသော မုယန်နှင့် ဝေ့တျန်းရှုန်တို့၏ဘေးမှဝေးရာသို့ရွေ့သွားကြသည်။ အချို့ကမူ လီတျန်းမင်နှင့် ဝေ့ကျင်းတို့ကိုပင် စူးစူးရဲရဲကြည့်နေကြကာ ဝေ့မျိုးနွယ်၏ကျဆုံးခြင်းအတွက်ရင်ခုန်နေကြသူများပင်ရှိလေ၏။

စစ်ဆေးရေးမှူးများကိုယ်တိုင်ကဦးဆောင်ကာ ရွယ်လင်မျိုးနွယ်နှင့်အတူ ဝေ့မျိုးနွယ်အား စိန်ခေါ်ချင်နေသည်မှာ သိသာလေ၏။  ဤသည်မှာ ရိုးရှင်းသော အစားထိုးမှုတစ်ခုဟု ထင်ရသော်လည်း ထိုလုပ်ရပ်များပြီးသည်နှင့် ဝေ့မျိုးနွယ်စုအား အမြစ်မှစ၍လှန်တော့မည်မှာသေချာ၏။

ထိုကဲ့သို့အရေးကြီးသော အခိုက်အတန့်တွင် ဝန်ကြီးချုပ်ချင်ဦးဆောင်သော လျှို့ဝှတ်စာကြည့်တိုက်အဖွဲ့သည် ဘုရင်ကြီး၏ဘေး၌မလှုပ်မယှက်ရပ်နေကြ၏။

“ ကဲ...ဟင်္သါပြဒါးဘုရင် ဒီမြေကို အုပ်စိုးသူအနေနဲ့တိုင်းပြည်ရဲ့ မျိုးဆက်သစ်လူငယ်တွေထွန်းကားပြီး တိုင်းပြည်ကို ကြီးပွားတိုးတက်အောင်လုပ်ဖို့က ရှင့်ရဲ့တာဝန်ပဲ မဟုတ်လား။” ဆောင်ရီရွှယ်က  ပြုံးပြီး မေးလိုက်သည်။

"အဲ့ဒါက ကျုပ်လုပ်ရမယ့် တာဝန်ပါပဲ"

"အဲ့ဒီတာဝန်တင်မဟုတ်ဘူး ပြည်သူအားလုံးရဲ့ ယုံကြည်မှုတွေကလည် ရှင့်ဆီမှာပဲ။ ဒီတော့ အဲ့ဒီစိန်ခေါ်မှုက်ုအတည်ပြုဖို့အတွက် ရှင့်ကိုကျွန်မတို့ဖိတ်ခေါ်ပါတယ်။ လက်ခံမလား" ဆောင်ရီရွှယ်က ဆက်မေးသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now