သားရဲခေတ်၏အရှင်သခင် Chapter(26)

521 65 0
                                    

မီးတောက်ကောင်းကင်မြို့သို့ပြန်ခြင်း!

    
စိတ်ရှုပ်ထွေပြားမျက်လုံးအား တည်ဆောက်ရန် ပထမဆုံးလိုအပ်ချက်မှာ စိတ်လှည့်စားခြင်းဝိညာဥ်ကြောရှစ်ဆယ့်တစ်ခုအား ဖန်တီးရန်ဖြစ်သည်။ ထိုသွေးကြော တစ်ခုချင်းစီတိုင်းက ပြိုင်ဘက်ကင်းပုံသဏ္ဍာန်ရှိကာ အခြားသွေးကြောများနှင့်ရှုပ်ထွေးစွာ တည်ရှိနေသည်။ ထို့ကြောင့် တည်ဆောက်ရာတွင် အစီစဥ်ကျမှုနှင့်အမြန်နှုန်းသည် အလွန်အရေးကြီးလှသည်။
    
လီတျန်းမင်သည် ပထမဆုံးစတင်သည့် အခိုက်အတန့်တွင်ပဲ ကျရှုံးသွားရသည်။ သားရဲကီအား မျက်လုံးထဲသို့ လောင်းထည့်လိုက်သည့်အခိုက်အတန့်၌ သွေးများက ယိုစိမ့်၍ထွက်လာကာ မခံမရပ်နိုင်လောက်အောင် နာကျင်မှုအား ခံစားလိုက်ရ၏။
     
" ဒီနည်းစနစ်က လူတွေအတွက် ဖန်တီးထားတာရောဟုတ်ရဲ့လားကွာ " လီတျန်းမင်သံသယဝင်မိသွားသည်။ စိတ်ရှုပ်ထွေပြားမျက်လုံးသည် စာလုံးပေါင်းသောင်းချီပါဝင်သည့် နည်းစနစ်ဖြစ်သော်လည်း သူ့အနေနှင့်ပထမဆုံးစာကြောင်းတွင်ပင် ဤသို့ခံစားနေရသည်။ ကျန်အရာများအား လက်လျှော့လိုက်သည်က ပိုကောင်းမည်လော။
   
သူ၏ညာမျက်လုံးမှာ အလွန်အမင်းနာကျင်နေပြီး ဒုတိယအကြိမ်ထပ်မံကြိုးစားရန် မဖြစ်နိုင်တော့ချေ။ အကယ်၍ သူသာ ဖိအားသုံး၍ ကြိုးစားပါက ကန်းသွားမည်ဖြစ်သည်။ သူ၏လက်ရှိမာကြောမှုနှင့်ပင် ကန်းလုနီးပါးဖြစ်သွားကာ တစ်ကိုယ်လုံးတုန်ရီသွားသည့်အထိ နာကျင်ခဲ့ရသည်။ 
    
" ငါတော့ မဟာအလိမ်အညာနည်းစနစ်ကို ရွေးမိပြီထင်တယ် " လီတျန်းမင် နည်းနည်းစိတ်ပျက်သွားသည်။ ထို့နောက် သူ့အကြည့်က ဘယ်လက်ထံသို့ရောက်သွားသည်။ 
   
" ငါဘာဖြစ်လို့ ဒီမျက်လုံးကိုမေ့နေတာပါလိမ့် " သူ၏ပင်ကိုယ်မျက်လုံးများက ပါရမီကင်းမဲ့ကောင်းကင်းမဲ့မည်ဖြစ်သော်လည်း ဘယ်လက်ရှိမျက်လုံးကတော့ အံဖွယ်ဖြစ်သည်။ ရွံရေများနှင့် ကန်အောက်တွင်ပင် ရှင်းလင်းစွာမြင်နိုင်သောကြောင့် အမည်မသိနေရာမှ ဆင့်ခေါ်ခံရသော အရာတစ်ခုပင်ဖြစ်နေနိုင်သေးသည်။
    
ထို့နောက် ချက်ချင်းပင် ဘယ်လက်ရှိ တတိယမျက်လုံးထံသို့ သားရဲကီများ ပို့လွှတ်လိုက်သည်။ ဂရုတစိုက်ဖြင့် လုပ်ဆောင်ပြီးသည့်အခါတွင်တော့ သူ၏ လောကအပေါ်ရှုမြင်ပုံကိုပင် အနည်းငယ်သံသယဝင်ချင်လာသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Où les histoires vivent. Découvrez maintenant