သားရဲခေတ်၏အရှင်သခင် Chapter(25)

498 65 0
                                    

မဟာကံကောင်းမှု၊ နတ်ဘုရားဝိဉာဥ် နိယာမ!

လီတျန်းမင်သည် အနက်ရောင်ဝဲ၏စုပ်ဆွဲချမှုကြောင့် အောက်သို့ ထိုးကျသွားခဲ့သည်။

" ငါဘယ်ရောက်သွားတာလဲ "
သူသည် အောက်ခြေသို့ ခြေဖြင့်ကုပ်ထားလိုက်ပြီးနောက် အခန်းတစ်ခန်းတွင်းသို့ ရောက်နေသည်အား တွေ့လိုက်ရသည်။ ထိုအခန်းသည် အနက်ရောင်နံရံလေးဘက်နှင့် ကျောက်ကြမ်းပြင်ရှိကာ အလွန်ပင် ခိုင်ခန့်လှသည်။ သို့သော်လည်း မျက်နှာကြက်၌မူ ကြေးရောင်လမ်းကြောင်းတစ်ခုရှိနေကာ ရေတွင်းတစ်ခုနှင့်တူလှသည်။
   
" ငါရေတွင်းအောက်ခြေမှာပဲဖြစ်ရမယ် "

လီတျန်းမင်သည် ပတ်ဝန်းကျင်အား တစ်ချက်လေ့လာပြီးနောက်ရေရွတ်လိုက်သည်။ သူသည် ဤတွင်းထဲတွင် ဝှက်ထားသည့်အရာနှစ်ခုရှိကြောင်း သိလိုက်ရသည်။ တစ်ခုမှာနတ်သုဒ္ဓါဖြစ်၍ နောက်တစ်ခုကမူ အလင်းများအားထုတ်လွှင့်နေသည့် အနာအဆာကင်းစင်သောကျောက်စိမ်းဖြင့် ပြုလုပ်ထားသော စက်လုံးတစ်ခုဖြစ်သည်။
   
ထိုကျောက်စိမ်းလုံးကြောင့် အခန်းမှာ လုံးဝမဲမှောင်မနေခြင်းဖြစ်သည်။
    
" ဒါဘာလဲသိလား " သူသည်အသက်နယ်​မြေထဲမှ ရင်ဟော်အား ဆင့်ခေါ်၍မေးလိုက်သည်။ ထိုကျောက်စိမ်းလုံးသည် တစ်ခုခု ထူးခြားနေသည်မှာ သေချာ၍အလောတကြီးမလုပ်ရဲပေ။
     
" ဒီနေရာမှာ တစ်ခုခုရှိနေတာလား " ကြက်ကလေးသည် ကျောက်စိမ်းလုံးအား တစ်ပတ်ပက်ကြည့်ပြီးနောက် ဆိုသည်။

" ငါ့ကိုနတ်သုဒ္ဓါပေးဦးဟ။ ငါလိုချင်လွန်းလို့လက်တွေတောင် ယားနေပြီ "
    
" ဒီနေရာမှာလား "
    
" မင်းက ဘယ်နေရာမှာ လုပ်ချင်လို့လဲ။ မင်းပါးပါးတွေက အပြင်မှာရှိနေတုန်းပဲလေ။ ရောက်လာရင်ရောက်လာမှာပြောရတာမဟုတ်ဘူး " ကြက်ကလေးက မျက်လုံးအား တစ်ချက်လှန်ရင်းပြောလိုက်သည်။
     
နတ်သုဒ္ဓါအား သန့်စင်ခြင်းသည်အသက်သားရဲ လုပ်ရမည့်ကိစ္စဖြစ်သည်။ ထိုကာလ၌ လီတျန်းမင်က ဘေးမှာနေ၍ စောင့်ကြည့်နေရမည်ဖြစ်သည်။အသက်သားရဲသည် နတ်သုဒ္ဓါအားသန့်စင်ပြီးနောက် သွေးမျိုးဆက်တိုးတက်လာပြီးနောက်တွင် ၎င်းက သားရဲသခင်အား ပြန်၍ ပြုပြင်ပေးနိုင်မည်ဖြစ်သည်။
    
" သူတို့က ငါ့ကို ကြယ်တစ်ပွင့်အသက်သားရဲလို့ ကျိန်းသေ ထင်ပြီး နတ်သုဒ္ဓါကို မသန့်စင်နိုင်ဘူးလို့တွေးလိမ့်မယ်။ ဒါပေမယ့် ငါက ဆင့်ကဲပြောင်းလဲအောင်လုပ်စရာမလုပ်ပဲ ကန့်သတ်နေတဲ့သွေးမျိုးဆက်အတားအဆီးကိုပဲ ဖွင့်လှစ်ရမယ်လို့ ထင်ထားကြမှာမဟုတ်ဘူး " ကြက်ကလေး ကလှောင်ပြောင်ကာပြောလိုက်သည်။
     
" ကောင်းပြီ။လေလုံးထွားမနေနဲ့တော့ " လီတျန်းမင်သည် နတ်သုဒ္ဓါအားလက်လှမ်းပေးလိုက်သည်။ လီတျန်မင်းအနေဖြင့် နတ်သုဒ္ဓါအားသန့်စင်ခြင်း အကြောင်းများစွာအားကြားဘူးသည်။ ထိုလုပ်ငန်းစဥ်သည် စီနီယာများ၏ အကူအညီအားလိုပြီး ခဲယဥ်းစွာကြိုးစားရမည်ဖြစ်သည်။ သမိုင်းတစ်လျှောက်တွင် နတ်သုဒ္ဓါသန့်စင်ခြင်းအား ရှုံးနိမ့်မှုများစွာဖြစ်ခဲ့သည်။ အချို့ဆိုလျှင်သေပင် သေဆုံးခဲ့ကြသည်။ နတ်သုဒ္ဓါအားသန့်စင်ခြင်းအတွက် စည်းမျဥ်းတစ်ခုမှာတစ်ယောက်တည်း မသန့်စင်နှင့်ဟူ၍ဖြစ်သည်။ သို့သော်လည်း ထာဝရငရဲဖီးနပ်ငှက်ကိုတော့ လီတျန်းမင်ကမစိုးရိမ်ချေ။
    
ကြက်ကလေးသည် နတ်သုဒ္ဓါအားရသောအခါ အကြိုက်ဆုံးအရုပ်အားရသွားသော ကလေးတစ်​ယောက်ကဲ့သို့ စိတ်လှုပ်ရှားပျော်ရွှင်သွားသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Tempat cerita menjadi hidup. Temukan sekarang