Chapter(68)

406 48 0
                                    

ကောင်းကင်သားရဲတွင်းသို့ဝင်ရန်သုံးရက်အလို!


လီတျန်းမင်သည်  ကျန်းဖေးလင်အားအဘယ့်ကြောင့်ဤမျှအထိတွယ်တာနေမိသည်အား မသိခဲ့ချေ။ ကျန်းဖေးလင်သည် သူလောင်မီးမြို့သို့ရောက်သည့်အခါ လူတိုင်းနှင့်ဆန့်ကျင်၍ အဘယ်ကြောင့် သူမဘက်မှလီတျန်းမင်အကြောင်းများအားသိရှိနေကြောင်းရှင်းပြခဲ့သည်။ လီတျန်းမင်ကြုံတွေ့ခဲ့ရသည့်ဝေဒနါများအား သူမကိုယ်တိုင်မြင်ခဲ့ပြီး လီတျန်းမင်၏နူတ်ဖြင့်ရှင်းပြသည်တောင် ထိုမျှလောက်ရှင်းလင်းနေမည်မဟုတ်ချေ။ ထို့ကြောင့် သူမသည် လီတျန်းမင်၏အကြောင်းများအားအသိဆုံးလူဖြစ်လာခဲ့သည်။

“ အစ်ကိုကြီးရဲ့နှလုံးခုန်သံနဲ့ အစ်ကိုကြီးရဲ့နှလုံးသားထဲက အဲ့ဒီအသံကို လင်အာနားထောင်ပါရစေ”ဟု တိုးတိုးလေးပြောလိုက်လေသည်။

“အင်း။” လီတျန်းမင်က သူ၏လက်နှစ်ဖက်အား ဖွင့်ထားလိုက်သည်။

သူများတွေ၏ အထင်နှင့်အမြင်များအား သူဂရုမစိုက်ချေ။ လူအများသည် သူ့အား မည်ကဲ့သို့အရှက်မရှိ၊ ဂုဏ်သိက္ခာမဲ့သူအဖြစ် ရှုမြင်နေခဲ့ပါစေ အခြားမည်သည့်အရာကမှ သူ့အပေါ်သို့သက်ရောက်မှုမရှိခဲ့ပေ။ ငယ်ငယ်ကတည်းက သူ၏အမေသည် သူ၏ယုံကြည်ချက်များအား လိုက်နာရန် သင်ပေးခဲ့သည်။ သူလုပ်သမျှ အရာအားလုံးသည် လူတိုင်းအား စိတ်ချမ်းသာရစေမည်ဆိုလျှင် သူသည်ပင်ပန်းလွန်း၍သေသွားမည်ဖြစ်လေ၏။

ဤသို့ဖြင့် မိန်းကလေး၏နွေးထွေးမှုများသည် သူ့ထံမှအာဃာတများအားလွမ်းမိုးသွားသည့်အခါ သူသည် ထိုမိန်းကလေးအားသူ၏ရင်ခွင်အတွင်း၌ဖက်ထားရန် တကမ္ဘာလုံးအားမေးပစ်လိုက်လေတော့သည်။ 

လီတျန်းမင်သည် ကျန်းဖေးလင်အားဖက်ထားသည်။ သူမတောင်းဆိုသည့်အတိုင်း သူမသည် လီတျန်းမင်၏ရင်ဘတ်ပေါ်၌ နားရွက်တင်ထားကာ လီတျန်းမင်၏နှလုံးခုန်သံအား နားထောင်နေခဲ့သည်။ ထို့နောက် ခဏအကြာတွင် သူမက ပြုံးကာ "အစ်ကိုကြီး၊ အစ်ကိုကြီးရဲ့နှလုံးသားက အခုအချိန်မှာတော်တော်ကိုခုန်နေတာပဲ။ ဒါပေမယ့် အရင်လိုမဟုတ်တော့ဘူး။ တည်ငြိမ်ပြီးပိုကောင်းလာတယ်"

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora