သားရဲခေတ်၏အရှင်သခင် Chapter(52)

409 56 0
                                    

ငရဲအရင်းအမြစ်!

လီတျန်းမင်သည် လွန်ခဲ့သည့်သုံးနှစ်ကအဖြစ်အပျက်များမဖြစ်ပျက်ခင် တစ်လလောက်အလို၌ ဝိဉာဥ်အရင်းအမြစ်အဆင့်သို့ရောက်ရှိခဲ့သည်။ သူသည် မိုက်ဒက်စ်နှင့်အတူ ဝိဉာဥ်အရင်းအမြစ်ငါခုအားဖွဲ့စည်းရန် သားရဲသွေးကြောဆယ့်ရှစ်ခု၏စွမ်းအားများအားစုဆောင်းခဲ့ကြသည်။

"သားရဲသွေးကြောအဆင့်ကနေ ဝိဉာဥ်အရင်းအမြစ်အဆင့်ကိုတက်တယ်ဆိုတာ ကျင့်ကြံခြင်းရဲ့အဆင့်ကြီးတစ်ခုလုံးကိုကျော်ဖြက်ရတာ။ တစ်ချို့လူတွေက နာရီပေါင်းများစွာကြာခဲ့ကြပြီး တစ်ချို့လူတွေကတော့ ဆယ်စုနှစ်တစ်အကြာကြိုးစားခဲ့တာတောင်မအောင်မြင်ခဲ့ကြဘူး" ဟု လီတျန်းမင်ကရေရွတ်လိုက်သည်။ "ဒီလို အဆင့်ကြီးတစ်ခုကိုကျော်ဖြက်ရတာက ပင်ပန်ရုံတင်မကဘူး။ အတွေ့အကြုံတွေရော တိကျမှန်ကန်တဲ့ကျင့်စဥ်နည်းစနစ်တွေကိုပါ လိုအပ်တယ်။ ပိုပြီးအရေးကြီးတာက အဆင့်ကြီးတစ်ခုကျော်ဖြက်မယ်ဆိုရင် အဲ့ဒီကျင့်ကြံသူက စိတ်တည်ငြိမ်နေဖို့ရယ် ဉာဏ်အလင်းပွင့်ထားဖို့ရယ်လိုအပ်တယ်။ ငါအရင်က ဝိဉာဥ်အရင်းအမြစ်အဆင့်ကိုရောက်ဖူးတယ်။ ဒါကြောင့် သားရဲသွေးကြောအဆင့်ကိုးကျင့်ကြံသူတွေထဲမှာ ဝိဉာဥ်အရင်းအမြစ်အဆင့်အကြောင်း ငါ့ထက်ဘယ်သူကမှပိုမသိနိုင်ဘူး။ ကျင့်ကြံနည်းစနစ်အရကြည့်မယ်ဆိုရင်လည်း ရင်ဟောင်ရဲ့ ထာဝရငရဲကျမ်းစာနဲ့တင် ပြီးပြည့်စုံနေပြီ။" 

ယခုတွင် သူ၏ ပထမစံသတ်မှတ်ချက်နှစ်ခုမှာ ကိုက်ညီနေပြီဖြစ်သဖြင့် လီတျန်းမင်သည် သူ၏စိတ်အတွင်းမှမီးတောက်လေးကိုသာချိန်ညှီရန်လိုအပ်တော့သည်။  လီတျန်းမင်သည် လုပ်ကြံသတ်ဖြတ်ခြင်းမှ လွတ်မြောက်ပြီးနောက် သာလွန်သောအခြေအနေသို့ ရောက်ရှိသွားသည်ဟု ခံစားလာရသည်။  သူသည် ယခုအချိန်၌ တည်ငြိမ်၍ ဆင်ခြင်တုံတရားရှိနေသော်လည်း သူ၏သွေးများသည် ဒေါသစိတ်များဖြင့် ဆူပွက်နေသည်။ ဤသည်မှာ အခြားလောကမှလာသည့်ခံစားချက်တစ်ခုလိုပင်။ သားရဲကီသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအားဖြက်ပြေးနေ၏။ သို့သော် လီတျန်းမင်သည် အရာအားလုံးအား ယုံကြည်မှုနှင့်စိတ်ပိုင်းဖြက်ထားမှုများအောက်၌ ထိန်းချုပ်ထားခဲ့လေသည်။ 

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora