Chapter(80)

395 58 3
                                    

အသူရာနယ်မြေ!

မုယန်ထွက်သွားပြီးနောက် လီတျန်းမင်သည် သူ၏မိခင်အားတွဲပေးလိုက်သည်။ သူတို့သားအမိသည် ဤနေရာသို့ရောက်နေပြီဖြစ်သောကြောင့် လိုက်လျောညီထွေနေရပေတော့မည်သာ။

ဝေ့ကျင်းမှာမူ ဂနာမငြိမ်ဖြစ်နေလေ၏။  ဤနေရာသည် သူမ ကြီးပြင်းလာခဲ့သည့် နေရာဖြစ်ပြီး ဆယ်စုနှစ် နှစ်ခုစာ အမှတ်ရစရာများ ရှိသည်။  သူမအတွက် သွားလာလှုပ်ရှားရသည်မှာ အဆင်မပြေသော်လည်း လှည့်ပက်ကြည့်ရှုချင်နေလေ၏။

ရင်ဟောင်ကမူ အသက်နယ်မြေအတွင်း၌ အပိတ်ခံထားရသောကြောင့် စိတ်ညစ်နေခဲ့ရလေရာ ယခု အပြင်သို့ထုတ်ပေးလိုက်သောအခါ ပျော်ရွှင်စွာကခုန်နေလေ၏။

ထိုအချိန် အပြင်၌ မိုးဖွဲဖွဲကျလာလေ၏။

"အမေ၊ သူကအမေ့ကို ကယ်မယ်လို့ ထင်လား" လီတျန်းမင်ကမေးလိုက်သည်။

“အဲဒါကို မတွေးချင်သေးဘူး။  ဒါ​ပေမယ့်​ ဒီနေရာကိုပြန်လာဖို့က အမေ့ရဲ့အိပ်မက်ဖြစ်နေတော့ ပြန်လာခွင့်ပေးတာကိုပဲကျေးဇူးတင်ရမှာပေါ့" ဝေ့ကျင်းသည် စိတ်မကောင်းဖြစ်နေပုံမရချေ။

“ဒီနေ့ နည်းနည်း စိတ်တိုသွားတော့အဆင်မပြေခဲ့ဘူး။ အခွင့်အရေးရရင် သားသူ့ကိုထပ်ပြောကြည့်ရမယ်" လီတျန်းမင်သည် ဒီနေ့ သူအနည်းငယ်လွန်သွားကြောင်းသိ၏။ သို့သော် ဝေ့တျန်းကန်သည် အဘယ့်ကြောင့် ဤမျှအထိနှလုံးသားမဲ့နေကြောင်းနားမလည်နိုင်ချေ။

“အစ်ကိုယန်ကသွားပြောနေတာပဲလေ။ ခဏတော့စောင့်လိုက်အုံး" ဝေ့ကျင်းကပြောလိုက်၏။

“ဟမ့်၊ ဒီမြွေအိုကြီးက တော်တော်ခေါင်းမာတယ်။  ခဏစောင့်၊ သူ့မုတ်ဆိတ်မွေးကို နှုတ်ပစ်လိုက်မယ်။ ပြီးတော့ ဆံပင်ကိုနူတ်ပစ်မယ်။ ပြီးရင် သူ့အောက်ခံဘောင်းဘီကို ချွတ်ပြီး မီးရှို့လိုက်မယ်!”  ကြက်ကလေးက ဒေါသများဖြင့် ပြည့်နေ၏။

ထိုအခါ လီတျန်းမင်က မျတ်လုံးပြူးကာ " ဟုတ်ပြီ။ ဆက်ကြွားလိုက်စမ်း"

ခဏကြာပြီးနောက် မုယန် ပြန်ရောက်လာခဲ့သည်။ ဝေ့တျန်းကန်ကမည်သူ့ကိုမျှ မ၀င်ရောက်ရန် တားမြစ်ထားသော်လည်း မုယန်က ထိုစည်းကမ်းများကို ဆန့်ကျင်ခဲ့သည်။  ထို့နောက် မိုးရေစံအိမ်အတွင်းသို့ရောက်လာကာ ဝေ့ကျင်း၏ အသက်အရွယ်ကြီးရင့်နေသော မျက်နှာကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများမှာ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora