သရုပ်မှန်ပေါ်သွားခြင်း
လွှသွားကျောပြင်မိကျောင်း ပြန်ရောက်လာခြင်းသည် လီတျန်းမင်အား အတော်လေး ပျော်ရွှင်အံအားသင့်သွားစေသည်။ ၎င်းက ပိုရန်လိုကြမ်းတမ်းလေ လီတျန်းမင်အတွက် ပိုလုံခြုံလေဖြစ်သည်။ လွှသွားကျောပြင်မိကျောင်းသည် လျူချင်းယန်အား သူခိုးဟုထင်နေခြင်းဖြစ်ရာ သူ့အား၎င်းက အစိတ်စိတ်အမွှာမွှာ ဖြဲပစ်ချင်နေသည်။ လီတျန်းမင်ကမူ အောက်ခြေတွင် ပုန်းနေလျှင် မည်သူ့ကမျှ သူ့အား တွေ့မည်မဟုတ်ပေ။
လျှပ်စီးအိမ်တော်သည် လွှသွားကျောပြင်မိကျောင်းအား စမ်းသပ်မှု၏ အစိတ်အပိုင်းအဖြစ် ထည့်သွင်းထားခြင်းဖြစ်သည်။ ထို့ကြောင့် လီရန်ဖန်းကဝင်ပါ၍မရပေ။ လျူချင်းယန်အတွက် အတော်လေးကြမ်းတမ်းသော တိုက်ပွဲဖြစ်ပေလိမ့်မည်။
" ဟမ့် အရူးကောင်ကွ " အပြင်မှ အသံများ ပိုကျယ်လာလေလေ လီတျန်းမင်သည်အနက်ပိုင်းသို့ ဆင်းသွားလေလေဖြစ်သည်။ ကြေးနီတွင်းနေရာကိုမူ ကြာကြာမရှာလိုက်ရပေ။
လီတျန်းမင်သည်အပေါ်ဘက်ရှိ ဆူညံပွက်လောရိုက်နေမှုများအား လစ်လျူရှုလိုက်ပြီးနောက်သော့ပေါက်ထဲသို့ နတ်သုဒ္ဓါအားထိုးထည့်လိုက်သည်။
" ကလပ် " ဟူသော မြည်သံနှင့်အတူ နတ်သုဒ္ဓါသည် သော့ပေါက်ထဲ သို့အံဝင်ခွင်ကျဝင်သွားသည်။ နတ်သုဒ္ဓါသည်အမှန်ပင် တွင်း၏သော့တံဖြစ်နေသည်။
" ဘာတွေဆက်ဖြစ်မှာလဲမသိဘူး " ကြက်ကလေးက သိချင်နေပြီဖြစ်သည်။
လီတျန်းမင်သည် သိချင်နေသော်လည်း သတိတောမလွတ်ချေ။ ဤတွင်း၏ အနောက်တွင် သူခန့်မှန်းနိုင်သည်ထက်ပိုသော ကြောက်မက်ဖွယ်ရာတစ်ခုခု ရှိရပေလိမ့်မည်။
သိပ်မကြာခင်မှာပင် ကျောက်ပြား၌ အက်ရာပေါ်လာပြီး အတွင်းပိုင်းကို မြင်လာရသည်။ ထို့နောက် လီတျန်းမင်သည် ထိုအတွင်းပိုင်းမှ အနက်ရောင်ဝဲတစ်ခုအားမြင်လိုက်ရကာ သူဘာမှမလုပ်နိုင်သေးခင်မှာပင် ထိုဝဲကသူ့အားစုပ်ယူသွားခဲ့သည်။
ထို့နောက် တွင်းဝမှာပြန်ပိတ်သွားသည်။ ၎င်းက ဘာမှမဖြစ်ခဲ့သည့်အလား ငြိမ်သက်နေခဲ့သော်လည်း လီတျန်းမင်ကမူပျောက်ကွယ်သွားပြီဖြစ်သည်။ လီတျန်းမင်အနေနှင့် ထိုတွင်းထဲမှထွက်မလာသ၍ နတ်သုဒ္ဓါအား သန့်စင်ရန် အချိန်များစွာရနေပေလိမ့်မည်။
BẠN ĐANG ĐỌC
သားရဲခေတ်၏အရှင်သခင် Vol.1
Viễn tưởngလီတျန်းမင်ဟာမီးတောက်ဝါမျိုးဆက်ကျောင်းတော်ကြီးရဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ဘဝရဲ့အချိုးကွေ့အပြောင်းအလဲတွေကြောင့် ချစ်သူရဲ့အကောက်ကြံခြင်းကိုခံခဲ့ရပြီးနောက် ဒုက္ခိတဖြစ်သွားပြီးတော့ ကျောင်းကနေနှင်ထုတ်ခံရပြီး နာမည်ပျက်လည်းပျက်ခဲ့ရပါတယ်။ လီတျန်းမင်ရဲ့ကံဆ...