မီးတောက်ဝါအဆင့်ဇယား!
လေးနှစ်တစ်ကြိမ်ကျင်းပသည့် စိတ်လှုပ်ရှားဖွယ်အဆင့်တိုက်ပွဲများသည် နောက်ဆုံးတွင် ရောက်ရှိလာပြီဖြစ်သည်။ခန်းမကြီးငါးခုမှ ကြီးကြပ်ရေးမှူးများသည် မီးတောက်ဝါမျိုးဆက်ကျောင်းတော်၏ အရေးပါမှုအားပြသသည့် ဤတိုက်ပွဲများအား ကိုယ်တိုင်ကြီးကြပ်ကွပ်ကဲမည်ဖြစ်သည်။ ဝင်ခွင့်စာမေးပွဲအတွက်မူ နည်းပြချုပ်များကသာ ကြီးကြပ်မည်ဖြစ်သည်။
ထို့နောက် ကြီးကြပ်ရေးမှူးငါးယောက်ကရောက်လာခဲ့ကြသည်။ ယခုနှစ်၌ အဆင့်တိုက်ပွဲများအား ဖီးနစ်ခန်းမမှတာဝန်ယူထားရ၍ တာဝန်ခံမှာ ဖီးနစ်ခန်းမ၏ကြီးရေးမှူးဝေ့ဇီခွန်းပင်ဖြစ်လေ၏။
"ငါဝေ့ဇီခွန်းနှင့်ကြီးကြပ်ရေးမှူးတွေက မင်းတို့တွေကိုကြိုဆိုပါတယ်" ထိုစကားအားပြောပြီးနောက် ဆူညံလာသည့် လက်ခုပ်သံများကြောင့် လူတိုင်းကမည်သည်အထိစိတ်လှုပ်ရှားနေကြကြောင်းမှာထင်ရှားလေ၏။
“အဆင့်တိုက်ပွဲတွေမစခင်မှာ ဒီနေ့ လာရောက်ကြည့်ရှုကြတဲ့ ဂုဏ်သရေရှိဧည့်သည်တွေကို ကျောင်းတော်ရဲ့ကိုယ်စားနွေးထွေးစွာ ကြိုဆိုပါတယ်။ ဧည့်သည်တွေရဲ့ရောက်ရှိနေခြင်းဟာ ကျုပ်တို့ရဲ့အဆင့်တိုက်ပွဲများကိုလည်း ဂုဏ်ကျက်သရေရှိစေပြီးတော့ တရားမျှတမှုအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ ဒီနေ့ဒီကို ဘယ်လိုဂုဏ်သရေရှိဧည့်သည်တွေ လာတယ်ဆိုတာ အားလုံးက မသိကြသေးတဲ့အတွက် သူတို့ကိုမိတ်ဆက်ပေးပါရစေ။"
ဂုဏ်သရေရှိဧည့်သည်များသည် သီးသန့်အခန်းများအတွင်း၌ ရှိနေသောကြောင့် ပရိသတ်များမှာမမြင်နိုင်ကြချေ။
"ပထမဆုံးအနေနဲ့ တော်ဝင်ဟင်္သါငှက်ကလန်ကဘုရင်ရွှမ်ကိုကြိုဆိုလိုက်ရအောင်။"
"မင်္ဂလာပါ ဘုရင်ရွှမ်" ဘုရင်ရွှမ်ကြွလာကြောင်းအား လူများကကြားသိလိုက်ရသောအခါ အလျင်အမြန်နှုတ်ဆက်လိုက်ကြသည်။ ဘုရင်ရွှမ်သည် ဟင်္သါပြဒါးနိုင်ငံဘုရင်မင်းမြတ်၏ညီအငယ်ဖြစ်ကာ တော်ဝင်မျိုးနွယ်၏ အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်များထဲတွင် ပါဝင်ခဲ့သည်။
YOU ARE READING
သားရဲခေတ်၏အရှင်သခင် Vol.1
Fantasyလီတျန်းမင်ဟာမီးတောက်ဝါမျိုးဆက်ကျောင်းတော်ကြီးရဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ဘဝရဲ့အချိုးကွေ့အပြောင်းအလဲတွေကြောင့် ချစ်သူရဲ့အကောက်ကြံခြင်းကိုခံခဲ့ရပြီးနောက် ဒုက္ခိတဖြစ်သွားပြီးတော့ ကျောင်းကနေနှင်ထုတ်ခံရပြီး နာမည်ပျက်လည်းပျက်ခဲ့ရပါတယ်။ လီတျန်းမင်ရဲ့ကံဆ...