သားရဲခေတ်၏အရှင်သခင် Chapter(16)

559 68 1
                                    

သရဲဝင်ပူးနေတာများလား?

လီတျန်းမင်သည် သူမရှိရာသို့မြန်နိုင်သမျှ မြန်အောင်ပြေးသွားလိုက်သည်။သူ့အနေဖြင့် မိန်းမလှလေးတစ်ဦးအား သူ၏အရှေ့တွင် သေသွားမည်အား ခွင့်မပြုနိုင်ပေ။
     
သစ်ပင်များကပင် ဝေဝါးသွားကာ ကြက်ကလေးမှာပြုတ်မကျသွားစေရန် လီတျန်းမင်အား ကုတ်တွယ်ထားရသည်။
    
"လီတျန်းမင်၊မင်းက ဒီလိုလူစားမျိုးလား။ နှာဘူးခွေးကောင်ကွာ...ချီးပဲ " ကြက်ကလေးမှာ လီတျန်မင်းအား ကျိန်ဆဲနေသည်။
   
ဤသို့ဖြင့်မိန်းကလေးနှင့် ပိုနီးကပ်လာကာ လီတျန်မင်းသည် မိန်းကလေး၏ ခမ်းနားသောအလှတရားအား မြင်တွေ့လိုက်ရသည်။ အထူးသဖြင့် သူမ၏ ကိုယ်တွင် ဝန်းရံနေသည့်မြူခိုးများကိုဖြစ်သည်။
   
ထိုနောက် မိန်းကလေးမှ လှပစွာပြုံးပြသည်အ မြင်လိုက်ရသည်။သူမ၏ ပါးချိုင့်လေးများနှင့်တောက်ပသောအပြုံးလေးများက လီတျန်းမင်၏မျက်လုံးထဲသို့ဝင်လာသည်။
     
သူမအနောက်မှ သားရဲရိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း လီတျန်းမင်ရောက်သွားသည်မှာကံကောင်းသွားသည်။လီတျန်းမင်သည် သူမ၏ သေးသွယ်သောခါးလေးအား ချက်ချင်းပင် ဆွဲပွေ့လိုက်သည်။
     
ထိုအခိုက်အတန့်မှာပင် သူမ၏ ခန္တာကိုယ်လေးသည် မီးခိုးများအလား ရုတ်ချည်ကြေမွ၍ ပျောက်ကွယ်သွားခဲ့သည်။
    
" ဘာလဲဟ " ကြက်ကလေး၏ သရဲမဟူသောစကားသည် မှန်ကန်သွားသည်လော။
    
လီတျန်းမင်သည် သူ၏ခွန်အားများတိုးလာသည်ဟုခံစားလိုက်ရသည်။သူသည် ရှေးဦးဆိုးသွမ်းသားရဲ၏ ကူညီမှုကြောင့် ထာဝရငရဲဖီးနစ်ခန္တာကိုယ်အား ပိုင်ဆိုင်ထားသဖြင့် ခွန်အားကြီးမားပြီးသားဖြစ်သည်။သို့တိုင်အောင် ထပ်မံ၍ခွန်အားကြီးလာခဲ့သည်။ထို့အပြင် သူ၏ ထာဝရငရဲဖီးနစ် သားရဲကီမှာ အရေအတွက်တိုးမလာသော်လည်း အရည်အသွေးပိုကောင်းလာခြင်းကြောင့် စွမ်းအင်များသည် ပေါက်ကွဲထွက်လာလေ၏။
  
လီတျန်းမင်သည် သူ့ကိုယ်ကို ငုံ့ကြည့်လိုက်သောအခါ သူ၏ခန္ဓာကိုယ်မှာ မိန်းကလေးကဲ့သို့မြူများရစ်ဆိုင်းနေကာ မီးပွင့်များထွက်ပေါ်နေသည်အားတွေ့လိုက်ရသည်။
   
"ဘာဖြစ်သွားတာလဲဟ "
       
" အစ်ကိုကြီးရေ....ရှောင်လိုက်ပါဦး "

သားရဲခေတ်၏အရှင်သခင် Vol.1Hikayelerin yaşadığı yer. Şimdi keşfedin