Chapter(139)

262 28 0
                                    

ကောင်းကင်သုခဘုံမှစစ်ဆေးရေးမှူးများ!

ကွဲအက်သွားသော ကောင်းကင်ပုံစံ အပိုင်းအစများသည် ပြန့်ကျဲနေသဖြင့် ၎င်းတို့၏ပတ်ဝန်းကျင်မှာပြောင်းလဲလာသည်။

ကျောရိုးတစ်ရာနတ်ဆိုး၏ အဆိပ်အားဖယ်ရှားလိုက်သောကြောင့် ထိုအချိန်၌ ကျန်းချင်လွမ်လည်းနိုးထလာခဲ့လေ၏။ ကျန်းဖေးလင်သည် စိတ်လှုပ်ရှားနေသော်လည်း ဤအချိန်သည် သူမ၏ဝိညာဉ်ပုံစံမှထွက်လာရန်သင့်တော်သည့်အချိန်မဟုတ်ချေ။

ကျန်းချင်လွမ်သည် သူမ၏မျက်လုံးများအားဖွင့်လိုက်သောအခါတွင် ဆယ်ကျော်သက်လူငယ်တစ်ယောက်၏ မှုန်ဝါးဝါးပုံရိပ်အား သူမမြင်လိုက်ရသည်။  သူသည် တောက်ပသော အပြုံးအားပြုံးထား၍ နေရောင်ထက်ပင် တောက်ပနေကာ မည်သူမဆို ချက်ချင်းပင်ကြွေသွားလောက်၏။

“ လီတျန်းမင်…” သူမသည် မြေပြင်ပေါ်၌ရှိနေဆဲဖြစ်သောကြောင့် လီတျန်းမင်က သူမ၏နောက်ကျော၌ ကျောက်တုံးတစ်တုံးအား တွန်းပေးကာ ကူညီပေးလိုက်၏။သည်။

"လင်အာရော နင်နဲ့ရှိနေလား"  ကျန်းချင်လွမ်က ပထမဆုံး မေးလိုက်သည် ။

"ငါဒီမှာရှိတယ်ချင်အာ....အစ်ကိုကြီးက နင့်ကို ကယ်ခဲ့တာ"  ကျန်းဖေးလင်သည် သူမ၏ ဝိညာဉ်ပုံရိပ်အား ကျန်းချင်လွမ်၏အရှေ့၌တစ်ခဏပေါ်လာစေကာ လီတျန်းမင်၏ခန္ဓာကိုယ်အတွင်းသို့ချက်ချင်းပင်ပြန်ဝင်သွားခဲ့၏။

“ငါ့ကိုကယ်လိုက်တာလား…” သူမသည်ခေါင်းရှုပ်နေပြီးနောက် ဖြစ်ပျက်ခဲ့သည်များအားသတိရသွား၏။

"ဟုတ်သားပဲ။ အဲဒီခွေးမမူချင်းချင်းဘယ်မှာလဲ။ သူက ဘယ်လိုတောင်သတ္တိတွေရှိပြီး ခရမ်းရောင်သွေးအမှတ်အသားကိုသုံးရဲနေတာလဲမသိဘူး။ အပြာလေးကရော ဘယ်မှာလဲ"  ကျန်းချင်လွမ်သည် ပတ်ပတ်လည်သို့ရှာကြည့်လိုက်သောအခါ သူမ၏ဘေး၌ ရှိနေသော အပြာရောင်ဟင်္သါမီးငှက်အားတွေ့လိုက်ရသဖြင့် စိတ်သက်သာရာ ရသွားသည်။  အဆိပ်အကြောင်းအား လီတျန်းမင်၏ရှင်းပြခြင်းအား နားထောင်ပြီးနောက် သူမသည် အပြာလေးအား အနားယူရန်အတွက် သူမ၏ အသက်နယ်မြေအတွင်းသို့ထည့်သွင်းလိုက်၏။ သူမသည် အားနည်းနေသေးပြီး လမ်းလျှောက်ရန်ပင် ခွန်အားမရှိပေ။

သားရဲခေတ်၏အရှင်သခင် Vol.1Kde žijí příběhy. Začni objevovat