Chapter(60)

391 43 4
                                    

ဘယ်သူကအဓိကတပည့်ဖြစ်လာမလဲ?

အဆင့်တိုက်ပွဲအတွင်း မရေမတွက်နိုင်သော တိုက်ပွဲများ ကြုံတွေ့ရဖွယ်ရှိသော်လည်း အဓိကတပည့်နေရာအား အဆုံးအဖြတ်ပေးသည့်တိုက်ပွဲ၏ အရေးပါမှုမှာ ကျန်တိုက်ပွဲအားလုံးထက်ပေါင်း၍ သာလွန်နေခဲ့သည်။ လီရှုဖန်းနှင့် လင်းရှောင်းရှောင်းတို့၏တိုက်ပွဲသည် ယနေ့ခေတ်၏အထွတ်အထိပ်တိုက်ပွဲဖြစ်နေပြီဟု လူတိုင်းကထင်ခဲ့ကြသည်။ သို့သော် လီတျန်းမင်ဟူသောမြင်းနက်သည် ချန်းရောင်အား တစ်ဖက်သက်အပြက်အသက်ဖြင့်အနိုင်ယူသွားခဲ့မည်ဟု မည်သူကမှမမျှော်လင့်ထားခဲ့ကြချေ။

လီတျန်းမင်သည် လီရှုဖန်းနှင့်ယှဥ်ကြည့်လိုက်လျှင် မီးတောက်ဝါအဆင့်ဇယား၏ပထမနေရာအားစိန်ခေါ်ရန်ပို၍ပင်သင့်တော်နေ၏။ 

လင်းရှောင်းရှောင်းသည် လီရှုဖန်းအားအနိုင်ယူပြီးနောက် လူအများစုကသူမအားအဓိကတပည့်နေရာအား ရတော့မည်ဟုမျှော်လင့်ထားကြသည်ဖြစ်ရာ လူအများစု၏တစ်ခုတည်းသောမေးခွန်းမှာ လီတျန်းမင်သည် မည်မျှအထိသွားနိုင်မည်နည်းဟုပင်။ လွန်ခဲ့သည့်သုံးနှစ်က ဟာသကောင်သည် ယနေ့၌မည်မျှအထိအောင်မြင်နိုင်မည်နည်း။ 

အဆင့်တိုက်ပွဲ၌ သူ၏အသက်အား ထည့်သွင်းစဉ်းစားမည်မဟုတ်သောကြောင့် မည်သူကမျှ ထိုအရာအား မေးခွန်းထုတ်မည်မဟုတ်သည့်အပြင် အရည်အချင်းအရ ၎င်းတို့နှစ်ဦးသည် ကမ္ဘာခြားနေခဲ့သည်။ လီတျန်းမင်ကအသက်ငါးနှစ်ပိုကြီးသော်လည်း အဝေးတစ်နေရာကမြို့ငယ်လေးမှ လာရောက်သူဖြစ်သည့်အပြင် လျှပ်စီအိမ်တော်မှပါရမီရှင်များအားယှဥ်ပြိုင်နိုင်သည်ဟုဆိုကတည်းကပေါ့သေးသေးမဟုတ်တော့ချေ။

လင်းရှောင်းရှောင်းသည် လီတျန်းမင်တို့၏တိုက်ပွဲအား အာရုံစိုက်နေခဲ့သောကြောင့် လီတျန်းမင်က ချန်းရောင်အား မည်ကဲ့သို့ လွယ်ကူစွာ အနိုင်ယူခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ လီတျန်းမင်သည် ဤအဆင့်တိုက်ပွဲ၌ တစ်ယောက်တည်းသောလမ်းပိတ်ထားသူဖြစ်ကြောင်း သူမသေချာသိသွားခဲ့သည်။ ဦးဆောင်သူအဆင့်ဇယားတွင်ထိပ်တန်းငါးဦးအဆင့်၏ပြင်ပမှ သူများသည် ချန်ရောင်အားမဖြက်ကျော်နိုင်ကြသောကြောင့် သူမနှင့်ယှဥ်ပြိုင်ရန်အခွင့်အရေးမရကြချေ။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora