Chapter(134)

261 37 2
                                    

ရွှေရောင်ဆူးလိပ်နှင့်ရေလွှမ်းနဂါးမှလွဲ၍ အခြားသားရဲနှစ်ကောင်သည် မူချင်းချင်း ၏အနောက်သို့လိုက်သွားကြသည်။  တစ်ချိန်က အသက်သားရဲများဖြစ်ကြသော အရှိန်နတ်ဖားပြုတ်နှင့် သက်တန့်ရောင်ရေခူဘုရင်မတို့သည်လည်း မူချင်းချင်း၏ထိန်းချုပ်မှုအောက်၌ရှိသောကြောင့် ယင်းမှာ ၎င်းတို့၏မူလသားရဲသခင်များသည် သူမ၏လက်၌ကျရှုံးသွားသည်ဟုဆိုနိုင်ပေ၏။

သို့သော်လည်း အပြာရောင်ဟင်္သါမီးငှက်သည် ထိုအုပ်စုအတွင်းတွင် မပါရှိချေ။  အကယ်၍ မူချင်းချင်းသည် သားရဲသခင်များအားသက်ကာ ၎င်းတို့၏ သားရဲများအား ကျွန်အဖြစ် စေခိုင်းနိုင်လျှင် ကျန်းချင်လွမ်အား သတ်ပြီးနောက် အပြာရောင်ဟင်္သါမီးငှက်အား သားရဲကျွန်အဖြစ်သိမ်းဆည်းထားနိုင်မည်ဖြစ်လေ၏။

အရှိန်နတ်ဖားပြုတ်နှင့် သက်တန့်ရောင်ရေခူဘုရင်မတို့သည် စိမ်းပြာရောင်နိုင်ငံမှ လီချင်းချန်နှင့် ဂူစုယူတို့၏အသက်သားရဲများဖြစ်ကြသည်။ အထူးသဖြင့် ရေခူအား သတိထားရပေမည်။ ၎င်းသည် အလယ်အလတ်ကြယ်ခုနစ်ပွင့်အဆင့်သားရဲတစ်ကောင်ဖြစ်သောကြောင့် ဂူစုယူအား ရှေးဟောင်းတိုက်ပွဲမတိုင်ခင်၌ စွမ်းအားအကြီးဆုံးပြိုင်ဘက်အဖြစ်သက်မှတ်ထားကြ၏။ ယခုမူ ကံကြမ္မာဆိုး၏ လှည့်ကွက်အောက် သူမ၏ ခန္ဓာကိုယ်သည် ယခုအခါ ငါးစာဖြစ်နေလောက်ပေပြီ။

သို့သော် ထိုအရာများသည် မူချင်းချင်း၏ပုံမှန်စရိုက်မှန်း လီတျန်းမင်သိနေ၏။ သူမသည် လက်ရှိအခြေအနေများကိုလည်း ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များဖြင့်ရယူထားခြင်းပင်။ ထိုသို့မဟုတ်လျှင် သူမသည် လျှပ်စီးအိမ်တော်သို့ဝင်နိုင်မည်မဟုတ်ချေ။ ယခု၌မူ သူမသည် ကောင်းကင်သုခဘုံသို့ လင်းရှောင်တင်းနှင့်အတူဝင်နိုင်ရန် ခရမ်းရောင်သွေးအမှတ်အသားအားသုံးကာ လက်ရှိသူမ၏အသက်ကိုပင်စွန့်စားနေလေ၏။ သူမတားမြစ်ထားသောနည်းစနစ်အား သူမအသုံးပြုထားသည့်အကြိမ်အရေအတွက်အားထည့်သွင်းစဉ်းစားကြည့်ပါက တားမြစ်နည်းစနစ်၏ဆိုးကျိုးများကြောင့်ပြန်လည်သက်သာရန် အချိန်တစ်နှစ်ခွဲခန့်လိုအပ်မည်ဖြစ်လေ၏။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora