သားရဲခေတ်၏အရှင်သခင် Chapter(8) B

577 62 0
                                    

သူမသည် လီရန်ဖန်း၏၏သတို့သမီးဖြစ်သူ လျှပ်စီးအိမ်တော်မှ လျူချင်းဖြစ်ပေသည်။

လီရန်ဖန်နှင့်အဆင့်တူဂုဏ်သရေရှဧည့်သည်များနှင့်အခြားသောမိန်းမများစွာရှိနေသော်လည်း လီရန်ဖန်းနှင့်လျူချင်းတို့လောက်အာရုံအစိုက်မခံရချေ။ရင်ပြင်ရှိဆယ်ကျော်သက်များအတွက်မူ လီရန်ဖန်းနှင့်လျူချင်းတို့၏အဆင့်သည် အိပ်မက်ထဲ၌သာထည့်မက်ရမည့်အဆင့်ဖြစ်လေ၏။ 

လီတျန်းမင်ပင်လျှင် သူမ၏ကျတ်သရေရှိမှုသည် လူအများကသူမအပေါ်မိန်းမောသွားစေလောက်သည်ဟုလက်ခံမိသော်လည်း သူမသည်လျှပ်စီးအိမ်တော်မှဟူသောအတွေးကြောင့် သူမအားရွံရှာနေဆဲပင်။

လီရန်ဖန်းနှင့်လျူချင်းတို့ရောက်ရှိလာခြင်းသည် မကြာမီ ရွေးချယ်ပွဲစတင်တော့မည်ဟုဆိုလိုခြင်းပင်။

"ရန်ဖန်းရေ..ဇီဖန်းကမီးတောက်ကောင်းကင်မြို့မှာပြိုင်ဘက်မရှိဘူးဆိုတာ တစ်ချက်ကြည့်ရုံနဲ့သိသာနေတာပဲ"လျူချင်း၏အသံမှာနူးညံချိုသာနေသည်။

"မီးတောက်ကောင်းကင်မြို့မှာတောင် သူကဒီလောက်ထိတိုးတက်လာနိုင်နေတာပဲလေ" ဟုလီရန်ဖန်းကပြန်ပြောလိုက်သည်။

"ရှင့်မှာ ကျောင်းတော်ကြီးကိုတောင်တက်နိုင်ပြီး လျှပ်စီးအိမ်တော်ကဘီလူးလေးကိုတောင်စော်ကားရဲတဲ့သားတစ်ယောက်ရှိတယ်လို့ကျွန်မကြားဖူးတယ်" လျူချင်းကမေးလိုက်သည်။

"သူ့ကို စိတ်ပူမနေပါနဲ့ကွာ။အဲ့ဒီကောင်ကဒုက္ခိတတောင်ဖြစ်နေပြီ"လီရန်ဖန်းသည် ထိုအကြောင်းအရာအားပြောချင်ပုံမပေါ်ချေ။

“အိုး၊ကျွန်မသိပြီ"လျူချင်းပြုံးလိုက်သည်။ 

လီရန်ဖန်းသည် အာရုံစိုက်လိုက်ကာ သူ၏လက်အားဝှေ့ရမ်းလိုက်၏။ထိုအခါ လက်ခုပ်သြဘာပေးသံများကြားတွင် တစ်စုံတစ်ယောက်က ထွက်လာကာ
"မီးတောက်ဝါမျိုးဆက်ကျောင်းတော်ရဲ့ ကျောင်းသားရွေးချယ်ပွဲစတင်ပါပြီ"

"ငါ့အလှည့်ပဲ!"

ရွေးချယ်ပွဲစတင်ချိန်တွင် သိမ်မွေ့လေညင်းရင်ပြင်၌ ပထမဆုံးခြေချသော ဆယ်ကျော်သက်လူငယ်သည် လူသိများသော်လူငယ်တစ်ဦးဖြစ်လေ၏။

သားရဲခေတ်၏အရှင်သခင် Vol.1Nơi câu chuyện tồn tại. Hãy khám phá bây giờ