သားရဲခေတ်၏အရှင်သခင် Chapter(51)

421 50 0
                                    

သူ့ကိုသက်!


"ခွေးသူတောင်းစား!"

လီတျန်းမင်ကစကားပြောနေစဥ် ရင်ဟောင်သည် ဝေ့ကျင်းဆီသို့ပျံသန်းသွားပြီဖြစ်လေ၏။ ရင်ဟောင်မှာဝေ့ကျင်းခံစားနေရသည်အားမြင်လိုက်ရသောအခါ သူ၏မျတ်လုံးများမှာ မီးဝင်းဝင်းတောက်နေခဲ့သည်။ ထို့နောက် သူ၏နူတ်သီးဖြင့် သွေးငရဲမျှော့အား ဆက်တိုက်သက်ဖြက်နေတော့၏။

သို့သော် ထိုသို့ပြုလုပ်ခြင်းသည် ဝေ့ကျင်း၏ခံစားနေရမှုများအားရပ်တန့်စေရန်မစွမ်းဆောင်နိုင်ချေ။ ေသွးငရဲမျှော့များသည် အစာစားနေစဥ် သားကောင်အားလေဖြန်းသွားစေတက်သည့် သွေးငရဲအဆိပ်များကိုပါ သားကောင်၏ခန္ဓာကိုယ်အတွင်း ထိုးသွင်းတက်ကြသောကြောင့်ပင်။ ထို့အပြင် သွေးငရဲမျှော့များသည် ဝေ့ကျင်း၏ပက်ပက်လည်၌ ပို၍ပင်များပြားလာခဲ့၏။ သွေးငရဲမျှော့ဘုရင်မအား မသက်နိုင်သရွေ့ သွေးငရဲမျော့များမွေးဖွားခြင်းသည် အဆုံးရှိတော့မည်မဟုတ်ချေ။

၎င်းသည် ဘုရင်မအမျိုးအစား အသက်သားရဲများထဲ၌ ဒုက္ခအပေးနိုင်ဆုံးသားရဲပင်ဖြစ်လေသည်။

"မင်းရဲ့ခေါင်းက အဝါရောင် ဝိညာဉ်ကျောက်တုံး တစ်ထောင်တန်တယ်။ ဒါကြောင့် မင်းရဲ့ခေါင်းကိုအသာတကြည်လေးအဖြက်ခံလိုက်" အနက်ရောင်ဝတ်လူက စကားစပြောလိုက်သည် ။ လူသတ်သမားများအနေဖြင့် စကားအများကြီးမပြောကြချေ။

ထိုလူသည် လီတျန်းမင်၏ ကြက်သွေးရောင်ဓားမြှောင်နှင့် ဆင်တူသည့် သွေးရောင်ဓားမြှောင်အား ကိုင်ဆောင်ထား၍ ၎င်းသည် အရည်အသွေးပိုမြင့်သည်မှာသေချာ၏။

အသက်အန္တရာယ်မှာ ကျရောက်လာပြီဖြစ်လေ၏။ ကြက်ကလေးသည်လည်း မျှော့များစွာဖြင့်ကပ်တွယ်ခံထားရသည့် ဝေ့ကျင်းအား ကာကွယ်ရင်းအလုပ်များနေသည်။ ထို့ကြောင့် လီတျန်းမင်မှာ အနက်ရောင်ဝတ်လူနှင့် သွေးငရဲမျှော့ဘုရင်မကိုပါရင်ဆိုင်ရလေတော့၏။

ထို့အချိန် အနက်ရောင်ဝတ်လူ၏ပုံသဏ္ဍာန်သည် မှုန်ဝါးသွားကာ သွေးငရဲဘုရင်မသည်လည်း ၄င်း၏ပါးစပ်ကြီးအားဖွင့်၍ လီတျန်းမင်၏နားစည်များပြင်ကွဲအက်သွားစေနိုင်သည့် ဟိန်းသံကြီးအားထုတ်လွှတ်လိုက်၏။ ထိုဟိန်းသံကြောင့် လီတျန်းမင်၏ စိတ်မှာကမောက်ကမဖြစ်သွားကာ အမြင်အာရုံများလည်းကမောက်ကမဖြစ်သွားရလေ၏။ ၎င်းသည် အသံအခြေခံ ဝိညာဉ်အရင်းအမြစ် စွမ်းရည်တစ်ခုဖြစ်၍ ခုခံရန်အခက်ခဲဆုံးဖြစ်ကာ ခံနိုင်ရည်ရှိရုံသာခုခံနိုင်သည်။ လီတျန်းမင်သည် သွေးငရဲမျှော့ဘုရင်မထံမှ ထိုကဲ့သို့သောစွမ်းရည်မျိုးအားမမျှော်လင့်ထားခဲ့ချေ။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora