Chapter(132)

255 34 1
                                    

ကြက်ကလေးက ကောင်းကင်ဘုံသို့တိုင် နဂါးအားစီးသွားသည်!

ကျန်းဖေးလင်နှင့် လီတျန်းမင်တို့သည် ပျံသန်းနိုင်ရန် နတ်ဘုရားအတောင်ပံများအားအသုံးပြုနိုင်ကြ၏။  ဆန့်ကျင်ဘက်အနေဖြင့် ရွယ်လင်ဂျီကမူ မပျံသန်းနိုင်ပဲ ခုန်ပျံကျော်လွှားကာတိုက်ခိုက်နေရသောကြောင့် သူမ၏တိုက်ခိုက်မှုမှာခရီးမတွင်လှချေ။

ထိုအခါ နှင်းမုန်တိုင်းနဂါးသည် ဒေါသတကြီးဖြင့် သူ၏ဝိဉာဥ်စွမ်းရည်ဖြစ်သော လေဓားမုန်တိုင်းအားထုတ်လွှတ်လိုက်သည်။  လီတျန်းမင်၏အနား၌ မရေမတွက်နိုင်သော လေဓားလှိုင်းများသည်ထွက်ပေါ်လာကြကာ ထိုလှိုင်းလုံးများသည် ကမ္ဘာကြီးအား ချက်ချင်းပင် လွှမ်းခြုံသွားလေ၏။

သို့သော် လေဓားသွားများ၏အရှိန်မှာ အချိန်နယ်မြေအောက်တွင် သိသိသာသာ ကျဆင်းသွားခဲ့သည်။ ထို့နောက် ကြက်ကလေးနှင့် လီတျန်းမင်တို့သည် မီးတောက်လျှပ်တစ်ပြက်အရိပ်အားသုံး၍ လေဓားသွားများအားရှောင်တိမ်းရင်းနဂါးကြီး၏အရှေ့သို့ရောက်ရှိလာကြလေ၏။

ရွယ်လင်ဂျီလည်း ထိုအချိန်၌ လီတျန်းမင်တို့အနားသို့ရောက်ရှိလာ၏။ သူမ၏ မုန်တိုင်းနှင့် နှင်းများပေါင်းစပ်ထားသော ဓားကီဖြင့် လီတျန်းမင်အားတိုက်ခိုက်ရန်ကြိုးစားလိုက်သည်။

"ဆင်းစမ်း!"  လီတျန်းမင်၏စကားကြောင့် ရင်ဟောင်သည် ရွယ်လင်ဂျီ၏ဓားကီအားပိတ်ဆို့ရန် သူ၏ငရဲချပ်ဝတ်အား စွမ်းအားမြင့်တင်လိုက်လေ၏။

ထို့နောက် ပေါက်ကွဲသံနှင့်အတူ ငရဲချပ်ဝတ်က ကွဲထွက်သွားသည်။  သို့သော်လည်း ကြက်ကလေးသည် လီတျန်းမင်ဆီသို့ ငရဲချပ်ဝတ်အား လိုအပ်သည့်အချိန်တိုင်းပို့ဆောင်ပေးနိုင်ပေသည်။

ထို့နောက် နဂါးသည် နှင်းများအား ထပ်မံ မှုတ်ထုတ်လိုက်ရာ  ကမ္ဘာကြီးမှာ အေးခဲသွားခဲ့သည်။  ၎င်းသည် နဂါး၏ အခြားဝိညာဉ်စွမ်းရည်ဖြစ်သည့် ရေခဲနယ်မြေဖြစ်လေ၏။

ဝမ်းနည်းစရာကောင်းသည်မှာ လီတျန်းမင်သည် သူ၏ငရဲချပ်ဝတ်အား ငရဲမီးများဖြင့်ဖွဲ့စည်းထားသောကြောင့် အအေးဒဏ်အားမခံစားရပဲ မီးနဂါးသံကြိုးသည် နဂါး၏ဦးခေါင်းအား အတားအဆီးမရှိပက်မိသွားလေတော့၏။

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now