သားရဲခေတ်၏အရှင်သခင် Chapter(15)

560 66 0
                                    

နတ်သမီးလေး!

ရက်ကန်းနီတောင် ပက်ဝန်းကျင်မှာ အလွန်ကြမ်းတမ်းလှကာ တောင်ကုန်းများ တောအုပ်များဖြင့်လွှမ်းခြုံနေကာ အန္တရာယ်ရှိသောသားရဲရိုင်းများ အဆိပ်ရှိသတ္တဝါများဖြင့်ပြည့်နေသည်။မရေမတွက်နိုင်သောသားရဲရိုင်းများနှင့် လူများ၏အလောင်းများသည် ရက်ကန်းနီတောင်၏မြေဆီလွှာအောက်နှင့်သစ်ရွက်ခြောက်များ၏အောက်တွင် ပြည့်နေသည်။ထိုနေရာ၌ ညအချိန်သည် ပို၍အန္တရာယ်များသည်။အမြင်အာရုံအားပိတ်ဆို့​နိုင်သည့်မြူများရှိကာ ထိုမြူများအတွင်းမှ အလစ်ဝင်တိုက်ခိုက်တက်သောသားရဲရိုင်းများက ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလေ၏။

လီတျန်မင်းမှာ တောင်ခြေ၌ နှစ်ရက်ခန့်နေ၍ ဝိညာဥ်ဆေးဝါးများအားစုစည်းနေလိုက်သည်။ယခုအချိန်တွင် သူ၏ကျင့်ကြံမှုကလဲ ပြန်ရနေပြီဖြစ်ရာ အတွင်းပိုင်းသို့ဝင်နိုင်နေပြီဖြစ်သည်။
      
"လောင်မီးမြို့မှာ  ဝိညာဥ်မြက်တွေရောင်းမလားပဲ။မရှိရင်တော့အဆင်မပြေဘူး။ဒါကြောင့်အခုကတည်းကကြိုပြီးများများလေးရှာထားရမယ်" လီတျန်းမင်သည်တီးတိုး ရေရွတ်လိုက်၏။လောင်မီးမြို့သည် ဟင်္သာပြဒါးနိုင်ငံ၏မြို့တော်ဖြစ်သည်။ မီးတောက်ဝါမျိုးဆက်သစ်ကျောင်း၊ လျှပ်စီးအိမ်တော်တို့သည် ထို့မြို့၌ရှိနေသည့်အပြင် နိုင်ငံအားအုပ်ချုပ်နေသည့် ဟင်္သာငှက်ကလန်ကလည်း ထိုနေရာ၌ရှိနေသည်။
     
လီတျန်းမင်မှာ နှစ်ရက်တိတိမရပ်မနားရှာဖွေခဲ့သော်လည်း ဝိညာဥ်မြက်တစ်ပင်ကိုသာတွေ့ခဲ့ရသည်။
      
" အတွင်းပိုင်းမှာ ဝိညာဥ်မြက်တွေ ပိုရှိနေပါစေကွာ " လီတျန်းမင်ဆုတောင်းလိုက်သည်။အတွင်းပိုင်းသာ် ပို၍ အန္တရာယ်များကာ အဆင့်မြင့်သားရဲသခင်များပင် မသွားရဲကြချေ။သားရဲရိုင်းများသည်အသက်သားရဲများအားအလွယ်တကူသက်ဖြက်ပစ်နိုင်လေ၏။အသက်သားရဲများသည် အသိဉာဏ်ရှိသော်လည်း သားရဲရိုင်းများကမူ အမဲလိုက်သတ်ဖြတ်ခြင်းကိုသာပြုလုပ်တတ်သည့် သတ္တဝါများဖြစ်ကြသည်။
   
" ဒါက မီးလင်ဇီးပဲ " သုံးရက်မြောက်နေ့တွင် လီတျန်းမင်နှင့်ရင်ဟော်တို့မှာ တောင်ကုန်းတစ်ခုပေါ်မှ မီးလင်ဇီးမှိုအား တွေ့လိုက်ရသည်။၎င်းသည် နေရောင်အောက်၌ တောက်ပစွာ လောင်ကျွမ်းနေသည်။
    
"ငါလုပ်လိုက်မယ် " ကြက်ကလေးသည် အတောင်အား တဖျက်ဖျက်ခတ်ရင်း တောင်ကုန်းပေါ်မှ မှိုပင်အား မျက်စိတစ်မှိတ်အတွင်းနှုတ်ယူလိုက်သည်။
    
" ပြေးဖို့ အချိန်ကျပြီ " နှုတ်ယူပြီးသည်နှင့် နှစ်ယောက်သား ဆုံးဖြတ်ချက်ခိုင်ခိုင်ချကာပြေးတော့သည်။ ဤကဲ့သို့ ရတနာများသည် အစောင့်အကြပ်သားရဲရှိတက်သည်မဟုတ်လော။ဝိညာဥ်ဆေးဝါးများသည့ သားရဲရိုင်းများကိုပင် အကျိုးရှိစေသော်လာ်း သတိထားရသည်။ ၎င်းတို့အားတိုက်ရိုက်မျိုချလိုက်ပါက သားရဲ၏ အတွင်းပိုင်း၌ လောင်ကျွမ်းကာသေဆုံးသွားရမည်ဖြစ်သည်။ဤကဲ့သို့ရတနာများ ကျန်ရှိနေရသေးခြင်းမှာ အစောင့်သားရဲက ဖြည်းဖြည်းချင်း စုပ်ယူနေ၍ဖြစ်သည်။
     
ကမ္ဘာကြီး၌ ဝိညာဥ်စွမ်းအားများနှင့်ပြည့်နှက်နေကာ မြေအောက်၌ ဝိညာဥ်စွမ်းအားများအားစုပ်ယူသည့် သတ္ထုရိုင်းများသည် ဝိညာဥ်သတ္ထုရိုင်းများဖြစ်သွားကြသည်။ ထို့အတူဝိညာဥ်စွမ်းအားများအားစုပ်ယူလိုက်သည့်အပင်များကလည်း ဝိညာဥ်ဆေးဝါးများဖြစ်သွားကြသည်။ဝိညာဥ်ဆေးဝါးများကလည်း ဝိညာဥ်သတ္ထုရိုင်းများနှင့်နည်းတူ ကောင်ကင်ပုံစံများရှိကာ အနီမှအဖြူထိ အဆင့်ကိုးဆင့်ရှိသည်။ အနီရောင်ကောင်းကင်ပုံစံမှာ အနိမ့်ဆုံးဖြစ်၍ အဖြူမှာ အမြင့်ဆုံးဖြစ်သည်။
     
" သန့်ရှင်းဝိညာဥ်မြက်မှာ အနီရောင် ကောင်းကင်ပုံစံတွေပဲရှိလို့ အဆင့်တစ်ဝိညာဥ်မြက်လို့ပြောလို့ရတယ်။ဒါတောင်မှ အများကြီးအသုံးဝင်နေသေးတာ " လီတျန်းမင်သည် မီးလင်ဇီအားကြည့်ရင်း ရေရွတ်နေသည်။မီးလင်ဇီးသည် လိမ္မော်ရောင်ကောင်းကင်ပုံစံများရှိသောကြောင့် အဆင့်နှစ်ဟု ခန့်မှန်း၍ရသည်။
      
" တော်တယ် " လီတျန်းမင်မှာမီးလင်ဇီးအားရောင်းချပါက ရရှိနိုင်မည့်ငွေကြေးပမာဏအားတွေးရင်း မီးလင်ဇီးတစ်ပိုင်းအား ကြက်ကလေးထံပစ်ပေးလိုက်သည်။
      
" မင်း ဘာလုပ်နေတာလဲ "
     
" ငလူးကောင်..ငါကဝိညာဥ်ကျောက်တုံးကိုတောင် ဒီတိုင်းမျိုနိုင်သေးတာပဲ။ဒါလေးကိုတောင် မစားနိုင်ဘူးထင်နေတာလား "
     
လီတျန်းမင်မသိလိုက်ခင်မှာပင် ကြက်ကလေးသည် မီးလင်ဇီးအားဝါးစားနေပြီဖြစ်သည်။
     
" ဝိုး၊ ငါလောင်ကျွမ်းနေပြီဟ " ကြက်ကလေးသည် စတင်၍ လောင်ကျွမ်းလာကာ လီတျန်းမင်၏ ဘေးပတ်ပတ်လည်တွင် ခုန်ဆွခုန်ဆွပြေးနေလေ၏။
     
" ထိတယ်ဟေ့။မိုက်တယ် " ထာဝရငရဲဖီးနစ်သည် အမှန်ပင် အံ့ဖွယ်သတ္တဝါဖြစ်ပေသည်။ဤကဲ့သို့သော စွမ်းအင်ပေါက်ကွဲမှုကိုပင်ခံနိုင်ရည်ရှိ၏။ကြက်ကလေးမှာ ထာဝရငရဲကျင့်စဥ်ဖြင့် မီးလင်ဇီးအား စတင်သန့်စင်လိုက်သည်။ အခြားသားရဲများဆိုလျှင် ဤသို့စားရဲမည်မဟုတ်ပဲ ဖြေးညှင်းစွာစုပ်ယူရမည်ဖြစ်ပေသည်။
     
"လီတျန်းမင်...ငါစိန်ခေါ်တယ်။ငါ့လိုမင်းစားရဲလား။ မင်းသတ္တိလည်းရှိမှာ မဟုတ်ပါဘူးကွာ " ကြက်ကလေးက လှောင်လိုက်သည်။
      
" ဟားဟား " လီတျန်းမင်ရယ်မောလိုက်သည်။သူ၏အစာအိမ်လောင်ကျွမ်းခံရခြင်းသည်ကား ပထမဆုံးအကြိမ်မဟုတ်တော့ချေ။
   
ထို့နောက် မီးလင်းဇီးအား ကိုက်ဝါးလိုက်သည်နှင့်၎င်းသည် ပျော်ဝင်သွားကာ အစာအိမ်အတွင်းသို့ လောင်ကျွမ်းကာဆင်းသွားသည်။ချော်ရည်များ မြိုချနေရသကဲ့သို့ လီတျန်းမင်ခံစားနေရလေ၏။
     
မီးလင်ဇီးသည် လိမ္မော်ရောင် ကောင်းကင်ပုံစံအားရရှိရန် နှစ်ပေါင်းများစွာဝိဉာဥ်စွမ်းအားများကို စုပ်ယူခဲ့ရသည်။ဤမွန်းစတားနှစ်ယောက်ကမူ ထားဝရငရဲခန္ဓာကိုယ်၏မီးဒဏ်ခံနိုင်ရည်ကြောင့် မီးလင်ဇီးအားတိုက်ရိုက်ဝါးမြိုရဲကြပေသည်။ သိပ်မကြာခင်မှာပင် လီတျန်မင်းလည်း မီးဘောလုံးတစ်ခုအလား တောက်လောင်လာလေ၏။
    
ဤသည်မှာ လီတျန်မင်းအတွက် ကျင့်ကြံရန်အခွင့်အရေးတစ်ခုလည်းဖြစ်လေ၏။ လီတျန်းမင်နှင့်ကြက်ကလေးတို့သည် စွမ်းအားများအားသန့်စင်ကာ ထာဝရငရဲသားရဲကီအဖြစ်ပြောင်းလဲရင်း သားရဲသွေးကြောများအားဖွင့်လိုက်ကြရာ သားရဲသွေးကြောအဆင့်ငါးသို့ရောက်သွားကြလေ၏။
    
လောင်ကျွမ်းမှုဒဏ်အား တောင့်ခံရင်း စွမ်းအားများကိုသန့်စင်နေရာ နာကျင်မှုများသည်လျော့ပါးလာ၍ သန့်စင်ခြင်းသည် တဖြည်းဖြည်းလွယ်ကူလာသည်။ထို့နောက် မကြာခင်မှာပင် စွမ်းအင်များအား လုံးဝသန့်စင်ပြီးသွားခဲ့သည်။ယခုအချိန်၌ နှစ်ယောက်စလုံးသည် သားရဲသွေးကြောအဆင့်ငါးသို့ရောက်သွားပြီဖြစ်လေ၏။
    
"အာ...မင်းနဲ့အတူကျင့်ကြံရတာ နှစ်ယောက်အတူတူအိပ်နေရသလိုပဲ...ရွှံစရာကောင်းလိုက်တာကွာ။မင်းနေရာမှာ မိန်းမလှလေးတစ်ယောက်သာဆိုဘယ်လောက်ကောင်းလိုက်မလဲ"ကြက်ကလေးသည် အဆင့်တက်ခြင်းမှာ သူ့အားစွမ်းအားများစွာရှိလာစေသော်လည်း ညီး​ငြူလိုက်သည်။
    
"မင်းကတောထဲကိုရောက်နေတာလေ..ကြက်ငတုံးရ။တွေ့မယ့်တွေ့သရဲမပဲတွေ့မှာပေါ့"
     
လီတျန်းမင်၏ သားရဲသွေးကြောအဆင့်ငါးသို့ရောက်သွားခြင်းသည် လွန်ခဲ့သောသုံးနှစ်က သူ၏စွမ်းအားများနှင့်ယှဥ်နိုင်သော စွမ်းအားများအားရလာစေခဲ့သည်။ထို့ကဲ့သို့လျှင်မြန်စွာရလာခြင်းသည် ရှေးဦးဆိုးသွမ်းသားရဲသွေးကြောင့်သာဖြစ်ပေ၏။
     
လက်ရှိ သူ၏ခွန်အားအရ လီဇီဖန်းအား မီးဒဏ်ခံနိုင်ရည်မပါပဲ အနိုင်ယူနိုင်ပြီဖြစ်၏။ သို့သော်လည်း သားရဲသွေးကြောအဆင့်ကိုးသို့ရောက်နေသည် လျူချင်းယန်ကိုတော့ အနိုင်ယူရန်မလုံလောက်သေးချေ။
     
မီးလင်ဇီးအား သန့်စင်ပြီးသည်နှင့်နှစ်ယောက်သားအတွင်းပိုင်းသို့ဆက်လက်၍ ခရီးဆက်လိုက်ကြသည်။လီတျန်းမင်သည် သူ၏လက်မှ ပတ်တီးစများအားဖြုတ်လိုက်ပြီး သူ၏တတိယမျက်လုံးအား ဖော်ထုတ်လိုက်သည်။၎င်း၏ မြင်ကွင်းသည် သူ၏အစစ်အမှန်မျက်လုံးနှစ်ခုထက် ကြည်လင်ကာပို၍အားကောင်းနေသည်။
     
" ငါ့ကို အဲ့လက်နဲ့မကြည့်စမ်းနဲ့ကွာ..ချီးထဲမှ " ကြက်ကလေးက တုန်ရီစွာပြောလိုက်သည်။
     
" ငကြောက် " လီတျန်းမင်သည် အမြဲတမ်းအလှောင်ခံနေရသည့်အလျှောက် ကြက်ကလေးအားလှောင်ရမည့် အခွင့်အရေးအား လက်လွှတ်မခံချေ။ ကြက်ကလေးကလည်း ပြန်ခံပက်မည်အပြုတွင် တော်လဲသံကြီးတစ်ခုထွက်ပေါ်လာသည်။၎င်းသည် သစ်ပင်ကြီးတစ်ပင် လဲကျသွားသည့်အသံမျိုးဖြစ်လေ၏။ ထိုအချိန်၌ မြေပြင်ကိုပင်တုန်ခါသွားစေသည့် သားရဲဟိန်းသံကြီးတစ်ခုပေါ်လာလေ၏။
    
" သားရဲရိုင်းပဲ " လီတျန်းမင်သည်အသံကြားသည်နှင့်ချက်ချင်းသိသွားခဲ့သည်။ အလိုဆန္ဒအတိုင်းသာလုပ်တက်ကာ ညဏ်ရည်မရှိသောသားရဲရိုင်းများ၏ အသံသည် အသက်သားရဲများနှင့်မတူပဲ သိသာထင်ရှားစွာကွဲပြားသည်။
    
ထို့ကြောင့် အဝေးသို့ပြေးမည်အပြုတွင် လီတျန်းမင်သည် သားရဲရိုင်း၏ဘက်သို့ကြည့်လိုက်မိရာ အံ့အားသင့်သွားလေ၏။
    
"ဟာ..ဟေ့ယောင်ရေ...သရဲမကြီးဟ " လီတျန်းမင်၏ ပုခုံးပေါ်ရှိ ရင်ဟော်မှာ သားရဲရိုင်းဘက်သို့ကြည့်ရင်း အလန့်တကြားထအော်လိုက်သည်။သားရဲရိုင်းကမူ ရင်ဟော် ကသရဲမဟု အော်လိုက်သည့်အရာအား လိုက်ဖမ်းရင်း အလုပ်များနေသည်။
      
"ဘယ်ကသရဲမတုန်း။အဲ့တာနတ်သမီးဟ...နတ်သမီး...လခွမ်းထဲမှပဲ "
    
လီတျန်းမင်သည် လောင်းမီးမြို့တွင် မူချင်းချင်းကဲ့သို့ အလှပဂေးများစွာအားတွေ့ခဲ့ရသည်။လောင်မီးမြို့သည်ဟင်္သာပြဒါး နိုင်ငံ၏ မြို့တော်ဖြစ်ကာအလှဆုံးသောမိန်းကလေးများရှိနေသည်။အချို့က ပါရမီကောင်း၍ အချို့ကနောက်ခံအင်အားကောင်းကြသည်။လျူချင်းကဲ့သို့ ယောကျ်ားများအား ရူးသွပ်စေနိုင်သည့် ကျက်သရေနှင့်ပြည့်စုံသည့် မိန်းမလှလေးများစွာလဲရှိသည်။
    
ထိုသို့အတွေ့အကြုံများရှိသော်လည်း လီတျန်းမင်မှာပြေးလွှားနေသည့် မိန်းကလေးအားကြည့်ရင်းရပ်တန့်သွားခဲ့သည်။သူမ၏ မှင်ကဲ့သို့နက်မှောင်၍ ပိုးသားကဲ့သို့ပျော့ပြောင်းသောဆံနွယ်ရှည်များသည် မြူခိုးများအကြား၌ လွင်မျောနေလေ၏။သူမ၏ မျက်နှာမှာ ညီညာသောဘဲဥပုံသဏ္ဍာန်ရှိကာ နှာတံ၊ပါးစပ်စသည်တို့၏ တည်ရှိပုံမှာ ပြီးပြည့်စုံသောအနုပညာရပ်တစ်ခုအလားပင်ဖြစ်နေသည်။အထူးသဖြင့် သူမ၏ မျက်လုံးများသည် အိမ်မက်ဆန်သောညတစ်ည၏ကောင်းကင်ကကြယ်စင်များအလားတောက်ပနေလေသာ်။
    
ထို့အပြင်သူမသည် သူမ၏သေးသွယ်သောခါးလေးအားပေါ်လွင်စေသော စိမ်းပြာရောင်စကပ်ရှည်အားဝတ်ဆင်ထားသည်။သူမ၏ အသားအရည်မှာ ကျောက်စိမ်းကဲ့သို့တောက်ပနေကာ ထိလိုက်သည်နှင့်ဒဏ်ရာရသွားမည့်နှယ် နူးညံ့လှသည်။သူမသည် အမှန်တစ်ကယ်ပင် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လားသည့် နတ်သမီးလေးဖြစ်နေသည်လော။
      
လီတျန်းမင် သတိအထားမိဆုံးမှာ တဖျက်ဖျက်တောက်ပနေသော သူမ၏ အရေပြားပေါ်ရှိမီးပွင့်လေးများပင်ဖြစ်သည်။သူမ၏အသားအရည်သည် အခြားသူများနှင့်မတူပဲ ကျောက်မျက်ရတနာကဲ့သို့လက်နေကာ အမှောင်ထဲ၌ အလင်းဖျော့ဖျော့အား ထုတ်လွှင့်နေ၏။၎င်းသည် သူမ၏ပတ်ပတ်လည်ရှိ မြူခိုးများအားတောက်ပနေစေသည်။လီတျန်းမင်သည် အလှကျက်သရေတစ်ခုတည်းဖြင့် ကမ္ဘာကြီးအားဦးညွှတ်သွားစေနိုင်သူအား တခါမျှမတွေ့ဘူးခဲ့ပေ။
     
ထိုမိန်းကလေးသည် တောတစ်ခုလုံးကိုပင် တောက်ပသွားစေကာ လီတျန်းမင်အား ကြုံတွေ့နေရသည့် အန္တရာယ်ကိုပင်မေ့သွားစေသည်။လူသားတစ်ယောက်သည် ဤမျှလောက် လှနိုင်မည်လော။
   
ထိုမိန်းကလေး၏အလှကြောင့် လီတျန်းမင်၏စိတ်အား ဗလာကျင်းသွားစေသည်။ သူ၏ရင်ထဲတွင်လည်း ထူးဆန်းသောခံစားချက်တစ်ခုပေါ်လာခဲ့သည်။သူတို့နှစ်ယောက်သည် ဤသို့လာဆုံရသည်မှာ လူအများပြောပြောနေသည့်ရေစက်ကြောင့်ပေလော။
      
"ငါဝန်ခံတယ်သားကြီးရာ..ငါတော့ချစ်မိသွားပြီ "ကြက်ကလေးပင် သူမ၏အလှအောက်တွင်ကျရှုံးသွားရသည်။
     
"သောက်ပေါက်ကရတွေပြောမနေနဲ့တော့။ ငါတို့ သူမကိုကယ်ရမယ်။"

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora