Chapter(135)

277 37 2
                                    

ရှေးဦးပရမ်းပတာမိုးကြိုးမိစ္ဆာ!

ဝေလနဂါးဘုရင်မှာ ဒေါသတကြီးဖြင့် တုံ့ပြန်ခဲ့သည်။

"မင်းကလည်း ပြောင်းလဲသွားပြီပဲ။ သနားစရာကောင်းလိုက်တာ။ မင်းကရွေးချယ်ပြီးပြီဆိုမှတော့ သူမနဲ့အတူ သေလိုက်ပေါ့"

လီတျန်းမင်သည် ဝေလငါး၏ဝိဉာဥ်စွမ်းရည်ဖြစ်သော အသူရာပင်လယ်အား လက်သီးတစ်ချက်ဖြင့်ဖြိုခွဲပစ်လိုက်ရာ ဝေလငါးသည် ချက်ချင်းပင် ရေထဲသို့ ပြေးသွားသည်။

တုန်တုန်ယင်ယင် ဖြူဖပ်ဖြူရော် မိန်းကလေးမှလွဲ၍ ကျန်သည့်အရာအားလုံးမှာ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ဝေလငါးကြီးသည် သူမဘေးကရေထဲ၌ ပြန်ပေါ်လာလေ၏။

“ပြေး!”

သို့သော် မူချင်းချင်းမှာတုတ်တုတ်မျှမလှုပ်ပဲ ရူးသွပ်စွာရယ်မောနေခဲ့လေ၏။

ထို့နောက် လီတျန်းမင်သည် နတ်ဘုရားအတောင်ပံများအားအသုံးပြုကာ မူချင်းချင်း၏အရှေ့သို့ဆင်းသက်လာခဲ့၏။

"ဘာရယ်​စရာရှိလို့လဲ"  လီတျန်းမင်၏ အသံသည် နတ်ဆိုးအသံထက်ပင် ပိုအေးစက်နေ၏။

"နင် ဘယ်လောက်ပဲ သန်မာနေပါစေ။ နင်ကသေကိုသေရမှာမို့လို့ငါကရယ်နေတာလေ။ နင်ငါ့ကို တုန်လှုပ်အောင်ဖြစ်ဖြစ် ငိုအောင်ဖြစ်ဖြစ် ဘယ်လိုလုပ်လုပ်အရေးမကြီးတော့ဘူး။ ဘယ်လောက်တောင်သနားစရာကောင်းလိုက်သလဲ" မူချင်းချင်း က ရယ်မောလိုက်သည်။

“အဲ့ဒီသတ္တိက ဘယ်ကနေရောက်လာတာတုန်း။  သေခြင်းတံခါးဝကိုရောက်နေတာတောင် အိပ်မက်မက်နေတုန်းပဲလား။  မင်းဒီလိုပြုမူနေလို့ မင်းကို ငါကသနားပြီး လွှတ်မယ်လို့ထင်နေလားကွ။ မှားတယ်။  ငါ့မျက်လုံးထဲမှာ မင်းဟာ ငါရှင်းပစ်ဖို့ လိုအပ်နေတဲ့ အဆိပ်အတောက်တစ်ခုအဖြစ်နဲ့ ထာဝရရှိနေမှာ!"  လီတျန်းမင်သည် သူမအား စေ့စေ့ကြည့်ကာ နှလုံးသားအတွင်းရှိ အမုန်းတရားများအားလျှော့ချရန်နှင့် မိုက်ဒက်စ်အား ကျေနပ်စေရန် သူမအား မည်ကဲ့သို့အကောင်းဆုံးသတ်ရမည်အား အဖြေရှာရန် ကြိုးစားနေပြီဖြစ်သည်။

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now