Chapter(63)

402 48 0
                                    

လောင်မီးမြို့ကြီးတောင်နင့်လေကြောင့်လွှင့်သွားနိုင်တယ်!

"ဒါပေါ့။ လင်အာအတွက်အစ်ကိုကြီးက အဓိကတပည့်ဖြစ်အောင်ကြိုးစားမယ် ဟုတ်ပြီလား"

"အစ်ကို​ကြီးကို လင်အာယုံတယ်" ကျန်းဖေးလင်က ချိုမြိန်စွာဖြင့် ပြောလိုက်သည်။

သို့သော် ကျန်းချင်လွမ်ကအော်ဟစ်လိုက်လေ၏။ "ဘာတုံး။ နင်ကအဲ့တောသားစကားကိုယုံနေတာလား။ နင့်လိုတောသားကအဓိကတပည့်ဖြစ်လာရင် လင်အာနဲ့နင့်အကြားမှာ ငါဘာမှဝင်မပါတော့ဘူး"

"တကယ်လား?" လီတျန်းမင်က စိတ်လှုပ်ရှားစွာပြောလိုက်သည်။

ထို့နောက် လီတျန်းမင်က ရယ်မောလိုက်သည်။ "ကောင်းပြီလေ။ စောင့်ကြည့်နေလိုက်"

"ဟမ့်၊ငါကြည့်နေမှာပါ" လူထောင်ပေါင်းများစွာအရှေ့၌ ချင်မင်းသမီးသည် လီတျန်းမင်အား မိုချိုးမျှစ်ချိုးပြောနေလေ၏။

လက်ရှိ လီတျန်းမင်၏ပုံစံကလည်း သေချာပေါက် မျက်စိကျစရာပင်။ သူသည် လင်မင်းသမီးနှင့် အလွန်ရင်းနှီးကာ သူမနှင့်စွမ်းရည်စမ်းသပ်မှုကိုပင်လုပ်လိုက်သေး၏။

လီတျန်းမင်ကလည်းသတိထားမိသည်။ ကျန်းဖေးလင်သည် သူနှင့်တွေ့ဆုံရန်အချိန်ကောင်းကိုမှရွေးချယ်ခဲ့ကာ သူမ၏နတ်ဘုရားအတောင်ပံများအားစမ်းသပ်ခဲ့၏။ သူသည် လူအများ၏ ကျိန်ဆဲခြင်းအား ခံနေရသောအခါတွင် သူမသည် မင်းသမီးလေးမှာ သူ့အားကူညီရန်တကူးတကရောက်လာခဲ့ခြင်းပေလော။

လီတျန်းမင်၏အရှေ့၌ ကျန်းဖေးလင်၏ချစ်စရာကောင်းနေသည့်အမူအရာများအား လူတိုင်းကမြင်နိုင်နေ၏။ ထို့ကြောင့် မည်သူကမှဟာသဝင်မလုပ်ရဲချေ။ 

"ဒီလိုသာဆိုရင်​ သူက တကယ်​ကိုချစ်စရာကောင်းလွန်းတယ်"  လီတျန်းမင်သည် သူ၏ရင်ဘတ်ထဲတွင် ကာလကြာရှည်စွာ ပျောက်ဆုံးသွားခဲ့သော နွေးထွေးမှုတစ်ခုအား ခံစားလိုက်ရသည်။

ကျန်းဖေးလင်မှာစိတ်မရှည်တက်သောမိန်းကလေးမဟုတ်ချေ။ အတင့်တိုက်ပဲဲပီးမှသူ့အားလာတွေ့၍ရကာ သူမ၏အဆင့်အတန်းဖြင့် မီးတောက်ဝါမျိုးဆက်ကျောင်းတော်၌ လီတျန်းမင်အားလာရောက်တွေ့ဆုံရန်ခက်ခဲမည်မဟုတ်ချေ။ ထို့ကြောင့်ယခုအချိန်၌ သူ့ဆီသို့လာရောက်တွေ့ဆုံခြင်းသည် သူ့အပေါ်၌ ကျန်းဖေးလင်၏ထောက်ထားမှုအားတွေ့မြင်နိုင်သည်။ 

သားရဲခေတ်၏အရှင်သခင် Vol.1Onde histórias criam vida. Descubra agora