Chapter(164)

272 36 1
                                    

သေရမယ်!

ဝေ့ချင်းနှင့်ခရမ်းရောင်လျှပ်စီးလင်းယုန်တို့က လင်းဟောင်နှင့်တိမ်လျှပ်စီးခြင်တို့ဖြင့် တိုက်ခိုက်နေစဥ် လူတိုင်းကစောင့်ကြည့်နေကြသည်။ လင်းဟောင်သည် လင်းရှန်နှင့် များစွာကွာခြားခြင်းမရှိချေ။  သို့သော်လည်း ဝေ့ချင်းမှာတိုက်ပွဲတစ်ခုတိုက်ပြီးသွားသော်လည်း သူ၏အထွတ်အထိပ်အခြေအနေ၌ရှိနေဆဲပင်။

ထို့ကြောင့် လင်းဟောင်သည် ဝေ့ချင်းအားထိပ်တိုက်ရင်ဆိုင်ရန် မရွေးချယ်ပဲ သွယ်ဝိုက်၍သာတိုက်ခိုက်နေလေ၏။သူ၏တိမ်လျှပ်စီးခြင်သည် အဆိပ်ဒြပ်စင်အမျိုးအစားဖြစ်သောကြောင့် အဆိပ်ငွေ့များအား မူတ်ထုတ်လိုက်သောအခါ ကောင်းကင်ပုံစံအစီအရင်ကြောင့် ဝေ့ချင်းသည် အဆိပ်ငွေ့များအကြား ပိတ်မိသွားလေ၏။ 

သို့သော် ဝေ့ချင်းသည် ကြောက်ရွံ့စိတ်မရှိသော ကျင့်ကြံသူတစ်ဦးဖြစ်လေ၏။ ထို့နောက် ကွင်း၏နေရာတိုင်းတွင် မိုးကြိုးများကလင်းလက်သွားကာ ခြင်မှုတ်ထုတ်လိုက်သောအဆိပ်များအားပြိုကွဲသွားစေသည်။

“ရွံစရာကောင်းလိုက်တဲ့ကောင်။ လင်းဟောင် မင်းကအသက်ကြီးနေပေမယ့် သတ္တိကကြောင်တုန်းပါလားကွဟေ။" ဝေ့ချင်း၏အသံမျာ ကျယ်လောင်လာသည်။

လင်းဟောင်သည် ဝေ့ချင်းအားချေမှုန်းရန် သူ၏နည်းဗျူဟာအား ဆက်လက်လုပ်ဆောင်နေသောကြောင့် အဆိပ်ငွေ့များသည် ပို၍ပင်များပြားလာလေ၏။

"လူယုတ်မာတွေက ငါ့ကိုတိုက်ခိုက်ဖို့ မထိုက်တန်ဘူး!" ဝေ့ချင်းသည် သူ၏ ဝိညာဉ်စွမ်းအားများအားအသုံးပြု၍ကောင်းကင်မှ လင်းယုန်ဆီသို့ခုန်တက်လိုက်၏။ ထို့နောက် မရေမတွက်နိုင်သောလျှပ်စီးကြောင်းများက သူ၏ပတ်ဝန်းကျင်၌စုစည်းလာကာ သူ၏ခန္ဓာကိုယ်အား ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားများကဝန်းရံထားလေ၏။

"ကျဆင်းစမ်း!" ထို့နောက် စစ်နတ်ဘုရားဝေ့ချင်းသည် ကောင်းကင်နှင့်မြေကြီးကိုပင်ခွဲထုတ်နိုင်သည့် အရှိန်အဟုန်ဖြင့် အောက်ဘက်သို့ ထိုးဆင်းလာလေ၏။

ထို့သို့ပြင်းထန်စွာတိုက်ခိုက်မှုသည် ပရိတ်သက်များကိုတုန်လှုပ်သွားစေလေ၏။

သားရဲခေတ်၏အရှင်သခင် Vol.1Hikayelerin yaşadığı yer. Şimdi keşfedin