Chapter(110)

306 41 0
                                    

လျှပ်စီးအိမ်တော်၊ လင်းရှောင်တင်း!

လောင်မီးမြို့၌ လာမည့်ရှေးဟောင်းတိုက်ပွဲအတွက်မျှော်လင့်စောင့်စားနေကြ ချိန်တွင် ရှစ်ရက်မှာလည်း လျှပ်တပြက်အတွင်း ကုန်ဆုံးသွားခဲ့သည်။  အမှန်၌ နိုင်ငံသုံးခုစလုံး၌ ဤကဲ့သို့ဖြစ်နေခြင်းပင်။ ကောင်းသားရဲတွင်း၌အရာအားလုံးသည် အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။ တပည့်များ၏ ဆွေးနွေးမှုများမှလွဲ၍ တိုက်ပွဲ၌ပါဝင်သူများမှာ တံခါးပိတ်ကျင့်ကြံနေကြသည်။ သားရဲတွင်း၏တစ်နေရာ၌ ကောင်းကင်ဆရာလျှူရွှယ်ရောင်နှင့် သူမ၏တပည့်များနေထိုင်သည့် ရွှယ်ရောင်စံအိမ်ရှိ၏။ ထိုအထဲမှ မူချင်းချင်းနေထိုင်သည်မှာ ရှောင်ချင်းအိမ်ဟုခေါ်သောအိမ်ကလေးပင်။

စံအိမ်၏အလယ်တွင် အေးချမ်းသောရေကန်တစ်ခုရှိ၍ နွေရာသီ၌ ကြာပန်းများပွင့်လေ့ရှိသည်။  တဲငယ်လေးတစ်ခုသည် ရေကန်၏ အလယ်ဗဟို၌ တဲငယ်လေးတစ်လုံးရှိကာ တဲငယ်လေးအတွင်းစားပွဲပေါ်၌ ကုချင်းတစ်ခုရှိနေ၏။ သို့သော် ယခုအချိန်တွင် ကုချင်း၏အရှေ့၌ထိုင်နေသူမှာ ကု၏ပိုင်ရှင်မဟုတ်ပဲလင်းရှောင်းရှောင်းဖြစ်လေ၏။ သူမသည် မေးစေ့ပေါ်သို့လက်တင်ထားကာ အတွေးယာဥ်ကြော၌မျောနေလေသည်။ ထိုစဥ် တံခါးခေါက်သံတစ်ခုကသူမ၏အတွေးများအားနှောင့်ယှက်လိုက်လေ၏။

"ရှောင်းရှောင်း ညီမလေးစောင့်နေရတာကြာသွားလား" မူချင်းချင်းက ညင်သာစွာပြောလိုက်သည် ။

"အစ်မချင်းချင်းက နောက်ဆုံးအထိအားစိုက်ကျင့်ကြံနေတာပဲလေ။ ညီမကမနှောင့်ယှက်ပါဘူး"

“အင်း..အစ်မလည်းကျင့်ကြံပြီးပြီ။ အစ်မတို့မီးတောက်ဝါစေတီမှာစုဝေးဖို့ အချိန်တစ်နာရီပဲကျန်တယ်" သူမ၏အမူအရာသည် တည်ငြိမ်နေလေ၏။ လာမည့် ရှေးဟောင်းတိုက်ပွဲသည် သူမ၏ယုံကြည်ချက်များအား အကျိုးသက်ရောက်ပုံမပေါ်ချေ။

"အစ်မချင်းချင်း...ညီမလေးစိတ်ပူတယ်။ လီတျန်းမင်အကြောင်းကြားပြီးပြီလား။ သူကဝေ့ဂေါင်ဟောင်ကိုတောင်အနိုင်ယူနိုင်ခဲ့တယ်"  လင်းရှောင်းရှောင်းကတင်းမာစွာပြောလိုက်၏။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora