သားရဲခေတ်၏အရှင်သခင် Chapter(17) B

520 61 0
                                    

" ငါတို့ နောက်ထပ်တွေ့ရဦးမယ်ဆိုတာ သေချာပါတယ်လေ " လီတျန်းမင်သာ် သူမတို့အား ရှာမတွေ့မည်ကို မစိုးရိမ်ပေ။ ချင်အာမှာ သူမ၏ခွန်အားကြောင့်လောင်မီးမြို့၌ကျော်ကြားမည်မှာသေချာသည်။ထို့အပြင် နောင်တစ်ချိန်၌သူအခြေချမည့်နေရာကလည်း လောင်မီးမြို့ပင်ဖြစ်လေရာ စိုးရိမ်စရာမဟုတ်တော့ချေ။
      
ထို့နောက် လီတျန်မင်သည် ကြက်ကလေးအား ပြန်၍ဆင့်ခေါ်လိုက်သည်။
      
" လီတျန်းမင်...ခွေးကောင်...မင်းဘာလို့ ငါ့ကိုဝှက်ထားတာလည်း။ မင်းဘယ်လိုအရာမျိုးကိုလုပ်လိုက်မိလည်းသိရဲ့လား။ ယုံတောင်မယုံနိုင်ဘူးကွာ..ချီးထဲမှ။ငါ့ကိုယ်ငါ မင်းရဲ့အသက်သားရဲလို့ပြောရမှာတောင်ရှက်တယ်ကွသိလား။" ကြက်ကလေးသည် ထွက်လာသည်နှင့်တရစပ်ပြောလေတော့၏။
    
" ငါက မင်းအတွက် အဲ့လိုမျိုးလားကွဟေ "
     
" မင်းရဲ့ဘောင်းဘီထဲ လက်နှိုက်တာတောင် ငါကမြင်ခဲ့ပြီးပြီလေကွာ . . . . "
    
" တိတ်စမ်း။ ငါမင်းကိုညစ်သက်မိတော့မယ် "လီတျန်းမင်မှာ မိန်းကလေးနှစ်ဦးထွက်သွားကတည်းက စိတ်ပျက်လက်ပျက် ဖြစ်နေခြင်းဖြစ်ရာ အော်ငေါက်မိလိုက်လေ၏။
     
"ထွီ...မင်းရဲ့ကလေးတွေ ဖင်မပါလာစေနဲ့လို့ ငါကျိန်တယ်ကွ "
     
" ဒါဆိုမင်းတစ်သက်လုံး တစ်ယောက်ထဲနေသွားရပါစေလို့ ငါကကျိန်တယ်ကွာ "
     
" မင်းရဲ့ငယ်ပါပြုတ်ကျသွားပါစေလို့ ငါကကျိန်မယ်ကွ...ချီးပဲ "
    
လူသားနှင့်ငှက်တို့မှာ မရပ်မနား ငြင်းခုံကျိန်ဆဲနေကြသည်။ သို့သော်လည်း သန့်ရှင်းသောဝိညာဥ်မြက်အား ရှာဖွေခြင်းကိုတော့ရပ်နားခြင်းမရှိချေ။ လီတျန်မင်းမှာ သန့်ရှင်းသောဝိညာဥ်မြက်တစ်ခုထဲသာရသေးရာ ထပ်မံ၍ လိုအပ်နေသေးသည်။
  .   .   .   .
     
လီတျန်းမင်သည် တောထဲ၌ နှံ့နှံ့စပ်စပ်ရှာဖွေနေသည်မှာ သုံးရက်တိုင်တိုင်ကြာခဲ့ပြီဖြစ်သည်။ သစ်ပင်များမှာ မြင့်မားရှည်လျား၍ မြေပြင်တွင်မူ သစ်ရွက်ခြောက်များကဖုံးလွှမ်းနေသည်။ ထိုသို့သော နေရာဒေသမျိုး၌ အဆိပ်ရှိသတ္တဝါများက ပေါများလှသည်။
    
လီတျန်းမင်သည် သန့်ရှင်းသောဝိညာဥ်မြက်များအား ထပ်မတွေ့ရသော်လည်း အခြား ဝိညာဥ်ဆေးပင်များကိုတော့ ရရှိခဲ့သည်။ထို ဝိညာဥ်ဆေးပင်များသည် ရက်ကန်းနီတောင်၏ အရေးပါသော အရင်းအမြစ်များဖြစ်ကြသည်။ ၎င်းတို့အနားတွင် သားရဲရိုင်းကြီးများ၊ အဆိပ်ရှိသတ္တဝါများက စောင့်ကြပ်နေခဲ့သည်။
    
လီတျန်းမင်တို့သည်နေရောင်အားစုပ်ယူကြီးထွားသည့် မီးအမျိုးအစားသဘာဝဆေးပင်များကိုမူ တိုက်ရိုက်ပင် ဝါးမျိုခဲ့သည်။ ၎င်းတို့သည် မီးတောက်ကောင်းကင်မြို့အတွင်း၌နေတုန်းကထက်ပို၍ ကျင့်ကြံခြင်းအား မြန်စေလေသည်။
    
အတိတ်တုန်းက သူသည် သားရဲသွေးကြောအဆင့်ငါးသို့ရောက်ရန်ပင် နှစ်များစွာကြာခဲ့သော်လည်း ယခုမူ ရက်နှစ်ဆယ်ကျော်သာအချိန်ယူခဲ့ရသည်။ရှေးဦးဆိုးသွမ်းသားရဲများ၏ အားသာချက်မှာ ၎င်းတို့မွေးဖွားလာစဥ်ကပင် ကြီးကျယ်သောအရှိန်အဟုန်တင်သာမက ၎င်းတို့သည် ပါရမီနှင့်ကံကောင်းမှုများအားခံစားကြရသည်။ယခုအချိန်၌ သူတို့သည် ထာဝရငရဲဖီးနစ်ငှက်စွမ်းအား၏ တစ်သောင်းပုံတစ်ပုံပင် မထုတ်ဖော်နိုင်သေးပေ။
    
" သန့်ရှင်းသောဝိညာဥ်မြက်ပဲ "

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora